Local News

တောင်ဥက္ကလာပမြို့နယ်၌ ကား ၅ စီးဆင့်တိုက် ၃ ဦးဒဏ်ရာရကာ

တောင်ဥက္ကလာပမြို့နယ်၌ ကား ၅ စီးဆင့်တိုက် ၃ ဦးဒဏ်ရာရကာ ဝင်တိုက်ခဲ့သည့်ကားမှမောင်းနှင်သူထွက်ပြေး၍ ဝိုင်းဝန်းဖမ်းဆီးရမိ

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်၊ ၁၁ ရပ် ကွက်၊ဝေဇယန္တာလမ်းရှိ City Mart ရှေ့မျက်နှာ ချင်းဆိုင်လမ်းတွင် ဇွန် ၈ ရက်(ယနေ့)နံနက် ၈ နာရီခွဲခန့်က ကား ၅ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်ဟု မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းမှ သိရသည်။

“ကိုယ်ပိုင်ကား ၄ စီးရယ် ကုမ္ပဏီကား ၁ စီးရယ်ပါတယ် နောက်ပြီး စက်ဘီး ၁ စီး တွန်းလှည်းနဲ့ရောင်းတဲ့ဈေးလှည်း ၁ စီးလည်းတိုက်မိတဲ့အထဲမှာပါတယ်”ဟုမေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

City Mart ရှေ့မျက်နှာချင်းဆိုင် ဝေဇယန္တာလမ်းပေါ်ရှိ မီးပွိုင့်၌ရပ်ထားသည့် ကားများအားကိုယ် ပိုင်ကားတစ်စီးမှ အရှိန်မထိန်းနိုင်ဘဲနောက်မှဝင်တိုက်မိခဲ့ရာမှ ကားများအဆင့်ဆင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လူနာ ၃ ယောက်ရှိတယ် ၂ ယောက်ကတော့တိုက်ခံရတဲ့ကား ၁ စီးပေါ်က ကျန်တဲ့ ၁ ယောက်က တော့ တွန်းလှည်းဈေးသည်ပါ ကားပေါ်က ၁ ယောက်ကတော့ခေါင်းပတ်ပတ်လည်ကွဲသွားတယ် အချက် ၃၀ လောက်ချုပ်ရမယ်လို့ ဆေးရုံကိုသွားပို့တဲ့အချိန်မှာ ဆရာဝန်ကပြောတယ် နောက် ၁ ယောက်ကတော့လက်ကျိုးသွားတယ်” ဟု အဆိုပါ လူမှုကူညီရေးအသင်းဝင်ကဆက်ပြောသည်။

ဖြစ်စဉ်တွင် နောက်မှအရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့သည့်ကားမှ ကားမောင်းသူမှာထွက်ပြေးသွားသဖြင့် အနီးပတ်ဝန်ကျင်ရှိသူများက ဝိုင်းဝန်းဖမ်း ဆီးခဲ့ကြကြောင်း သိရသည်။

ကား ၅ စီးဆင့်တိုက်မှုမှ ထိခိုက်ဒဏ်ရာရရှိသွားသူ ၃ ဦးအား မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းမှ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi






