Local News

ဖခင်ဖြစ်သူမှ ထမင်းစားမည်ပြောသဖြင့် ထမင်းခူးပေးပြီးနောက်တွင် သမီးမှ အိမ်အောက်သို့ ဆင်းမည်ပြုစဉ်… See more

ပဲခူးတိုင်းဆွာမြို့နယ်တွင် ဖခင်က သမီးငယ်ကို သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူခဲ့ကြောင်းသိရသည်။တောင်ငူခရိုင် ဆွာမြို့မြောက်ပိုင်း ရှမ်းရွာကျေးရွာ ရာအိမ်မှူးက သက်ဆိုင်ရာ သို့တိုင်ကြားရာတွင်

၎င်းရွာတွင်နေထိုင်သူ အမျိုးသမီးငယ်မှာ အနေအထိုင်ပုံသဏ္ဍာန်ပျက်ယွင်းနေ သဖြင့် ၎င်း၏ဖခင် မရှိခိုက် အိမ်နီးချင်းများက ဆီးစစ်ကြည့်ရာ ကိုယ်ဝန်ရှိကြောင်းသိရသဖြင့် မေးမြန်းခဲ့သည်။

မေးမြန်းချက်အရ ရက်မမှတ်မိသည့် ည ၈ နာရီ အချိန်ခန့်တွင် ၎င်းတစ်ဦးတည်းနေ အိမ်တွင် ရှိနေစဉ် ဖခင် သိန်းဇော်ဝင်း (၃၇ နှစ်) အပြင်မှ အရက်မူးပြီး ပြန်ရောက်လာပြီး ထမင်းစားမည်ပြောသဖြင့်

ထမင်းခူးပေးခဲ့ပြီး အိမ်အောက်သို့ ဆင်းမည်ပြုစဉ် နေအိမ်ခန်းအတွင်း လက်ဆွဲခေါ်ယူကာ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ၊ အဆိုပါကိစ္စကိုမည်သူမျှမပြောရန် ပြောဆိုခဲ့ပြီးနောက် သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဆွာနယ်မြေရဲစခန်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။

Credit Original writer

Zawgyi

ပဲခူးတိုင္းဆြာၿမိဳ႕နယ္တြင္ ဖခင္က သမီးငယ္ကို သားမယားျပဳက်င့္ခဲ့သည္ဆိုမႈကို သက္ဆိုင္ရာက အမႈဖြင့္ အေရးယူခဲ့ေၾကာင္းသိရသည္။ေတာင္ငူခရိုင္ ဆြာၿမိဳ႕ေျမာက္ပိုင္း ရွမ္းရြာေက်းရြာ ရာအိမ္မႉးက သက္ဆိုင္ရာ သို႔တိုင္ၾကားရာတြင္

၎ရြာတြင္ေနထိုင္သူ အမ်ိဳးသမီးငယ္မွာ အေနအထိုင္ပုံသ႑ာန္ပ်က္ယြင္းေန သျဖင့္ ၎၏ဖခင္ မရွိခိုက္ အိမ္နီးခ်င္းမ်ားက ဆီးစစ္ၾကည့္ရာ ကိုယ္ဝန္ရွိေၾကာင္းသိရသျဖင့္ ေမးျမန္းခဲ့သည္။

ေမးျမန္းခ်က္အရ ရက္မမွတ္မိသည့္ ည ၈ နာရီ အခ်ိန္ခန႔္တြင္ ၎တစ္ဦးတည္းေန အိမ္တြင္ ရွိေနစဥ္ ဖခင္ သိန္းေဇာ္ဝင္း (၃၇ ႏွစ္) အျပင္မွ အရက္မူးၿပီး ျပန္ေရာက္လာၿပီး ထမင္းစားမည္ေျပာသျဖင့္

ထမင္းခူးေပးခဲ့ၿပီး အိမ္ေအာက္သို႔ ဆင္းမည္ျပဳစဥ္ ေနအိမ္ခန္းအတြင္း လက္ဆြဲေခၚယူကာ သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္း ၊ အဆိုပါကိစၥကိုမည္သူမၽွမေျပာရန္ ေျပာဆိုခဲ့ၿပီးေနာက္ သားမယားအျဖစ္ ထပ္မံျပဳက်င့္ခဲ့ေၾကာင္း ေျပာျပသိရသျဖင့္ အေရးယူေပးရန္တိုင္ၾကားခဲ့သည္။

ဆြာနယ္ေျမရဲစခန္း ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ အရ အမႈဖြင့္ အေရးယူထားသည္။

Credit Original writer