Local News

အောင်ချက်အကောင်းဆုံး ၂ဝ၂၂ တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်မယ့်ရက် တရားဝင်ထုတ်ပြန်

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်သွားဖို့ရှိ

ဇွန်လ ၃

၂ဝ၂၁-၂ဝ၂၂ ခုနှစ် က ဖြေဆိုထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန် ကြေငြာမှာဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနကသိရပါတယ်။

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြီးခဲ့တဲ့ မတ်လ ၃၁ရက်နေ့ကစပြီး ဧပြီလ ၉ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ

အောင်စာရင်းများကို သက်ဆိုင်ရာကျောင်းတွေမှာ ကြေငြာထားမယ့်အပြင် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနရဲ့ ဝက်ဆိုဒ်မှာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

၂ဝ၂၁-၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲလာရောက်ဖြေဆိုဖို့ စာရင်းပေးတာက ၃၁၂၄၂၄ ဦးရှိပြီး အမှန်တကယ် လာရောက် ဖြေဆိုခဲ့တဲ့ကျောင်းသားကျောင်းသူ ဦးရေက ၂၈၁၇၄၁ ဦးရှိသာရှိခဲ့တာဖြစ်ပြီး ဖြေဆိုသူရာခိုင်နူန်း ၉၀.၁၈ ရာခိုင်နှုန်း ရှိခဲ့တယ်လို့သိရပါတယ်။

စာမေးပွဲ ပထမရက်ဖြစ်တဲ့ မြန်မာဘာသာဖြေဆိုသူ ၂၈၁၇၄၁ ဦး၊ အင်္ဂလိပ်ဘာသာဖြေဆိုသူ ၂၈၁၃၉၇ ဦး၊ သင်္ချာဖြေဆိုသူ ၂၈၁၂၄၉ ဦး ၊ ဓာတုဗေဒဖြေဆိုသူ ၂၂၇၇၄၆ ဦး

ရူပဗေဒဖြေဆိုသူ ၂၂၇၆၈၂ ဦး၊ ဇီဝဗေဒ ဖြေဆိုသူ ၆၉၅၈၅ ဦး၊ ဘောဂဒေဗဖြေဆိုသူ ၂ဝ၉၃၉၃ ဦး၊ ပထဝီဖြေဆိုသူ ၅၄၇၄၃ ဦး နဲ့သမိုင်းဖြေဆိုသူ ၅၃၇၃၈ ဦးရှိပြီး စိတ်ကြိုက်မြန်မာစာဖြေဆိုသူက ၃ ဦးရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနကစာရင်းထုတ်ပြန်ထားပါတယ်
Crd-


ဇွန်လ ၃






Crd-