လေးစားလျှက်…credit
Rain (For Ialinks)
အမွေအားလုံးရယူပြီးနောက် သားသမီးတွေရဲ့ ရေမြောင်းအောက်မှာ စွန့်ပစ်တာကို ခံလိုက်ရတဲ့ ဖခင်တစ်ဦး…
တရုတ်နိုင်ငံ Anhuiပြည်နယ်ရှိ ရေမြောင်းတံတားအောက်တစ်နေရာတွင် အသက်၈ဝကျော်အရွယ် သက်ကြီးရွယ်အို အဖိုးအိုတစ်ဦးသည်
အေးအေးချမ်းချမ်းနဲ့ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတာကို လုံခြုံရေးရဲတပ်ဖွဲ့မှ မြင်တွေ့ခဲ့ရသည်။
အဖိုးအိုတွင် သားသမီး၂ယောက်ရှိသော်လည်း အမွေတွေကိုယ်စီခွဲယူပြီးနောက် အိုမင်းမစွမ်းဖြစ်၍
ကျွေးမွေးစောင့်ရှောက်ရန် အကူအညီလိုအပ်နေသော ဖခင်အိုကြီးကို အိမ်ကနေမောင်းထုတ်ကာ ရေမြောင်းအောက်တွင် စွန့်ပစ်ထားခဲ့သည်။
အဖိုးအိုအား ရဲတပ်ဖွဲ့မှ မြင်တွေ့ချိန်တွင် ချမ်းအေးလွန်း၍ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေရာ နီးစပ်ရာဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ရပြီး
အဖိုးအိုရဲ့အဖြစ်ကို သိရှိသူများအားလုံး သားသမီးမိုက်တွေကို ပြစ်တင်ပြောဆိုခဲ့ကြသည်။
လေးစားလျှက်…credit
Rain (For Ialinks)