Local News

ဆီပန႔္နဲ႔ မဟုတ္ဘဲ ေရသန႔္ဗူးျဖင့္ဓာတ္ဆီေရာင္းသည့္ လမ္းေဘးဆိုင္မ်ား မပိတ္ထားရင္ အေရးယူခံရမည္

ေတာင္ႀကီးတြင္ ေရသန႔္ဗူးျဖင့္ ဓာတ္ဆီေရာင္းခ်သည့္ဆိုင္မ်ားကို စစ္ေကာင္စီပိတ္ခိုင္း

မဲေခါင္၊ ‌ဇြန္ ၁၁

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ ေရသန႔္ဗူး၊ ဖန္ပုလင္းမ်ားျဖင့္ ေရာင္းခ်ေနသည့္ တစ္ပိုင္တစ္နိုင္အေသးစား စက္သုံးဆီဆိုင္မ်ားကိုအာဏာသိမ္းစစ္ေကာင္စီက ယမန္ေန႔က လာေရာက္၍ ပိတ္သိမ္းခိုင္းထားေၾကာင္း ေဒသခံဓာတ္ဆီေရာင္းခ်သူမ်ားထံမွ သိရသည္။

အာဏာသိမ္းစစ္ေကာင္စီလက္ေအာက္ခံ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၊ ရဲတပ္ဖြဲ႕ႏွင့္ မီးသတ္တပ္ဖြဲ႕မ်ား ပါဝင္သည့္အဖြဲ႕က တစ္ပိုင္တစ္နိုင္ဓာတ္ဆီဆိုင္မ်ားသို႔ လာေရာက္ကာ ေရာင္းခ်ခြင့္မရွိ၍ ပိတ္သိမ္းထားရမည္ျဖစ္ေၾကာင္း လာေရာက္ေျပာဆိုသြားသည္ဟု ဓာတ္ဆီေရာင္းခ်သူတစ္ဦးက ေျပာသည္။

ပန္စ့္နဲ႔ ေရာင္းခ်တာမဟုတ္ရင္ မေရာင္းရဘူး၊ လိုင္စင္လည္း မရွိဘူးေပါ့။ ပိတ္ထားရမယ္၊ မပိတ္ရင္ အေရးယူမယ္လို႔ ေျပာသြားတယ္။ တစ္နိုင္ငံလုံးဒီလိုပဲ ေရာင္းေနၾကတာကို၊ အခုမွအထူးအဆန္းေတြ လုပ္ေနတာ

ပန္စ့္ေတြစီးပြားပ်က္ေလာက္ေအာင္ ေရာင္းေနတာလည္းမဟုတ္ဘူး။ လမ္းမွာဆီျပတ္တဲ့သူေတြ အဆင္ေျပေအာင္လို႔ အဲဒီပန္စ့္ေတြကေနပဲ ျပန္ဝယ္ၿပီး ပုလင္းနဲ႔ ေရာင္းေပးေနတာပါ ဟု ၎ကေျပာသည္

ေတာင္ႀကီးၿမိဳ႕တြင္ ေရသန႔္ဗူး၊ ဖန္ပုလင္းမ်ားျဖင့္ ဓာတ္ဆီေရာင္းခ်သည့္ဆိုင္မ်ားကို ပိတ္ခိုင္းျခင္းသည္ ပထမဆုံးအႀကိမ္ၾကဳံေတြ႕ရျခင္းျဖစ္ၿပီး ၎တို႔သည္ ဒီဇယ္မ်ားကိုပါပင္ ေရာင္းခ်ျခင္းမရွိဘဲ

ဓာတ္ဆီမ်ားကိုသာ က်ပ္၁ဝဝဝဖိုးမွ ၃၀၀၀ ဖိုးအထိသာ ေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း အေနာက္ၿမိဳ႕ပါတ္လမ္း၌ ႏွစ္ေပါင္း ၂၀ ေက်ာ္ၾကာ ဓာတ္ဆီေရာင္းခ်ေနသူ တစ္ဦးကေျပာသည္

ထို႔အျပင္ ေတာင္ႀကီးၿမိဳ႕တြင္ ပန္စ့္ျဖင့္ေရာင္းခ်သည့္ စက္သုံးဆီအေရာင္းဆိုင္မ်ားကိုလည္း အာဏာသိမ္းစစ္ေကာင္စီလက္ထက္၌ ဆက္လက္တာဝန္ထမ္းေဆာင္ေနသည့္ မီးသတ္တပ္ဖြဲ႕က ၎တို႔ထံမွ တစ္ဆိုင္လၽွင္ မီးသတ္ေဆးဗူး ၁၀ ဗူးစီ မျဖစ္မေနဝယ္ယူခိုင္းထားေၾကာင္း သိရသည္

စစ္တပ္မွ မဲစာရင္းအေၾကာင္းျပ၍ အာဏာမသိမ္းခင္က ရွမ္းျပည္နယ္၏ၿမိဳေတာ္၊ ေတာင္ႀကီးၿမိဳ႕တြင္ ဓာတ္ဆီ တစ္လီတာလၽွင္ ၈၀၀ က်ပ္ဝန္းက်င္သာ ေပါက္ေဈးရွိခဲ့ေသာ္လည္း ယခုအခါ ၂၅၀၀ က်ပ္ဝန္းက်င္အထိ ေပါက္ေဈးရွိလာ၍ ၿမိဳ႕ေနလူတန္းစားအားလုံး အခက္အခဲမ်ားစြာျဖင့္ ရင္ဆိုင္ေနရေၾကာင္းကိုလည္း သိရသည္။

Crd- Me Kong News
တောင်ကြီးတွင် ရေသန့်ဗူးဖြင့် ဓာတ်ဆီရောင်းချသည့်ဆိုင်များကို စစ်ကောင်စီပိတ်ခိုင်း

မဲခေါင်၊ ဇွန် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ရေသန့်ဗူး၊ ဖန်ပုလင်းများဖြင့် ရောင်းချနေသည့် တစ်ပိုင်တစ်နိုင်အသေးစား စက်သုံးဆီဆိုင်များကိုအာဏာသိမ်းစစ်ကောင်စီက ယမန်နေ့က လာရောက်၍ ပိတ်သိမ်းခိုင်းထားကြောင်း ဒေသခံဓာတ်ဆီရောင်းချသူများထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ ပါဝင်သည့်အဖွဲ့က တစ်ပိုင်တစ်နိုင်ဓာတ်ဆီဆိုင်များသို့ လာရောက်ကာ ရောင်းချခွင့်မရှိ၍ ပိတ်သိမ်းထားရမည်ဖြစ်ကြောင်း လာရောက်ပြောဆိုသွားသည်ဟု ဓာတ်ဆီရောင်းချသူတစ်ဦးက ပြောသည်။

ပန်စ့်နဲ့ ရောင်းချတာမဟုတ်ရင် မရောင်းရဘူး၊ လိုင်စင်လည်း မရှိဘူးပေါ့။ ပိတ်ထားရမယ်၊ မပိတ်ရင် အရေးယူမယ်လို့ ပြောသွားတယ်။ တစ်နိုင်ငံလုံးဒီလိုပဲ ရောင်းနေကြတာကို၊ အခုမှအထူးအဆန်းတွေ လုပ်နေတာ

ပန်စ့်တွေစီးပွားပျက်လောက်အောင် ရောင်းနေတာလည်းမဟုတ်ဘူး။ လမ်းမှာဆီပြတ်တဲ့သူတွေ အဆင်ပြေအောင်လို့ အဲဒီပန်စ့်တွေကနေပဲ ပြန်ဝယ်ပြီး ပုလင်းနဲ့ ရောင်းပေးနေတာပါ ဟု ၎င်းကပြောသည်

တောင်ကြီးမြို့တွင် ရေသန့်ဗူး၊ ဖန်ပုလင်းများဖြင့် ဓာတ်ဆီရောင်းချသည့်ဆိုင်များကို ပိတ်ခိုင်းခြင်းသည် ပထမဆုံးအကြိမ်ကြုံတွေ့ရခြင်းဖြစ်ပြီး ၎င်းတို့သည် ဒီဇယ်များကိုပါပင် ရောင်းချခြင်းမရှိဘဲ

ဓာတ္ဆီမ်ားကိုသာ ကျပ်၁ဝဝဝဖိုးမှ ၃၀၀၀ ဖိုးအထိသာ ရောင်းချနေခြင်းဖြစ်ကြောင်း အနောက်မြို့ပါတ်လမ်း၌ နှစ်ပေါင်း ၂၀ ကျော်ကြာ ဓာတ်ဆီရောင်းချနေသူ တစ်ဦးကပြောသည်

ထို့အပြင် တောင်ကြီးမြို့တွင် ပန်စ့်ဖြင့်ရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်များကိုလည်း အာဏာသိမ်းစစ်ကောင်စီလက်ထက်၌ ဆက်လက်တာဝန်ထမ်းဆောင်နေသည့် မီးသတ်တပ်ဖွဲ့က ၎င်းတို့ထံမှ တစ်ဆိုင်လျှင် မီးသတ်ဆေးဗူး ၁၀ ဗူးစီ မဖြစ်မနေဝယ်ယူခိုင်းထားကြောင်း သိရသည်

စစ်တပ်မှ မဲစာရင်းအကြောင်းပြ၍ အာဏာမသိမ်းခင်က ရှမ်းပြည်နယ်၏မြိုတော်၊ တောင်ကြီးမြို့တွင် ဓာတ္ဆီ တစ်လီတာလျှင် ၈၀၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့သော်လည်း ယခုအခါ ၂၅၀၀ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိလာ၍ မြို့နေလူတန်းစားအားလုံး အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်းကိုလည်း သိရသည်။

Crd- Me Kong News