Local News

ပျူစောထီးခေါင်းဆောင်က ကျောင်းလာတက်တဲ့ ၈ နှစ်အရွယ်ကျောင်းသူကို ကျောင်းမှာအဓမ္မပြုကျင့်

ပျူစောထီးခေါင်းဆောင်က ကျောင်းလာတက်တဲ့ ၈ နှစ်အရွယ်ကျောင်းသူကို ကျောင်းမှာအဓမ္မပြုကျင့်

ကန့်ဘလူ၊ဇွန် ၉ ၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အ​ရှေ့ဘက် ၄ မိုင်ခန့်အကွာ နတ်အင်းရွာစာသင်ကျောင်းမှာ စစ်တပ်နဲ့အတူ စခန်းချထားတဲ့ ပျူစောထီးခေါင်းဆောင်က
၈ နှစ်အရွယ် ကျောင်းသူတဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မြို့နယ်တွင်း သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ Infinity Group ရဲ့ပေ့ချ်မှာ ဖော်ပြထားပါတယ်။

နတ်အင်းရွာက အသက် ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူလေးကို တရွာတည်းအတူနေအသက် ၅၃ နှစ်အရွယ်လောက်ရှိတဲ့ ပျူစောထီးခေါင်းဆောင်ရွှေဘ ဆိုသူက ဇွန်လ ၆ ရက်နေ့က အဓမ္မကျင့်ခဲ့တာလို့ ဆိုပါတယ်။

“ပျူတွေက သူတို့နားတဲ့ စာသင်ကျောင်းကအခန်းထဲကို ​ချော့​ခေါ်ပြီး ပြုကျင့်တယ်လို့ သိထားတယ်ဗျ အဲဒါကို စစ်သားက ရွာခံတွေကျေနပ်အောင် နဲနဲပါးပါးရိုက်ပြတယ် သူတို့အချင်းချင်း လုပ်​နေကျအကွက်ပဲဗျ အခုလို ဖြစ်လည်း ပျူရွာတွေဆိုတော့ ကျောင်းကတော့တက်မြဲပဲ ဒါပေမယ့် ပြုကျင့်ခံရတဲ့ မိန်းကလေးကိုတော့ ကျောင်းကိုမပို့တော့ဘူး ” လို့ ဒေသခံတဦးကပြောပါတယ်။

အခုဖြစ်စဥ်အပြင်ကို ​ပေါက်ကြားမှာစိုးတဲ့အတွက် ကာယကံရှင်မိသားစုကို စစ်​ကောင်စီဘက်က ​ငွေကျပ် သိန်း ၃၀ ​ပေးကာ ​​ကျေအေးခိုင်းခဲ့​ကြောင်းလည်း Infinity Group ရဲ့ ပေ့ချ်မှာ ဖော်ပြထားပါသေးတယ်။

အဲဒီနတ်အင်းရွာစာသင်ကျောင်းမှာ စစ်သား ၃ ဦးဝန်းကျင်လောက်သာရှိပြီး အများစုဟာ ပျူစောထီးတွေ ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ် ကျောင်းသူလေး အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံကတော့ သီးခြားတအတည်ပြုချက် မရရှိသေးပါဘူး။

#မြေလတ်အသံ

ပုံစာ-ဖေဖေါ်ဝါရီလ ၁၁ရက်နေ့က ပြုလုပ်သည့် ကလေးမြို့နယ်လည်ကြီးကျေးရွာက ပြည်သူ့စစ်လို့ခေါ်သည့် ပျူစောထီးစစ်သင်တန်း။

Credit Original writer

ပ်ဴေစာထီးေခါင္းေဆာင္က ေက်ာင္းလာတက္တဲ့ ၈ ႏွစ္အရြယ္ေက်ာင္းသူကို ေက်ာင္းမွာအဓမၼျပဳက်င့္

ကန္႔ဘလူ၊ဇြန္ ၉ ၊ ၂၀၂၂။

စစ္ကိုင္းတိုင္း၊ ကန္႔ဘလူၿမိဳ႕နယ္၊ အ​ေရွ႕ဘက္ ၄ မိုင္ခန္႔အကြာ နတ္အင္းရြာစာသင္ေက်ာင္းမွာ စစ္တပ္နဲ႔အတူ စခန္းခ်ထားတဲ့ ပ်ဴေစာထီးေခါင္းေဆာင္က
၈ ႏွစ္အရြယ္ ေက်ာင္းသူတဦးကို အဓမၼျပဳက်င့္ခဲ့တယ္လို႔ ၿမိဳ႕နယ္တြင္း သတင္းေတြကို ထုတ္ျပန္ေပးေနတဲ့ Infinity Group ရဲ့ေပ့ခ်္မွာ ေဖာ္ျပထားပါတယ္။

နတ္အင္းရြာက အသက္ ၈ ႏွစ္အရြယ္ ဒုတိယတန္းေက်ာင္းသူေလးကို တရြာတည္းအတူေနအသက္ ၅၃ ႏွစ္အရြယ္ေလာက္ရွိတဲ့ ပ်ဴေစာထီးေခါင္းေဆာင္ေရႊဘ ဆိုသူက ဇြန္လ ၆ ရက္ေန႔က အဓမၼက်င့္ခဲ့တာလို႔ ဆိုပါတယ္။

“ပ်ဴေတြက သူတို႔နားတဲ့ စာသင္ေက်ာင္းကအခန္းထဲကို ​ေခ်ာ့​ေခၚၿပီး ျပဳက်င့္တယ္လို႔ သိထားတယ္ဗ် အဲဒါကို စစ္သားက ရြာခံေတြေက်နပ္ေအာင္ နဲနဲပါးပါးရိုက္ျပတယ္ သူတို႔အခ်င္းခ်င္း လုပ္​ေနက်အကြက္ပဲဗ် အခုလို ျဖစ္လည္း ပ်ဴရြာေတြဆိုေတာ့ ေက်ာင္းကေတာ့တက္ျမဲပဲ ဒါေပမယ့္ ျပဳက်င့္ခံရတဲ့ မိန္းကေလးကိုေတာ့ ေက်ာင္းကိုမပို႔ေတာ့ဘူး ” လို႔ ေဒသခံတဦးကေျပာပါတယ္။

အခုျဖစ္စဥ္အျပင္ကို ​ေပါက္ၾကားမွာစိုးတဲ့အတြက္ ကာယကံရွင္မိသားစုကို စစ္​ေကာင္စီဘက္က ​ေငြက်ပ္ သိန္း ၃၀ ​ေပးကာ ​​ေက်ေအးခိုင္းခဲ့​ေၾကာင္းလည္း Infinity Group ရဲ့ ေပ့ခ်္မွာ ေဖာ္ျပထားပါေသးတယ္။

အဲဒီနတ္အင္းရြာစာသင္ေက်ာင္းမွာ စစ္သား ၃ ဦးဝန္းက်င္ေလာက္သာရွိၿပီး အမ်ားစုဟာ ပ်ဴေစာထီးေတြ ျဖစ္တယ္လို႔ ေဒသခံေတြဆီကသိရပါတယ္ ေက်ာင္းသူေလး အဓမၼျပဳက်င့္ခံရမႈနဲ႔ ပတ္သက္ၿပီး ေျမလတ္အသံကေတာ့ သီးျခားတအတည္ျပဳခ်က္ မရရွိေသးပါဘူး။

#ေျမလတ္အသံ

ပုံစာ-ေဖေဖၚဝါရီလ ၁၁ရက္ေန႔က ျပဳလုပ္သည့္ ကေလးၿမိဳ႕နယ္လည္ႀကီးေက်းရြာက ျပည္သူ႔စစ္လို႔ေခၚသည့္ ပ်ဴေစာထီးစစ္သင္တန္း။

Credit Original writer