တစ်နှစ်နီးပါးရပ်နားခဲ့သည့် KBZဘဏ် ATMမှ တစ်ပတ်လျှင် ကျပ်သုံးသိန်း ထုတ်ယူနိုင်ပြီဟုဆို
တစ်နှစ်နီးပါးရပ်နားခဲ့သည့် ATM ငွေထုတ်စက်များမှ ငွေသားထုတ်မှုများကို ဇွန်လ၉ ရက်ကစတင်ပြီး တစ်ပတ်လျှင် ကျပ်သုံးသိန်း ပြန်လည်ထုတ်ပေးမည်ဟု KBZဘဏ်က ထုတ်ပြန်သည်
ပြန်လည်ထုတ်ပေးမည့်မြို့များတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင်ဖြစ်ပြီး စုစုပေါင်း နေရာ ၄၇ ခုတွင် ထုတ်ပေးမည်ဟု KBZဘဏ်က ဆို သည်
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်စနစ်မှ ငွေသားထုတ်ယူခွင့်ကို စတင်ကန့်သတ်ခဲ့ပြီး ATM ငွေထုတ်စက်များမှ ငွေသားထုတ်ပေးခြင်းကို ၂၀၂၁ စက်တင်ဘာလဆန်းမှ စတင်ပြီး လုံးဝရပ်တန့်ခဲ့သည်
ငွေရေးကြေးရေးလောကမှ သမိုင်းဝင်ဖြစ်ရပ်ပါ ကိုယ့်ငွေကို ကိုယ်ပြန်ထုတ်ဖို့ ကန့်သတ်ခန့်ရပြီး အခုလို့ပြန်ထုတ်ခွင့်ပေးတာ ရီစရာလိုဖြစ်နေပြီ ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်
KBZဘဏ်၏ ထုတ်ပြန်ချက်အရ တစ်လလျှင် ၁၂သိန်းပြန်လည်ထုတ်ပေးမည်ဟု ကြေညာခြင်းဖြစ်ပြီး ထိုနှုန်းထားဖြင့် ဘဏ်များ ပြန်လည်လည်ပတ်နိုင်အောင် စစ်ကောင်စီက စတင်ကြိုးစားနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်
ရန်ကုန်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက တစ်ပတ် ၃သိန်းလောက်နဲ့ ဘာလုပ်လို့ရမှာလဲ။ ကိုယ့်ငွေနဲ့ကိုတောင် အခုလို ကန့်သတ်ခံရတာ။ ဘဏ်တွေကိုလည်း တော်တော်ကြောက်သွားပါပြီ ဟု ပြောသည်
စစ်ကောင်စီက ငွေသားအသစ်တွေ ရိုက်နှိပ်ပြီးတော့ ATMစက်ကနေ ပြည်သူတွေစီကို ဖြန့်ပေးဖို့ လုပ်တာဖြစ်မယ် ဟု အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်
ရိုးမဘဏ်ကလည်း ဇွန်လ ၃ ရက်ကစတင်ပြီး ATMစက်များမှ ငွေထုတ်ယူရကြောင်းကို ၎င်းတို့ လူမှုကွန်ရက်တွင်ကြေညာခဲ့ပြီးနောက် KBZဘဏ်ကလည်း ယခုလို ထုတ်ပြန်ကြေညာလာခြင်း ဖြစ်သည် Crd- People Spring
တစ္ႏွစ္နီးပါးရပ္နားခဲ့သည့္ KBZဘဏ္ ATMမွ တစ္ပတ္လၽွင္ က်ပ္သုံးသိန္း ထုတ္ယူနိုင္ၿပီဟုဆို
တစ္ႏွစ္နီးပါးရပ္နားခဲ့သည့္ ATM ေငြထုတ္စက္မ်ားမွ ေငြသားထုတ္မႈမ်ားကို ဇြန္လ၉ ရက္ကစတင္ၿပီး တစ္ပတ္လၽွင္ က်ပ္သုံးသိန္း ျပန္လည္ထုတ္ေပးမည္ဟု KBZဘဏ္က ထုတ္ျပန္သည္
ျပန္လည္ထုတ္ေပးမည့္ၿမိဳ႕မ်ားတြင္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ျဖစ္ၿပီး စုစုေပါင္း ေနရာ ၄၇ ခုတြင္ ထုတ္ေပးမည္ဟု KBZဘဏ္က ဆို သည္
စစ္တပ္အာဏာသိမ္းၿပီးေနာက္ ျပည္တြင္းဘဏ္စနစ္မွ ေငြသားထုတ္ယူခြင့္ကို စတင္ကန႔္သတ္ခဲ့ၿပီး ATM ေငြထုတ္စက္မ်ားမွ ေငြသားထုတ္ေပးျခင္းကို ၂၀၂၁ စက္တင္ဘာလဆန္းမွ စတင္ၿပီး လုံးဝရပ္တန႔္ခဲ့သည္
ေငြေရးေၾကးေရးေလာကမွ သမိုင္းဝင္ျဖစ္ရပ္ပါ ကိုယ့္ေငြကို ကိုယ္ျပန္ထုတ္ဖို႔ ကန႔္သတ္ခန႔္ရၿပီး အခုလို႔ျပန္ထုတ္ခြင့္ေပးတာ ရီစရာလိုျဖစ္ေနၿပီ ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္
KBZဘဏ္၏ ထုတ္ျပန္ခ်က္အရ တစ္လလၽွင္ ၁၂သိန္းျပန္လည္ထုတ္ေပးမည္ဟု ေၾကညာျခင္းျဖစ္ၿပီး ထိုႏႈန္းထားျဖင့္ ဘဏ္မ်ား ျပန္လည္လည္ပတ္နိုင္ေအာင္ စစ္ေကာင္စီက စတင္ႀကိဳးစားေနျခင္းျဖစ္သည္ဟု ၎က ဆိုသည္
ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သည့္ အမ်ိဳးသမီးတစ္ဦးက တစ္ပတ္ ၃သိန္းေလာက္နဲ႔ ဘာလုပ္လို႔ရမွာလဲ။ ကိုယ့္ေငြနဲ႔ကိုေတာင္ အခုလို ကန႔္သတ္ခံရတာ။ ဘဏ္ေတြကိုလည္း ေတာ္ေတာ္ေၾကာက္သြားပါၿပီ ဟု ေျပာသည္
စစ္ေကာင္စီက ေငြသားအသစ္ေတြ ရိုက္ႏွိပ္ၿပီးေတာ့ ATMစက္ကေန ျပည္သူေတြစီကို ျဖန႔္ေပးဖို႔ လုပ္တာျဖစ္မယ္ ဟု အျခားစီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္
ရိုးမဘဏ္ကလည္း ဇြန္လ ၃ ရက္ကစတင္ၿပီး ATMစက္မ်ားမွ ေငြထုတ္ယူရေၾကာင္းကို ၎တို႔ လူမႈကြန္ရက္တြင္ေၾကညာခဲ့ၿပီးေနာက္ KBZဘဏ္ကလည္း ယခုလို ထုတ္ျပန္ေၾကညာလာျခင္း ျဖစ္သည္ Crd- People Spring