Local News

မင်းအောင်လှိုင်အစ်မမိသားစုအိမ် နံနံသီးခွဲခံရမှုသတင်း စစ်ကောင်စီဖုံးအုပ်ထား

မင်းအောင်လှိုင်အစ်မမိသားစုအိမ် နံနံသီးခွဲခံရမှုသတင်း စစ်ကောင်စီဖုံးအုပ်ထား

မဲခေါင်၊ ဇွန် ၉ ဇွန်လ ၃ ရက်နေ့နံနက် အစောပိုင်းက အာဏာသိမ်း စစ်ခေါင်းမင်အောင်လှိုင်၏ အစ်မဖြစ်သူ ဒေါ်ဇင်ဇင်လှိုင် မိသားစု နေထိုင်ရာ မရမ်းကုန်းမြို့နယ်

ရွှေနှင်းဆီ ၇ လမ်း၊ အိမ်အမှတ် ၉၉ ကို အမည်မဖော်သည့် တော်လှန်ရေး တပ်ဖွဲ့တစ်ခုက နံနံသီးနှစ်လုံးဖြင့် ကျွေးခဲ့ပြီး ယင်းသတင်းကို စစ်ကောင်စီဘက်က ဖုံးအုပ်ထားကြောင်း မရမ်းကုန်းရဲစခန်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်

ယင်းသတင်းကို အပြင်သို့ မပျံ့နှံစေရန် မရမ်းကုန်းရဲစခန်းက ဖုံးဖိထားကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည် အလားတူ မင်းအောင်လှိုင်အမျိုးများနေထိုင်သည့် ကျောက်ရေတွင်း အနီးတွင်လည်း နံနံသီးကွဲမှုများ ဖြစ်ခဲ့ပြီး အဆိုပါသတင်းကိုလည်း ဖုံးဖိထားကြောင်း သိရသည်

ခွဲခံရမှုကြောင့် ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည် ဒေါ်ဇင်ဇင်လှိုင်သည် ဗိုလ်မှူးကြီးဟောင်း သန်းမြင့်၏ ဇနီးဖြစ်ပြီး သမီးနှစ်ယောက်ရှိကြောင်း နီးစပ်သူများထံမှ သိရသည် ၎င်းတို့မိသားစုပိုင်ကုမ္ပဏီမှာ Good Family Company ဖြစ်ကြောင်း သိရသည် Crd- MeKong News
မင္းေအာင္လွိုင္အစ္မမိသားစုအိမ္ နံနံသီးခြဲခံရမႈသတင္း စစ္ေကာင္စီဖုံးအုပ္ထား

မဲေခါင္၊ ဇြန္ ၉ ဇြန္လ ၃ ရက္ေန႕နံနက္ အေစာပိုင္းက အာဏာသိမ္း စစ္ေခါင္းမင္ေအာင္လွိုင္၏ အစ္မျဖစ္သူ ေဒၚဇင္ဇင္လွိုင္ မိသားစု ေနထိုင္ရာ မရမ္းကုန္းၿမိဳ႕နယ္

ေ႐ႊႏွင္းဆီ ၇ လမ္း၊ အိမ္အမွတ္ ၉၉ ကို အမည္မေဖာ္သည့္ ေတာ္လွန္ေရး တပ္ဖြဲ႕တစ္ခုက နံနံသီးႏွစ္လုံးျဖင့္ ေကြၽးခဲ့ၿပီး ယင္းသတင္းကို စစ္ေကာင္စီဘက္က ဖုံးအုပ္ထားေၾကာင္း မရမ္းကုန္းရဲစခန္းႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္တစ္ဦးက ေျပာသည္

ယင္းသတင္းကို အျပင္သို႔ မပ်ံ့ႏွံေစရန္ မရမ္းကုန္းရဲစခန္းက ဖုံးဖိထားေၾကာင္း အဆိုပါ သတင္းရင္းျမစ္က ေျပာသည္ အလားတူ မင္းေအာင္လွိုင္အမ်ိဳးမ်ားေနထိုင္သည့္ ေက်ာက္ေရတြင္း အနီးတြင္လည္း နံနံသီးကြဲမႈမ်ား ျဖစ္ခဲ့ၿပီး အဆိုပါသတင္းကိုလည္း ဖုံးဖိထားေၾကာင္း သိရသည္

ခြဲခံရမႈေၾကာင့္ ထိခိုက္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္ ေဒၚဇင္ဇင္လွိုင္သည္ ဗိုလ္မႉးႀကီးေဟာင္း သန္းျမင့္၏ ဇနီးျဖစ္ၿပီး သမီးႏွစ္ေယာက္ရွိေၾကာင္း နီးစပ္သူမ်ားထံမွ သိရသည္ ၎တို႔မိသားစုပိုင္ကုမၸဏီမွာ Good Family Company ျဖစ္ေၾကာင္း သိရသည္ Crd- MeKong News