Local News

ဝမ်းနည်းစရာ ကောင်းလောက်အောင် အလွဲကြီးလွဲနေတဲ့ မြန်မာပြည် ပညာရေးစနစ် (ဘယ်လိုပြင်ကြမှာလဲ)

ျမန္မာျပည္မွာ စာသင္တယ္။ စာအုပ္ေအာက္ျပဳတ္က်ရင္ စာမရမွာေၾကာက္လြန္းလို႔ စာအုပ္ကို ကန္ေတာ့ၾကတဲ့ ကေလးေတြ ဘြဲ႕ရလာၾကေပမယ့္ ေတာ္သင့္႐ုံဘဲ တတ္သြားၾကတယ္။

စာအုပ္ထဲ ရွိၿပီးသားစာေတြကို မွတ္စုကူးၿပီး ၏/သည္မေရြးက်က္ရတဲ့နိုင္ငံမွာ ပထဝီေတြ သမိုင္းေတြအလြတ္သာက်က္ခဲ့ရတယ္ ေမးလိုက္တဲ့ခါ အမ္.. အင္.. ဟုတ္မယ္.. အဲ့လိုေလးေတြနဲ႔ၿပီးခဲ့တယ္.. ေခါင္းထဲမေရာက္ခဲ့ၾကဘူး။

သိပၸံဘာသာရပ္ေတြကို လက္ေတြ႕မဝင္မေလ့လာခဲ့ဘဲ ဘြဲ႕ရခဲ့တဲ့ဆရာေတြက သိပၸံဘာသာရပ္ကို Definition မွာ ‘s’တစ္လုံးက်န္ရင္ အမွတ္ေလၽွာ့ဖို႔ မွင္နီကိုင္ၿပီးေစာင့္ေနၾကတယ္။

နိုင္ငံတကာက ကေလးေတြ စက္႐ုပ္တီထြင္ ေဆာ့ဝဲလ္ ေရးေနၾကခ်ိန္မွာ ဒီမွာေတာ့ အဂၤလိပ္စာ ညံ့လြန္းလို႔ Definition တစ္ေၾကာင္းကို နာရီဝက္ေလာက္က်က္ေနရၿပီး ဒါေမးဒါေျဖကိုေတာင္ ေသာက္ေသာက္လဲက်ေနၾကတယ္..

ဘာမွမသင္တဲ့ေက်ာင္းေတြမွာ ေက်ာင္းေခၚခ်ိန္မျပည့္ရင္ ရစ္မွာစိုးလို႔ ေန႔တိုင္းသြားထိုင္ေနရတယ္.. တကယ္စာသင္ေပးတဲ့ေနရာေတြကိုေတာ့ ေငြေပးၿပီးသင္ေနရတယ္။ ဒါေပမယ့္ ‘အခမဲ့ပညာေရးစနစ္’ လို႔ ေႂကြးေၾကာ္ေနၾကတယ္။

တကယ္စာသင္ရမယ့္ ဆရာေတြဆရာမေတြက ႐ုံးခန္းနဲ႔ ၿမိဳ႕နယ္႐ုံးကို စာရြက္စာတမ္းေတြကိုင္ၿပီး သြားခ်ည္လာလွည့္လုပ္ေနရတယ္။

တခ်ိဳ႕က ဂိတ္ေပါက္မွာ ဘာတာဝန္မွန္းမသိတာကို တာဝန္ဆိုၿပီးထိုင္ေနရခ်ိန္မွာ တခ်ိဳ႕က ေက်ာင္းသားေတြရဲ့ report card မွာ ဘာမွမသိတဲ့အခ်က္ေတြကို A ေတြ B ေတြျဖည့္ေပးေနရတုန္း ကေလးေတြကလည္း အနာဂတ္မွာ ပညာတတ္ႀကီးျဖစ္ဖို႔ စိတ္ကူးေတြယဥ္ေနၾကဆဲ..

တခ်ိဳ႕နိုင္ငံေတြမွာ ကိုယ့္ေက်ာင္းစားရိတ္ကိုယ္ရွာဖို႔ အခ်ိန္ပိုင္းအလုပ္လုပ္ေနၾကခ်ိန္မွာ ဒီနိုင္ငံမွာေတာ့ အလုပ္လုပ္ဖို႔ ေက်ာင္းထြက္လိုက္ရတာေတြ ဒုနဲ႔ေဒး.. လူတစ္ေယာက္ေျပာင္းသြားရင္း စနစ္တစ္ခု ေျပာင္းသြားရင္း လူတစ္ေယာက္ နိုင္ငံတစ္ခုသြားရင္း အဲဒီနိုင္ငံက သင္ရိုးေတြယူလာရင္း.. ေျမစမ္းခရမ္းပ်ိဳးပညာေရးေတြ သင္ခိုင္းရင္း.. သမိုင္းေတြကိုျပင္ေရး အမွားေတြကို အမွန္သင္ခိုင္းရင္း ေက်ာင္းတိုင္း ကြန္ျပဴတာရွိဖို႔လည္း ႀကိဳးစားခဲ့ၾကဖူးတယ္ေလ..

ရန္ကုန္ၿမိဳ႕လယ္က လူခ်မ္းသာေတြပဲတက္တဲ့ ေက်ာင္းေတြကိုၾကည့္ၿပီး.. အၿပိဳင္အဆိုင္ ေအာဒီထြက္ဖို႔ အလုအယက္ႀကိဳးစားေနၾကတာကို ၾကည့္ၿပီး..

ကားနဲ႔အႀကိဳအပို႔လုပ္ ဆရာေတြအိမ္ေခၚသင္ Guide ေတြနဲ႔ စာေတြလုပ္ေနၾကတာ အမွတ္ေတြေကာင္းၾကတာကို ၾကည့္ၿပီး.. ျမန္မာျပည္ပညာေရး တိုးတက္ေနပါသတဲ့..

တျပည္လုံးကေက်ာင္းေတြမွာေတာ့ မိုးယို ၾကမ္းကၽြံ ေရႀကီး မီးပ်က္ေနတာအမ်ားႀကီး ဆရာမရွိလို႔ စာမသင္ရတဲ့ေနရာေတြတပုံႀကီး.. ေက်ာင္းဝတ္စုံေတာင္မရွိလို႔ အိမ္ေနရင္းဝတ္စုံေလးေတြနဲ႔ တက္ေနရတာတပုံႀကီး တိုက္ပြဲေတြျဖစ္ေနလို႔ ေရႀကီးေနလို႔ စားစရာမရွိလို႔ ခိုင္းမယ့္သူမရွိလို႔ ေက်ာင္းမပို႔ေတာ့တာေတြ အမ်ားႀကီး။

“ပညာျမင့္မွ လူမ်ိဳးတင့္မည္” တဲ့ မွန္လိုက္တာ ပညာမျမင့္ေတာ့ လူမ်ိဳးလည္းမ်က္ႏွာငယ္၊ နိုင္ငံလည္း အႏွိမ္ခံရ၊ နည္းပညာလည္းမရွိ၊ သယံဇာတလည္းကုန္၊ နိုင္ငံလည္း ခၽြတ္ျခဳံက်ေနေတာ့ နိုင္ငံေပါင္းစုံက တို႔ျမန္မာေတြ အလုပ္ၾကမ္းသမားေတြ ငယ္ငယ္က စာသင္ခဲ့တဲ့ အျဖဴအစိမ္းဝတ္စုံကို ျပန္ေတြးတိုင္း ျပဳံးမိေနမလား?

ငယ္ငယ္ကစိတ္ကူးယဥ္ဖူးတဲ့ ကမၻာမွာျမန္မာေဟ့ ဆိုတဲ့စာသားေလးကို ခပ္တိုးတိုးေရရြတ္ေနတုန္းလား? ဟုတ္ကဲ့ က်န္ေတာ္တို႔ရဲ့မ်ိဳးဆက္သစ္ေတြ ျမန္မာျပည္မွာ စာသင္ေနပါတယ္..

Crd

မြန်မာပြည်မှာ စာသင်တယ်။ စာအုပ်အောက်ပြုတ်ကျရင် စာမရမှာကြောက်လွန်းလို့ စာအုပ်ကို ကန်တော့ကြတဲ့ ကလေးတွေ ဘွဲ့ရလာကြပေမယ့် တော်သင့်ရုံဘဲ တတ်သွားကြတယ်။

စာအုပ်ထဲ ရှိပြီးသားစာတွေကို မှတ်စုကူးပြီး ၏/သည်မရွေးကျက်ရတဲ့နိုင်ငံမှာ ပထဝီတွေ သမိုင်းတွေအလွတ်သာကျက်ခဲ့ရတယ် မေးလိုက်တဲ့ခါ အမ်.. အင်.. ဟုတ်မယ်.. အဲ့လိုလေးတွေနဲ့ပြီးခဲ့တယ်.. ခေါင်းထဲမရောက်ခဲ့ကြဘူး။

သိပ္ပံဘာသာရပ်တွေကို လက်တွေ့မဝင်မလေ့လာခဲ့ဘဲ ဘွဲ့ရခဲ့တဲ့ဆရာတွေက သိပ္ပံဘာသာရပ်ကို Definition မှာ ‘s’တစ်လုံးကျန်ရင် အမှတ်လျှော့ဖို့ မှင်နီကိုင်ပြီးစောင့်နေကြတယ်။

နိုင်ငံတကာက ကလေးတွေ စက်ရုပ်တီထွင် ဆော့ဝဲလ် ရေးနေကြချိန်မှာ ဒီမှာတော့ အင်္ဂလိပ်စာ ညံ့လွန်းလို့ Definition တစ်ကြောင်းကို နာရီဝက်လောက်ကျက်နေရပြီး ဒါမေးဒါဖြေကိုတောင် သောက်သောက်လဲကျနေကြတယ်..

ဘာမှမသင်တဲ့ကျောင်းတွေမှာ ကျောင်းခေါ်ချိန်မပြည့်ရင် ရစ်မှာစိုးလို့ နေ့တိုင်းသွားထိုင်နေရတယ်.. တကယ်စာသင်ပေးတဲ့နေရာတွေကိုတော့ ငွေပေးပြီးသင်နေရတယ်။ ဒါပေမယ့် ‘အခမဲ့ပညာရေးစနစ်’ လို့ ကြွေးကြော်နေကြတယ်။

တကယ်စာသင်ရမယ့် ဆရာတွေဆရာမတွေက ရုံးခန်းနဲ့ မြို့နယ်ရုံးကို စာရွက်စာတမ်းတွေကိုင်ပြီး သွားချည်လာလှည့်လုပ်နေရတယ်။

တချို့က ဂိတ်ပေါက်မှာ ဘာတာဝန်မှန်းမသိတာကို တာဝန်ဆိုပြီးထိုင်နေရချိန်မှာ တချို့က ကျောင်းသားတွေရဲ့ report card မှာ ဘာမှမသိတဲ့အချက်တွေကို A တွေ B တွေဖြည့်ပေးနေရတုန်း ကလေးတွေကလည်း အနာဂတ်မှာ ပညာတတ်ကြီးဖြစ်ဖို့ စိတ်ကူးတွေယဉ်နေကြဆဲ..

တချို့နိုင်ငံတွေမှာ ကိုယ့်ကျောင်းစားရိတ်ကိုယ်ရှာဖို့ အချိန်ပိုင်းအလုပ်လုပ်နေကြချိန်မှာ ဒီနိုင်ငံမှာတော့ အလုပ်လုပ်ဖို့ ကျောင်းထွက်လိုက်ရတာတွေ ဒုနဲ့ဒေး.. လူတစ်ယောက်ပြောင်းသွားရင်း စနစ်တစ်ခု ပြောင်းသွားရင်း လူတစ်ယောက် နိုင်ငံတစ်ခုသွားရင်း အဲဒီနိုင်ငံက သင်ရိုးတွေယူလာရင်း.. မြေစမ်းခရမ်းပျိုးပညာရေးတွေ သင်ခိုင်းရင်း.. သမိုင်းတွေကိုပြင်ရေး အမှားတွေကို အမှန်သင်ခိုင်းရင်း ကျောင်းတိုင်း ကွန်ပြူတာရှိဖို့လည်း ကြိုးစားခဲ့ကြဖူးတယ်လေ..

ရန်ကုန်မြို့လယ်က လူချမ်းသာတွေပဲတက်တဲ့ ကျောင်းတွေကိုကြည့်ပြီး.. အပြိုင်အဆိုင် အောဒီထွက်ဖို့ အလုအယက်ကြိုးစားနေကြတာကို ကြည့်ပြီး..

ကားနဲ့အကြိုအပို့လုပ် ဆရာတွေအိမ်ခေါ်သင် Guide တွေနဲ့ စာတွေလုပ်နေကြတာ အမှတ်တွေကောင်းကြတာကို ကြည့်ပြီး.. မြန်မာပြည်ပညာရေး တိုးတက်နေပါသတဲ့..

တပြည်လုံးကကျောင်းတွေမှာတော့ မိုးယို ကြမ်းကျွံ ရေကြီး မီးပျက်နေတာအများကြီး ဆရာမရှိလို့ စာမသင်ရတဲ့နေရာတွေတပုံကြီး.. ကျောင်းဝတ်စုံတောင်မရှိလို့ အိမ်နေရင်းဝတ်စုံလေးတွေနဲ့ တက်နေရတာတပုံကြီး တိုက်ပွဲတွေဖြစ်နေလို့ ရေကြီးနေလို့ စားစရာမရှိလို့ ခိုင်းမယ့်သူမရှိလို့ ကျောင်းမပို့တော့တာတွေ အများကြီး။

“ပညာမြင့်မှ လူမျိုးတင့်မည်” တဲ့ မှန်လိုက်တာ ပညာမမြင့်တော့ လူမျိုးလည်းမျက်နှာငယ်၊ နိုင်ငံလည်း အနှိမ်ခံရ၊ နည်းပညာလည်းမရှိ၊ သယံဇာတလည်းကုန်၊ နိုင်ငံလည်း ချွတ်ခြုံကျနေတော့ နိုင်ငံပေါင်းစုံက တို့မြန်မာတွေ အလုပ်ကြမ်းသမားတွေ ငယ်ငယ်က စာသင်ခဲ့တဲ့ အဖြူအစိမ်းဝတ်စုံကို ပြန်တွေးတိုင်း ပြုံးမိနေမလား?

ငယ်ငယ်ကစိတ်ကူးယဉ်ဖူးတဲ့ ကမ္ဘာမှာမြန်မာဟေ့ ဆိုတဲ့စာသားလေးကို ခပ်တိုးတိုးရေရွတ်နေတုန်းလား? ဟုတ်ကဲ့ ကျန်တော်တို့ရဲ့မျိုးဆက်သစ်တွေ မြန်မာပြည်မှာ စာသင်နေပါတယ်..

Crd