Local News

ယနေ့တရားရုံးတွင် တရားသူကြီး နှင့် ဒုရဲအုပ်တို့နှစ်ဦး တရားရုံးအတွင်း စကားများကြရာမှ… see more

တမူးတွင် ဆဲသံတောင်ကြားရသော အနီးကပ်တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၁ ဦးသေ

ဝေယံမိုး

ကလေးမြို့မှ တမူးသို့ စစ်ကူလာသည့်စစ်ကောင်စီတပ်များနှင့် မြို့ခံကာကွယ်ရေးတပ်မဟာမိတ်များအကြား နေရာသုံးခုတွင် ပြင်းထန်သော အနီးကပ်တိုက်ပွဲများ ယနေ့ (ဇွန်လ ၇ ရက်နေ့)နံနက်ကစတင်ကာဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အနည်းဆုံး တစ်ဦးသေဆုံးကြောင်း ကာကွယ်ရေးတပ်ဘက်က ပြောသည်။

မဇ္ဈိမက ဆက်သွယ်မေးမြန်းသည့် ည ၇ နာရီအချိန်အထိဖြစ်ပွားသောတိုက်ပွဲများတွင် တမူးမြို့ခံတော်လှန်ရေးအဖွဲ့ပေါင်းစုံပါဝင်သည်ကိုတွေ့ရပြီး “ သူတို့ (စစ်ကောင်စီတပ်)ဘက်ကလည်း လက်နက်ကြီး အလုံး ၆၀ လောက်ရှိမယ်ပစ်တာ။

လက်နက်ငယ်တွေနဲ့ရော ” ဟု တမူးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၄) မှ တာဝန်ရှိသူကပြောသည်။

နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ရှစ်စီးပါစစ်ကောင်စီကားတန်းကို တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် ဝိသုတ်ရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃)၊ တပ်ရင်း (၂) နှင့် Special Attack Force တို့က ဖြတ်တိုက်ရာ စစ်ကောင်စီတပ်ဘက်က တစ်ဦးသေကာ စက်သေနတ်တစ်လက်ပျက်စီးသွားသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုမှလွတ်သွားသော အကြမ်းဖက်တပ်၏ကားတန်းသည် တမူး လေးမိုင်ဂိတ်သို့ရောက်စဉ်တွင် စစ်သည်များယာဉ်ပေါ်မှဆင်းကာ မြို့ထဲလမ်းလျှောက်ဝင်ကြရာ စော်ဘွား (၅) ရပ်ကွက်နှင့် (၃) မိုင်ကြားတွင် တမူးတပ်ရင်း (၄) ၊BSO ကျောင်းသားတပ်ဖွဲ့၊ ABSDF ကျောင်းသားတပ်မတော်၊ တမူးပကဖနှင့် Free Ranger Tamu ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ခိုက်ခြင်းကိုခံရပြန်သည်။

တတိယတိုက်ပွဲကတော့ တမူးမြို့အထက်ပိုင်း ကွမ်းတောင်းကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းအားလာကြိုသည့် တမူးမြို့ခံတပ်နှင့် တိုက်ခိုက်မှုဖြစ်သည်။

ဝါးနှစ်ပြန်စာ လောက်မှ အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲနှင့်ပတ်သက်၍ “နီးနီးလေး သူ့ဆဲသံ ကိုယ့်ဆဲသံတောင်ကြားရတဲ့နေရာမျိုး”ဟု တပ်ရင်း (၄) တာဝန်ရှိသူက ပြောသည်။

တမူးမြို့အတွင်းယခုအကြိမ်တိုက်ပွဲတွင် တမူးဒေသရှိ တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံအင်အားအပြည့်ဖြင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကာ ထိုသို့စည်းလုံးမှုမျိုးအား ဆက်လက်ထိန်းသိမ်းကာ ပူးပေါင်းဆင်နွှဲလိုကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း( ၄) မှ တာဝန်ရှိသူကပြောသည်။

တိုက်ပွဲဗီဒီယိုကို ပူးတွဲဖော်ပြသည်။

Zawgyi

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တရားရုံးတွင်တာဝန်ထမ်းဆောင်နေသည့် ခရိုင်တရားသူကြီး ဒေါ်သူဇာအေး နှင့် တရားရုံးသို့တရားခံ နှင့် အမှုတွဲလာရောက်ပို့ဆောင်သူ ဒုရဲအုပ် ဝေလင်း တို့နှစ်ဦးမှာ

ညနေ ၃ နာရီခန့်က စကားများရန်ဖြစ်ရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။ခရိုင်တရားရုံးသို့ တာဝန်ဖြင့်လာရောက်သူ ဒုရဲအုပ် ဝေလင်းကို တရားသူကြီး ဒေါ်သူဇာအေးမှ စကားပြောနေစဉ်

ရန်ဖြစ်ခဲ့ကြရာ တရားရုံးအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။” ဘာတွေစပြောပြီးဖြစ်ကြတာလဲတော့ မသိဘူးဗျ။ မကြားလိုက်ရဘူး။ တအားကြီးအော်ပြောတော့မှ သတိလဲထားမိ ကြားလဲကြားရတာပါ။

တရားသူကြီးအမက နင့်အဆင့်လောက်နဲ့ ဒုရဲအုပ်အဆင့်လောက်နဲ့ ငါ့ကိုလာပြီးမခြိမ်းခြောက်နဲ့။ ဒုရဲအုပ်ကလည်း သေနတ်ဆွဲထုတ်တော့ သေနတ်နဲ့ဆိုပြီးလုပ်မနေနဲ့။ နင်ကဘာကောင်လဲ ဆိုပြီးတအားကိုပြောတာ။တရားရုံးဝန်ထမ်းတွေက ဝင်ပြီးတောင်းပန် အတင်းဆွဲကြတာပေါ့” ဟု

မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။ယခင်က ယခုကဲ့သို့ တရားရုံးအတွင်း စကားများရန်ဖြစ်ခဲ့သည်ကို မတွေ့ခဲ့ဘူးကြောင်း တရားသူကြီးကိုယ်တိုင်အနေဖြင့်လည်း သာမန်အရပ်သားတစ်ဦးကဲ့သို့ ပြောဆိုဆက်ဆံခြင်းမျိုး မပြုလုပ်သင့်ကြောင်း

ဖျာပုံခရိုင်အတွင်းက ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ထားသည်။ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေး၏ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိ အရေးယူဆောင်ရွက်မှုမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

Credit Original writer