Local News

ယနေ့မနက် မိသားစုလိုက်ဘုရားဖူးသွားတဲ့ တောင်တက်ကားတစီးကို အမည်မသိလူတစ်စုမှ… See more

ပုဂံဒေသရဲ့စွယ်တော်လေးဆူထဲမှာပါတဲ့ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်ဘုရားကို ဘုရားဖူးသွားတဲ့ကားတစီး ပစ်ခတ်ခံရပြီး အသက် ၆၉ နှစ်အရွယ်အမျိုးသားတဦးသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၇ ရက်နေ့မနက် အစောပိုင်းမှာ ဒေသခံဧည့်လမ်းညွှန်အပါအဝင် လူ ၈ ယောက်ဟာ ပုဂံတဖက်ကမ်းမှာရှိတဲ့ တန့်ကြည်တောင်ဘုရားဖူးသွားချိန် တောင်တက်ကားပေါ်မှာ ပစ်ခတ်ခံရတာဖြစ်ကြောင်း၊ ပစ်ခတ်ခံရပြီး ဆေးရုံကိုပို့ဆောင်နိုင်ခဲ့ပေမယ့် သေဆုံးသွားတယ်လို့သိရပါတယ်။

“ဘုရားဖူးသွားကြတယ်၊အတက်ပဲရှိသေးတယ် စစတက်ခြင်းပဲရှိသေးတယ်၊ သူတို့အပစ်ခံလိုက်ရတယ်ပေါ့။အဲ့ဒီဘက်မှာ ဆေးကုသဖို့မလွယ်လို့ ဒီဘက်ကမ်းကိုပြန်သယ်လာကြတယ်၊ အဲ့ဒီဘက်ကိုတော့ သူတို့ကားနဲ့သွားလို့မရဘူး။

ဒီဘက်ကနေ စက်လှေနဲ့သွားရတယ်၊စက်လှေနဲ့ဒီဘက်ကမ်းကနေပို့ ဟိုဘက်ကမ်းရောက်တော့မှ စက်လှေဂိတ်ကနေပဲ တောင်ပေါ်ကိုပို့တဲ့ကားတွေရှိတယ်။ကားအသင်းတွေရှိတယ်၊ကားအသင်းကကားငှားပြီးတက်မှာပေါ့။

ဟိုဘက်ကမ်းမှာသွားချိန် ပစ်ခံရတယ်၊အားလုံးပေါင်းဒီဘက်က ဂိုက်ရောဆို၈ယောက်ပါတယ်ပြောတယ်။ “လို့ ပုဂံဒေသခံတဦးကပြောပါတယ်။ပစ်ခတ်ခံရပြီး သေဆုံးသူဟာ ကားခေါင်းခန်းထဲမှာ ယာဉ်မောင်းနဲ့အတူ စီးနင်းခဲ့သူဖြစ်ပြီး ရင်ဘတ်ကိုသေနတ်ထိမှန်ခဲ့တာဖြစ်ပါတယ်။

ကျန်တဲ့သူတွေအနေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတော့မရှိဘူးလို့သိရပြီး အဲ့ဒီဘုရားဖူးသူတွေဟာ မြိတ်ဘက်ကလို့သိရပါတယ်။

အဲ့ဒီပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကို ထုတ်ပြန်တာမျိုးမရှိသေးဘဲ ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ စစ်တပ်နဲ့ရဲကတော့ စုံစမ်းစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

Credit Original writer

ပုဂံေဒသရဲ့စြယ္ေတာ္ေလးဆူထဲမွာပါတဲ့ ပခုကၠဴၿမိဳ႕နယ္၊ တန႔္ၾကည္ေတာင္ဘုရားကို ဘုရားဖူးသြားတဲ့ကားတစီး ပစ္ခတ္ခံရၿပီး အသက္ ၆၉ ႏွစ္အရြယ္အမ်ိဳးသားတဦးေသဆုံးမႈ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ဒီကေန႔ ဇြန္လ ၇ ရက္ေန႔မနက္ အေစာပိုင္းမွာ ေဒသခံဧည့္လမ္းညႊန္အပါအဝင္ လူ ၈ ေယာက္ဟာ ပုဂံတဖက္ကမ္းမွာရွိတဲ့ တန႔္ၾကည္ေတာင္ဘုရားဖူးသြားခ်ိန္ ေတာင္တက္ကားေပၚမွာ ပစ္ခတ္ခံရတာျဖစ္ေၾကာင္း၊ ပစ္ခတ္ခံရၿပီး ေဆး႐ုံကိုပို႔ေဆာင္နိုင္ခဲ့ေပမယ့္ ေသဆုံးသြားတယ္လို႔သိရပါတယ္။

“ဘုရားဖူးသြားၾကတယ္၊အတက္ပဲရွိေသးတယ္ စစတက္ျခင္းပဲရွိေသးတယ္၊ သူတို႔အပစ္ခံလိုက္ရတယ္ေပါ့။အဲ့ဒီဘက္မွာ ေဆးကုသဖို႔မလြယ္လို႔ ဒီဘက္ကမ္းကိုျပန္သယ္လာၾကတယ္၊ အဲ့ဒီဘက္ကိုေတာ့ သူတို႔ကားနဲ႔သြားလို႔မရဘူး။

ဒီဘက္ကေန စက္ေလွနဲ႔သြားရတယ္၊စက္ေလွနဲ႔ဒီဘက္ကမ္းကေနပို႔ ဟိုဘက္ကမ္းေရာက္ေတာ့မွ စက္ေလွဂိတ္ကေနပဲ ေတာင္ေပၚကိုပို႔တဲ့ကားေတြရွိတယ္။ကားအသင္းေတြရွိတယ္၊ကားအသင္းကကားငွားၿပီးတက္မွာေပါ့။

ဟိုဘက္ကမ္းမွာသြားခ်ိန္ ပစ္ခံရတယ္၊အားလုံးေပါင္းဒီဘက္က ဂိုက္ေရာဆို၈ေယာက္ပါတယ္ေျပာတယ္။ “လို႔ ပုဂံေဒသခံတဦးကေျပာပါတယ္။ပစ္ခတ္ခံရၿပီး ေသဆုံးသူဟာ ကားေခါင္းခန္းထဲမွာ ယာဥ္ေမာင္းနဲ႔အတူ စီးနင္းခဲ့သူျဖစ္ၿပီး ရင္ဘတ္ကိုေသနတ္ထိမွန္ခဲ့တာျဖစ္ပါတယ္။

က်န္တဲ့သူေတြအေနနဲ႔ ထိခိုက္ဒဏ္ရာရရွိမႈေတာ့မရွိဘူးလို႔သိရၿပီး အဲ့ဒီဘုရားဖူးသူေတြဟာ ၿမိတ္ဘက္ကလို႔သိရပါတယ္။

အဲ့ဒီပစ္ခတ္ခံရမႈနဲ႔ပတ္သက္ၿပီး ဘယ္အဖြဲ႕ကလုပ္တယ္ဆိုတာကို ထုတ္ျပန္တာမ်ိဳးမရွိေသးဘဲ ပစ္ခတ္ခံရမႈနဲ႔ပတ္သက္ၿပီးေတာ့ စစ္တပ္နဲ႔ရဲကေတာ့ စုံစမ္းစစ္ေဆးတာေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

Credit Original writer