Local News

ကန့်ဘလူမှာ အသက် ၅၀ ကျော်အရွယ် ပျူစောထီးက ကျောင်းလာတက်တဲ့ အသက် ၈ နှစ်အရွယ် ဒုတိယတန်း ကျောင်းသူကို….

ကန့်ဘလူမှာ အသက် ၅၀ ကျော်အရွယ် ပျူစောထီးက ကျောင်းလာတက်တဲ့ အသက် ၈ နှစ်အရွယ် ဒုတိယတန်း ကျောင်းသူ ကလေးငယ်ကို ကျောင်းဝင်းထဲမှာ အဓမ္မပြုကျင့်

MFP ၊ ဇွန် – ၉


အသက် ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူ ကလေးငယ်ကို ကျောင်းဝင်းအတွင်းမှာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ကန့်ဘလူဒေသ သတင်းတွေ ဖော်ပြနေတဲ့ Kanbulu Young Boys အဖွဲ့က ဖော်ပြပါတယ်


ဇွန် ၆ ရက်က ကျောင်းလာတက်တဲ့ ဒုတိယတန်းကျောင်းသူ ကလေးငယ်ကို ကျောင်းစောင့် စစ်အုပ်စုထဲက ပျူစောထီးတစ်ဦးက ကျောင်းဝင်းထဲမှာ အဓမ္မပြုကျင့်တာလို့ ဆိုပါတယ်

ကလေးငယ်ကို အဓမ္မပြုကျင့်သူဟာ အသက် ၅၃ နှစ်အရွယ် ရွှေဘ (အဖအမည် ဦးမောင်)ဆိုသူ ဖြစ်ပြီး ဇနီးနှင့် သမီး သုံးဦး ရှိကြောင်း၊ တခြားရွာကနေ နတ်အင်းရွာဘက်မှာ ကွမ်းစိုက်ပျိုးရေး လာရောက်လုပ်ကိုင်သူ ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပျူအဖွဲ့ထဲ လိုက်ကာ စစ်အုပ်စုက ခိုင်းသမျှ လုပ်ကိုင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်


နတ်အင်းရွာ စာသင်ကျောင်းထဲ အထိုင်ချနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ ကလေးငယ်ကို အဓမ္မမပြုကျင့်မီကလည်း ဒေသတွင်း လက်နက်အားကိုးနှင့် သောင်းကျန်းနေပြီး ကန့်ဘလူ–နတ်အင်း–စံပယ်နံ့သာ လမ်းပိုင်းမှာလည်း နတ်အင်းရွာက စစ်အုပ်စုနှင့်ပျူတွေက ခရီးသွားတွေကို မိုက်ကြေးခွဲ၊ ဆက်ကြေးကောက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ကန့်ဘလူမှာ အသက် ၅၀ ကျော်အရွယ် ပျူစောထီးက ကျောင်းလာတက်တဲ့ အသက် ၈ နှစ်အရွယ် ဒုတိယတန်း ကျောင်းသူ ကေလးငယ္ကို ကျောင်းဝင်းထဲမှာ အဓမ္မပြုကျင့်

MFP ၊ ဇွန် ၉

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် နတ်အင်းရွာမှာ ကျောင်းအစောင့်ကျနေတဲ့ အကြမ်းဖက်စစ်အုပ်စု လက်ပါးစေ အသက် ၅၀ ကျော်အရွယ် ပျူစောထီးတစ်ဦးက ကျောင်းလာတက်တဲ့

အသက် ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူ ကေလးငယ္ကို ကျောင်းဝင်းအတွင်းမှာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ကန့်ဘလူဒေသ သတင်းတွေ ဖော်ပြနေတဲ့ Kanbulu Young Boys အဖွဲ့က ဖော်ပြပါတယ်

ကန့်ဘလူမြို့ အရှေ့ဘက် လေးမိုင်ခန့်အကွာက နတ်အင်းရွာ စာသင်ကျောင်းမှာ စစ်ကောင်စီ အကြမ်းဖက် သမားတွေနှင့် စစ်အုပ်စု လက်ပါးစေ ပျူတွေ စုစုပေါင်း ၄၀ လောက် အထိုင်ချနေပြီး

ဇွန် ၆ ရက္က ကျောင်းလာတက်တဲ့ ဒုတိယတန်းကျောင်းသူ ကေလးငယ္ကို ကျောင်းစောင့် စစ်အုပ်စုထဲက ပျူစောထီးတစ်ဦးက ကျောင်းဝင်းထဲမှာ အဓမ္မပြုကျင့်တာလို့ ဆိုပါတယ်

ကေလးငယ္ကို အဓမ္မပြုကျင့်သူဟာ အသက် ၅၃ နှစ်အရွယ် ရွှေဘ (အဖအမည် ဦးမောင်)ဆိုသူ ဖြစ်ပြီး ဇနီးနှင့် သမီး သုံးဦး ရှိကြောင်း၊ တခြားရွာကနေ နတ်အင်းရွာဘက်မှာ ကွမ်းစိုက်ပျိုးရေး လာရောက်လုပ်ကိုင်သူ ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပျူအဖွဲ့ထဲ လိုက္ကာ စစ်အုပ်စုက ခိုင်းသမျှ လုပ်ကိုင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်

ယခုဖြစ်စဉ်အား အပြင်ကို ပေါက်ကြားမည်စိုးသဖြင့် ကာယကံရှင်မိသားစုအား စစ်ကောင်စီဘက်မှ ငွေကျပ် သိန်း ၃၀ ပေးကာ ကြေအေးခိုင်းခဲ့ကြောင်း သိရပြီး ပြုကျင့်သူ မုဒိန်းကောင်အား ရိုက်နှက်အပြစ်ပေးခဲ့ကြောင်း သိရသည် လို့ Kanbulu Young Boys အဖွဲ့က ဖော်ပြပါတယ်

နတ်အင်းရွာ စာသင်ကျောင်းထဲ အထိုင်ချနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ ကေလးငယ္ကို အဓမ္မမပြုကျင့်မီကလည်း ဒေသတွင်း လက်နက်အားကိုးနှင့် သောင်းကျန်းနေပြီး ကန့်ဘလူနတ်အင်းစံပယ္နံ့သာ လမ်းပိုင်းမှာလည်း နတ်အင်းရွာက စစ်အုပ်စုနှင့်ပျူတွေက ခရီးသွားတွေကို မိုက်ကြေးခွဲ၊ ဆက်ကြေးကောက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ် အပါအဝင် နိုင်ငံတဝန်းက စာသင်ကျောင်းတွေမှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေ အစောင့်ချထားတာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ် Crd- Mandalay Free Press MFP