Local News

အမျိုးသားဖြစ်သူကို ဖမ်းမမိ၍ နို့မပျက်သေးတဲ့ သားသည်မိခင် ဇနီးကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်

မကွေးတွင် စေတုတ္တရာ NLD လူငယ်တာဝန်ခံ ကိုဗိုလ်မင်းကို ဖမ်းမမိ၍ ၁ နှစ်သားအရွယ် သားသည်မိခင် ဇနီးမနှင်းမိုးခိုင်ကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်

ရန်ကုန်၊ ဇွန် ၁၁

မကွေးတိုင်းတွင် စေတုတ္တရာမြို့နယ် NLD လူငယ်တာဝန်ခံ ကိုဗိုလ်မင်းကို စစ်တပ်က ဖမ်းမမိ၍ ၁ နှစ်သားအရွယ် ကလေးမိခင် ဇနီး မနှင်းမိုးခိုင်ကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။

ဇွန်လ ၁၀ ရက်နေ့တွင် ကိုဗိုလ်မင်း၏ ဇနီး ကလေးမိခင် မနှင်းမိုးခိုင်ကို မင်းဘူးခရိုင်တရားသူကြီး ထွန်းထွန်းအောင်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀( ည) ဖြင့် ထောင်ဒဏ် ၁၅ နှစ်၊ ပုဒ်မ ၅၂ (က)အတွက် ထောင်ဒဏ် ၅ နှစ် စုစုပေါင်းထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နှစ် ဇူလိုင်လ ၁ ရက်နေ့တွင် စစ်တပ်နှင့်ရဲ အင်အား ၃၀ ခန့်က စေတုတ္တရာမြို့နယ် ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်လူငယ်တာဝန်ခံ ကိုဗိုလ်မင်းကို လာရောက် ဖမ်းဆီးရာတွင် မတွေ့ရသဖြင့် ဇနီးဖြစ်သူမနှင်းမိုးခိုင်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊

ယင်းနောက် ကိုဗိုလ်မင်းကို လာရောက် အဖမ်းခံရန်နှင့် ကိုဗိုလ်မင်းရှိသော နေရာကို ပြောရင် ဇနီးဖြစ်သူ မနှင်းမိုးခိုင်ကို ညှဉ်းပန်းနှိပ်စက်ကြောင်း၊ မနှင်းမိုးခိုင်က သူအမှန်တကယ်မသိရှိကြောင်း ပြောဆိုသောအခါ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်၍ ထောင်ဒဏ် ၂၀ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဖမ်းဆီးစဉ်ကာလ မနှင်းမိုးခိုင်က မီးဖွားထားတဲ့ ၁၃လအရွယ်သားသည် မိခင်ဖြစ်ပါတယ်။ သူ့ခင်ပွန်းကို ဗိုလ်မင်းကို ခေါ်ပေးဖို့ နှင့်သူရှိနေတဲ့နေရာကို ပြောပြဖို့ စစ်တပ်က ပြောတယ်။

မနှင်းမိုးခိုင်က သူ၏ယောက်ျား ရှောင်တိမ်းနေတာကြာပြီဖြစ်လို့ သူနဲ့မဆက်သွယ်ကြောင်း မသိကြောင်းပြောတဲ့အခါ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထောင်ချတာပါပဲ။

မနှင်းမိုးခိုင်ရဲ့ခင်ပွန်း ကိုဗိုလ်မင်းက NLD မြို့နယ် လူငယ်တာဝန်ခံ ဖြစ်တဲ့အပြင် အာဏာသိမ်းမှုနောက်ပိုင်း စေတုတ္တရာမြို့နယ် ဆန္ဒပြ လူထုသပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်” ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။

မနှင်းမိုးခိုင် ဖမ်းဆီးခံရသဖြင့် ကလေးဖြစ်သူကို ခင်ပွန်း၏ အကိုကြီးဖြစ်သူထံ အပ်နှံထားခဲ့သော်လည်း ဧပြီလ ၂ ရက်နေ့တွင် ခင်ပွန်းဖြစ်သူ၏ အကိုကြီးကိုပါ စစ်တပ်က လာရောက်ဖမ်းဆီးပြီး မကွေးထောင် (ဒေါင်းနေထောင်)တွင် ဖမ်း ဆီး ထားသဖြင့် ကလေးမှာ ထိန်းသိမ်းစောင့်ရှောက်သူ မရှိဘဲ ဒုက္ခရောက် အခက်တွေ့နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရသော မနှင်းမိုးခိုင်ကို ၁၃ လအရွယ် သားငယ်နှင့်အတူတွေ့ရစဉ်။

Zawgyi

မေကြးတြင္ ေစတုတၱရာ NLD လူငယ္တာဝန္ခံ ကိုဗိုလ္မင္းကို ဖမ္းမမိ၍ ၁ ႏွစ္သားအရြယ္ သားသည္မိခင္ ဇနီးမႏွင္းမိုးခိုင္ကို ဖမ္းဆီးၿပီး ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္

ရန္ကုန္၊ ဇြန္ ၁၁

မေကြးတိုင္းတြင္ ေစတုတၱရာၿမိဳ႕နယ္ NLD လူငယ္တာဝန္ခံ ကိုဗိုလ္မင္းကို စစ္တပ္က ဖမ္းမမိ၍ ၁ ႏွစ္သားအရြယ္ ကေလးမိခင္ ဇနီး မႏွင္းမိုးခိုင္ကို ဖမ္းဆီးၿပီး ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္လိုက္ေၾကာင္း မိသားစုဝင္မ်ားထံမွ သိရွိရသည္။

ဇြန္လ ၁၀ ရက္ေန႔တြင္ ကိုဗိုလ္မင္း၏ ဇနီး ကေလးမိခင္ မႏွင္းမိုးခိုင္ကို မင္းဘူးခရိုင္တရားသူႀကီး ထြန္းထြန္းေအာင္က အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀( ည) ျဖင့္ ေထာင္ဒဏ္ ၁၅ ႏွစ္၊ ပုဒ္မ ၅၂ (က)အတြက္ ေထာင္ဒဏ္ ၅ ႏွစ္ စုစုေပါင္းေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ယမန္ႏွစ္ ဇူလိုင္လ ၁ ရက္ေန႔တြင္ စစ္တပ္ႏွင့္ရဲ အင္အား ၃၀ ခန႔္က ေစတုတၱရာၿမိဳ႕နယ္ ၊အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ၿမိဳ႕နယ္လူငယ္တာဝန္ခံ ကိုဗိုလ္မင္းကို လာေရာက္ ဖမ္းဆီးရာတြင္ မေတြ႕ရသျဖင့္ ဇနီးျဖစ္သူမႏွင္းမိုးခိုင္ကို ဓားစာခံအျဖစ္ ဖမ္းဆီးခဲ့ေၾကာင္း၊

ယင္းေနာက္ ကိုဗိုလ္မင္းကို လာေရာက္ အဖမ္းခံရန္ႏွင့္ ကိုဗိုလ္မင္းရွိေသာ ေနရာကို ေျပာရင္ ဇနီးျဖစ္သူ မႏွင္းမိုးခိုင္ကို ညႇဥ္းပန္းႏွိပ္စက္ေၾကာင္း၊ မႏွင္းမိုးခိုင္က သူအမွန္တကယ္မသိရွိေၾကာင္း ေျပာဆိုေသာအခါ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္၍ ေထာင္ဒဏ္ ၂၀ ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“ဖမ္းဆီးစဥ္ကာလ မႏွင္းမိုးခိုင္က မီးဖြားထားတဲ့ ၁၃လအရြယ္သားသည္ မိခင္ျဖစ္ပါတယ္။ သူ႔ခင္ပြန္းကို ဗိုလ္မင္းကို ေခၚေပးဖို႔ ႏွင့္သူရွိေနတဲ့ေနရာကို ေျပာျပဖို႔ စစ္တပ္က ေျပာတယ္။

မႏွင္းမိုးခိုင္က သူ၏ေယာက္်ား ေရွာင္တိမ္းေနတာၾကာၿပီျဖစ္လို႔ သူနဲ႔မဆက္သြယ္ေၾကာင္း မသိေၾကာင္းေျပာတဲ့အခါ အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္ေထာင္ခ်တာပါပဲ။

မႏွင္းမိုးခိုင္ရဲ့ခင္ပြန္း ကိုဗိုလ္မင္းက NLD ၿမိဳ႕နယ္ လူငယ္တာဝန္ခံ ျဖစ္တဲ့အျပင္ အာဏာသိမ္းမႈေနာက္ပိုင္း ေစတုတၱရာၿမိဳ႕နယ္ ဆႏၵၿပ လူထုသပိတ္ေခါင္းေဆာင္တစ္ဦး ျဖစ္ပါတယ္” ဟု မိသားစုႏွင့္နီးစပ္သူက ေျပာသည္။

မႏွင္းမိုးခိုင္ ဖမ္းဆီးခံရသျဖင့္ ကေလးျဖစ္သူကို ခင္ပြန္း၏ အကိုႀကီးျဖစ္သူထံ အပ္ႏွံထားခဲ့ေသာ္လည္း ဧၿပီလ ၂ ရက္ေန႔တြင္ ခင္ပြန္းျဖစ္သူ၏ အကိုႀကီးကိုပါ စစ္တပ္က လာေရာက္ဖမ္းဆီးၿပီး မေကြးေထာင္ (ေဒါင္းေနေထာင္)တြင္ ဖမ္း ဆီး ထားသျဖင့္ ကေလးမွာ ထိန္းသိမ္းေစာင့္ေရွာက္သူ မရွိဘဲ ဒုကၡေရာက္ အခက္ေတြ႕ေနရေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္ခံရေသာ မႏွင္းမိုးခိုင္ကို ၁၃ လအရြယ္ သားငယ္ႏွင့္အတူေတြ႕ရစဥ္။