Local News

ကိုင်းလယ် ရဲစခန်းသိမ်းတိုက်ပွဲမှာ အရှင်ဖမ်းမိတဲ့ ရဲတပ်သား ထွက်ပြေးရာ….👇👇👇

ကိုင်းလယ်ရဲစခန်းသိမ်းတိုက်ပွဲမှာ အရှင်ဖမ်းမိတဲ့ရဲတပ်သား ထွက်ပြေးရာက တိုက်မိုင်းထိပြီးသေဆုံး

ပေါက် ၊ ဇွန် ၈ ၊ ၂၀၂၂။

ပေါက်မြို့နယ် ကိုင်းလယ်ရဲစခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်းမိသောရဲတပ်သား ထွက်ပြေးရာမှာ PDF စခန်းတွင်ထောင်ထားသော တိုက်မိုင်းတိုက်မိပြီးသေဆုံးသွားကြောင်း ဇွန်လ ၈ ရက်နေ့တွင် Young Revolution Front YRF ဗိုလ်နပေါက်က မြေလတ်အသံကိုပြောပါတယ်။

ယမန်နေ့တိုက်ပွဲမှာ မဟာမိတ် ၉ ဖွဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း သေဆုံးတဲ့ ရဲ ၃ ဦးနဲ့ ဖမ်းဆီးခေါ်ဆောင်ကာ စခန်းတွင်ထားစဉ် ထွက်ပြေးရာကာ ထောင်ထားတဲ့ တိုက်မိုင်းထိ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“မနေ့ကတိုက်ပွဲမှာ ကိုင်းလယ်ရဲစခန်းက ရဲ ၃ ယောက်ကျတယ်၊၁ ယောက်ကတော့အရှင်ဖမ်းမိတဲ့ကောင်နဲ့ဆို ၄ ယောက်ပါ၊အရှင်ဖမ်းမိတဲ့ကောင်ကကြတော့ ကျနော်တို့စခန်းရောက်တော့ ဆွေးနွေးနေတုန်းထွက်ပြေးသွားတာ၊

ထွက်ပြေးသွားရင်း ကျနော်တို့နယ်မြေထဲက မိုင်းတိုက်မိတာ၊မိုင်းတိုက်မိလို့ အရှင်မိတဲ့ကောင်ပါရှောသွားတယ်၊၄ ယောက်သေသွားတာပေါ့၊” လို့ ဗိုလ်နပေါက်ကပြောပါတယ်။

ကျန်ရဲတပ်သားများလည်း အများအပြား ဒဏ်ရာရလို့ ဆေးရုံတင်ထားရသူများပြီး သေနတ်မှန်လို့ ခြေထောက်ဖြတ်ရသူလည်း ရှိခဲ့ပြီး စခန်းမှူးကတော့ လွတ်သွားတယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စခန်းတခုလုံးကို သိမ်းမိပြီး မီးရှို့နိုင်ခဲ့ပေမယ့် မဟာမိတ်အဖွဲ့တွေဘက်က ရဲဘော် ၂ ဦး ကျဆုံးပြီး ၃ ဦးကတော့ဒဏ်ရာရရှိခဲ့ပါတယ်။

#မြေလတ်အသံ