Local News

မိသားစုလိုက် တော်လှန်ရေးသမားတွေ အဖြစ် ပြောင်းလဲခဲ့ကြတဲ့ Japan နိုင်ငံသား မိသားစု

လိပ်ပြာလုံမှုတွေကို လိပ်ပြာလုံစွာ ပြောကြည့်ကြပါစို့။တော်လှန် ပြည်သူတွေ …စိတ်အားတက်စေဖို့ ဒီစာကိုရေးတယ်။

တချို့ ခေတ်ပျက်အခွင့်အရေးသမားတွေ၊ နိုင်ငံခြားရောက် ဝေဖန်ရေး လေကန်ရေးဆရာကြီးတွေ ရှက်တတ်စေဖို့ ဒီစာကိုရေးတယ်။မနေ့က ကျနော့်မာမားက KNU ထဲက သူတို့ပုံလေးကိုကျနော် သတိရတဲ့အခါကြည့်ဖို့ဆိုပြီး လိုင်းရတုန်းအချိန်လေး ပို့ပေးလာခဲ့တယ်။

2021 ဖေဖော်ဝါရီလ 1 ရက်နေ့၊ မတရားသဖြင့်အာဏာသိမ်းမှုမတိုင်ခင် ပုံမှာပါတဲ့ ကျနော့်အမေဟာJapan မှာနေထိုင်ခဲ့တာ ဆယ့်ငါးနှစ်တောင်ကျော်ခဲ့ပြီမို့Japanနိုင်ငံသားဖြစ်နေခဲ့ပြီ။Japan NRC ပါရနေခဲ့ပြီးဖြစ်တယ်။

ကျနော်တို့ Defense Line ဝင်သွားပြီ ဆိုတဲ့အချိန်မှာ သူ ချက်ခြင်း ဒီနိုင်ငံကိုပြန်လာခဲ့တယ်။သားတွေအတွက် KNU ထဲကနေ ထောက်ပို့တစ်ယောက်လုပ်ပေးခဲ့တယ်။

လက်ရှိ မာမား ရှိရာနေရာသည်KNU နယ်မြေထဲက ရှေ့တန်းစစ်မြေပြင်မှာဘဲ ဖြစ်တယ်။တကယ့် ရဲရဲတောက် ဘာမထီ မိခင်တစ်ယောက်အဖြစ် သားတွေကို လမ်းပြပေးခဲ့တယ်။

ဆံပင်ရှေ့ချထားတာ ကျနော့် ညီ အရင်းခေါက်ခေါက်။လေးနှစ်ဘဲ ကွာတယ်။ Victoria University မှာ စကော်လာနဲ့ တက်ခွင့်ရခဲ့ပြီးတော့ UK ကနေပေးတဲ့ Archi ဘွဲ့ရထားပြီးဖြစ်တယ်။

လက်ရှိ Drone နဲ့တိုက်ခိုက်ရေး ပူးတွဲ တာဝန်ယူထားပြီး ရှေ့တန်းစစ်မြေပြင်မှာ ဒီတော်လှန်ရေးအတွက် တထောင့်တနေရာကနေ ပါဝင်နေတယ်။ကတုံးဆံပင်ပေါက်လေးနဲ့က ကျနော့် ညီဝမ်းကွဲလေး။

အသက် နှစ်ဆယ်မပြည့်သေးဘူး။ လျှပ်စစ်အင်ဂျင်နီယာ ဘွဲ့ရ တစ်ယောက်ဖြစ်တယ်။သူ့ အိမ်မက်တွေကို စွန့်ပြီး တော်လှန်ရေးထဲမှာသူ့ နောင်တော်များနည်းတူ ပါဝင်ခဲ့တယ်။PDF Sniper တစ်ယောက်အဖြစ် ရဲရင့်ပြခဲ့တယ်။

နောက်ဆုံး ကျနော် …

Greenwich University, UK ကပေးတဲ့ MBA ဘွဲ့ရလူငယ်တစ်ယောက်ဖြစ်တယ်။ English 4 Skills ကိုထမင်းစားရေသောက်မက ပြောတတ်ဆိုတတ်တယ်။ဘယ်နိုင်ငံသွားသွား Junior HR Manager Level ကိုတန်းဝင်လို့ရတယ်။ တစ်မိသားစုလုံးမှာလဲ Passport,Visa အရင်ထဲက အကုန်ရှိပြီးသားဖြစ်တယ်။

ဒါပေမယ့် ကျနော်တို့ မသွားခဲ့ကြဘူး။အခွင့်အရေးတွေကို မိသားစုလိုက် စွန့်ခဲ့ကြတယ်။မြို့ပေါ်မှာ ပုံမှန်ဘဝတွေအတိုင်းဆိုရင် ကားနဲ့ ကွန်ဒိုနဲ့ အေးဆေးနေလို့ရတဲ့ ဘဝတွေကနေ တောထဲမှာ ငတ်တလှည့် ပြတ်တလှည့် ရှေ့တန်းမှာ နေခဲ့ကြတယ်။

တချို့လူတွေ ရေပေါ်ဆီနေပြတာလောက်ကိုတော့ကိုယ်တွေက သနားတာပေါ့။ ဒီလူတွေ လုပ်ပြနေတာကကိုယ်တွေအတွက်ဆို တစ်ရက်သုံးစာတောင် မရှိလှဘူး။ဒါပေမယ့် မိသားစုလိုက် တော်လှန်ရေးသမားတွေ အဖြစ် ပြောင်းလဲခဲ့ကြတယ်။

ဘာဖြစ်လို့လဲ သိလား ?ကျနော်တို့က အမှန်တရားနဲ့ တရားမျှတမှု ရဲ့ မျက်ကွယ်မှာမနေနိုင်ကြလို့။ လိပ်ပြာလုံခြင်းရဲ့ဂုဏ်သိက္ခာကို အင်မတန်မှ တန်ဖိုးထားတတ်ကြလို့။

ကျွန်စိတ်တွေ ကင်းကြလို့ ဖြစ်တယ်။တော်လှန်ရေးကာလ အောင်မြင်စွာပြီးဆုံးချိန် …ကျနော်တို့ ရှင်သန်နိုင်ခဲ့မယ်ဆိုရင် တစ်ဘဝလုံးစာလက်မထောင်ရင်း ခေါင်းမော့ရင်ကော့ပြီး နေနိုင်အောင်၊ ဘယ်တော့မှ ငါတို့ အမှန်တရားဖက်ကရဲရဲရင့်ရင့် မနေခဲ့ရလေခြင်းဆိုတဲ့ နောင်တတွေမရအောင် တစ်မိသားစုလုံး ကြိုးစားနေကြတယ်။

လူတိုင်းမှာ အခွင့်အရေးတွေ ရှိပါတယ်။

ဒါပေမယ့် ကျနော်တို့နိုင်ငံ နွံထဲ နစ်နေတယ်။

အမှောင်တိုက်ထဲရောက်နေတယ်။

မတရားသဖြင့် ဖမ်းဆီးသ-တ်ဖြ-တ်ခြင်းတွေခံစားနေကြရတယ်။

Comfort Zone တွေကနေ ထွက်လာခဲ့လိုက်ပါ။

ဒီနိုင်ငံရဲ့ ခေတ်သစ်မှာ ထဲထဲဝင်ဝင်ပါဝင်လိုက်ကြပါ။

ခင်ဗျားတို့၊ ကျနော်တို့ အနာဂတ်တွေအတွက် ဖြစ်တယ်။

ကိုယ့်အတွက်ကိုယ်လုပ်နေကြတာ ဖြစ်တယ်။

ဘယ်တော့မှ ဒူးမထောက်နဲ့။

ဘယ်တော့မှ အားမလျှော့လိုက်နဲ့။

ငါတို့နိုင်ငံအရေး ငါတို့ မလုပ်ရင် ဘယ်သူလုပ်မလဲ ?

ငါတို့ အနာဂတ်အတွက် ငါတို့မှ မကြိုးစားရင်ဘယ်သူက လာကြိုးစားပေးမှာလဲ ?လာပါ … အတူရုန်းရအောင်။

ဘာကိုမှ မကြောက်ရတဲ့ ခေတ်ကို ပြန်သွားကြရအောင်။တော်ဝင်နောင် (MasK.)

Credit – Original Writer