Local News

အညာအထာ ဗျုဟာအောက်မှာ သက်ဆင်းသွားသော မအလ

___________________________________






ရလဒ်က ကြွတာပဲ လာသမျှ ပို့သမျှ မြေဩဇာပဲ မွှင်းခါးချက်ပဲ ဒီတော့ ဒီကောင်တွေ လက်နက်မရှိဘူး လက်လုပ်တွေက မီတာ ၂၀၀ပိုမရောက်ဘူး တက်ကြဟေ့ဆို့တဲ့ကောင်တွေမှန်သမျှ စနိုက်ပါရော ဂမ်းရော အော်တိုတွေရော အစုံသုတ်ဖုပ်ပြပြီး ပဒေသာကို အကွင်းလိုက်ပါ နှစ်ထပ်ကွင်း သုံးထပ်ကွင်းတွေပါမိပြီး ရစရာမရှိအောင် တပ်ရင်းလိုက်တွေ ပျောက်ထွက်သွားတော့ မအလ ဒေါခွီးပြီပေါ့



– NUG က‌ ထောက်ပံ့ပေးတယ်


– စခတွေဆီက ရတယ်





#နန်းကြည်ညိုဝေ ✊🏻

ပြည်သူ့ဗျုဟာအောက်မှာ သက်ဆင်းသွားသော မအလ
___________________________________

ပြည်သူက လက်နက်မရှိဘူး ပေးပါအော်နေတော့ စကစက အထင်သေးပြီး စစ်ဆင်ရေးတွေ သွားလုပ်တယ်

အမှန်က နေရာစုံမှာ လက်နက်တွေက နေရာစုံ အတန်သင့် ရှိနေပြီ ဒါကို မသိ ပြည်သူအော်ချက်သာ ကြည့်ပြီး နိုင်လို့ စီးလို့ ရမည့်နေရာတွေ တပ်တွေ လွှတ်တော့ မိုင်းရော မောင်းပြန် ရိုင်ဖယ်တွေနဲ့ရောဆို သေပေါ့

ဒါကြောင့် ဆက်တိုက် နေ့စဉ်ရက်ဆက်နဲ့ အမြဲလို တိုက်တိုင်းရှုံး ပြေးနေကြရတာပဲ

မဆိုးပါဘူး ဒါလည်း စစ်ရေး ဗျုဟာ အလုပ်ဖြစ်တယ် အချို့ဆို ဘယ်နေရာ ဒေသတွေမှာ လက်နက်ရှိမှန်းတောင် မသိပဲ စွတ်ပြီး လက်နက်မပေးလို့ အော်ဆဲနေတယ်

သိသူက မပြောပဲ အဆင်းဘီးတပ်ပေးပြီး လက်နက်မရှိဘူး စခတွေသာတော့မှာပဲ ဝိုင်းကြပ်တော့ မအလတို့နားတော်မှာ ဒီကောင်တွေ တူမီးအဆင့်နဲ့ လက်နက်မရှိတဲ့ကောင်တွေဆိုပြီး နေရာကိုမြေပုံထောက် အမြန်စေလွှတ် တက်သိမ်းခိုင်းတယ်

ရလဒ်က ကြွတာပဲ လာသမျှ ပို့သမျှ မြေဩဇာပဲ မွှင်းခါးချက်ပဲ ဒီတော့ ဒီကောင်တွေ လက်နက်မရှိဘူး လက်လုပ်တွေက မီတာ ၂ဝဝပိုမရောက်ဘူး တက်ကြဟေ့ဆိူ့တဲ့ကောင်တွေမှန်သမျှ စနိုက်ပါရော ဂမ်းရော အော်တိုတွေရော အစုံသုတ်ဖုပ်ပြပြီး ပဒေသာကို အကွင်းလိုက်ပါ နှစ်ထပ်ကွင်း သုံးထပ်ကွင်းတွေပါမိပြီး ရစရာမရှိအောင် တပ်ရင်းလိုက်တွေ ပျောက်ထွက်သွားတော့ မအလ ဒေါခွီးပြီပေါ့

သူက အထင်သေးပြီး အသစ်တွေ ပေးမသုံ့းပဲ သံချေးတက်တွေချည်း လူရော လက်နက်ရော အဆုံးခံသည့်ပုံစံနဲ့ အောင်ပွဲရယူဖို့အတွက် မဟုတ်ပဲ စေလွတ်နေတော့ သိသူတွေက ပြေးကြရော

ကဲ ခုတော့ ဘယ့်နှယ့်ရှိစ ဒါသည်ပင် ပြည်သူ့အောင်ပွဲ မဟာဗျူဟာ မဟုတ်ပါလား ဒါဆိုမေးစရာရှိတယ် လက်နက်တွေ ဘယ်ကရလဲဆို

– NUG က‌ ထောက်ပံ့ပေးတယ်

– ပြည်သူက ကူလှူဝယ်ပေးတယ်

– စခတွေဆီက ရတယ်

– EAO တွေက ပံ့ပိုးပေးတယ်

ဒါသည်ပင် ညီညွတ်မှု ရလဒ်အားပင်ဆိုတာနဲ့ တော်လှန်ရေးအောင်ပွဲ အသီးပွင့်ပဲဆိုတာ အမှန်ဆို ခုခြေနေက လက်နက်က နေရာစုံ တော်သင့်သလောက် ရှိနေ ရနေကြပြီ လူများတော့ အချို့နေရာတွေ မလောက်ငှကြလို့သာ လူနဲ့ လက်နက်မမျှပဲ လူစုံစေ့ မရသေးပေမယ့် တကယ်ဖိုက်နေတဲ့နေရာတွေ ရောက်ရှိနေကြပါပြီဆိုတာ အသိပေးရင်း

အရေးတော်ပုံ အောင်မြင်ဖို့ အရွေ့ကို ဆက်ရွေ့တွန်းကြပါစို့ လိုအပ်နေတဲ့ နေရာတွေအတွက် ကျည် လက်နက် ယမ်းဖိုး ရိက္ခာ ဆက်ပြီး ကူညီ ထောက်ပံ့ကြဦး‌စို့ တော်လှန်ရေးပြီးမြောက်မှ မိမိပေးဆပ်ထားမှု မှန်သမျှ သားမြစ်တွေအတွက် ရင်းနှီးထားတယ်သဘောထားပြီး ပညာ ဂုဏ်ငွေ အေးချမ်းမှု တရားမျှတ ရှင်သန်မှုနဲ့ နိုင်ငံတိုးတတ်မှုတွေကို အတိုးအရင်းပါ ခံစား မျှဝေ မျိုးဆက်များအတွက် အရပြန်ယူပေးကြစို့လား

အရေးတော်ပုံ အောင်ရမည် ‼️

#နန်းကြည်ညိုဝေ ✊🏻