Local News

ယောက်ျားတစ်ယောက် ငိုတာကို စိတ်ရှည်လက်ရှည်နားထောင်ရင်း ကိုယ်ပါ မျက်ရည်ဝဲရတယ် ဆိုတဲ့ပန်ဆယ်လို

ဒီကာလမွာ စိတ္ပိုင္းဆိုင္ရာ အကူအညီကလည္း အင္မတန္ အေရးႀကီးတယ္။ တိုင္းျပည္က စုတ္ျပတ္သတ္ၿပီး ဒုကၡေပါင္းစုံ မလုံျခဳံမႈေပါင္းစုံ အေၾကာက္တရားေပါင္းစုံ မေျပလည္မႈေပါင္းစုံနဲ႔ ၾကဳံေတြ႕ေနရတဲ့ အခ်ိန္မွာ ျပည္တြင္းေရာ ျပည္ပေရာ ေနသာသလို ေနနိုင္တဲ့ ႏွလုံးသားမ်ိဳး မရွိသူတိုင္း ေပ်ာ္ရႊင္မေနၾကပါဘူး။

သိပ္မၾကာေသးခင္က ကိစၥေလးတစ္ခုေပါ့။ ေဖ့စ္ဘုတ္ဖရန႔္တစ္ေယာက္က ပိုစ့္တင္တယ္။ အျပင္မွာလည္း မသိပါဘူး။ သူ႔ပိုစ့္က ထူးဆန္းေနတယ္။ သူတို႔ တစ္ေယာက္ေယာက္က စကားေျပာဖို႔ ဖုန္းေခၚေပးနိုင္မလားဆိုၿပီး သူ႔ဖုန္းနံပါတ္ေလး ေရးထားတယ္။

ကိုယ္က ပုံမွန္ဆိုရင္ ဖုန္းေျပာရတာ ပ်င္းတဲ့သူ။ ဒါေပမယ့္ သူ႔စေတးတပ္စ္ကို ဖတ္ရတာ တစ္ခုခု ခံစားလိုက္ရတယ္။ ကူကယ္ရာမဲ့ေနတဲ့ အသံကိုပါ ၾကားလိုက္ရသလိုမ်ိဳး။

သူကလည္း USကပဲဆိုေတာ့ ကိုယ္ ခ်က္ခ်င္းပဲ သူ႔နံပါတ္ကို ဖုန္းေခၚလိုက္တယ္။ ဖုန္းေခၚေပးပါဆိုလို႔ပါလို႔ ေျပာလိုက္ေတာ့ သူငိုတယ္။ ငိုတာမွ အၾကာႀကီးပဲ။ ကိုယ့္ဘဝမွာ ေယာက္်ားတစ္ေယာက္ ငိုတာကို မျမင္ဖူး မၾကားဖူးခဲ့ဘူး။ သူငိုတာကို စိတ္ရွည္လက္ရွည္နားေထာင္ရင္း ကိုယ္ပါ မ်က္ရည္ဝဲရတယ္။

US ေရာက္ ခ်င္းတိုင္းရင္းသား တစ္ေယာက္ပါပဲ။ သူ႔ညီအစ္ကိုေတြ သူငယ္ခ်င္းေတြထဲက တိုက္ပြဲက်တယ္။ ဒီဘက္မွာက အထီးက်န္တယ္။ အျခားေသာ မေျပလည္မႈေတြလည္း ရွိလိမ့္မယ္။ ကိုယ္ကေတာ့ သူေျပာတာ နားေထာင္ေပးျဖစ္တယ္။ အားေပးစကားေတြ Motivation ေတြ ဇြတ္ေျပာေနတာထက္ နားေထာင္ေပး႐ုံက ပိုအသုံးဝင္တဲ့ အခ်ိန္ေတြ ရွိတယ္။ သူက ေက်းဇူးတင္ေၾကာင္း ေျပာတယ္။ သူ အခုနကဆို တခုခုလုပ္ျဖစ္ေတာ့မယ္ဆိုတဲ့စိတ္မ်ိဳးျဖစ္လာလို႔ တစ္ေယာက္ေယာက္နဲ႔ စကားေျပာၾကည့္ဖို႔ ႀကိဳးစားတာပါတဲ့။ ဘယ္သူမွ ဆက္လာမယ္ ထင္မထားဘူးတဲ့။

ကိုယ္ကေတာ့ အားေပးစကားေတြထက္ နားလည္တယ္ဆိုတာရယ္၊ ကိုယ္တစ္ေယာက္တည္း ၾကဳံေနရတာ မဟုတ္ဘူးဆိုတာရယ္ကိုပဲ ပါးပါးေလး ေျပာျဖစ္တာပါပဲ။ ေနာက္ပိုင္းေတာ့ သူျပန္အဆင္ေျပသြားပုံေပၚပါတယ္။ ၾကည္ၾကည္သာသာ Status ေလးေတြ ေတြ႕ရတယ္။

ၿပီးခဲ့တဲ့ ႏွစ္ပတ္ေလာက္က ကိုယ္လည္း အဲ့လိုစိတ္ ထျဖစ္တယ္။ အေၾကာင္းအရာ မယ္မယ္ရရမရွိဘဲ လမ္းေပ်ာက္သလို ေရွ႕မဆက္ခ်င္ေတာ့သလို ခံစားခ်က္မ်ိဳးက ေရနစ္သလိုပဲ။ လူဆိုတာက ေသခ်င္တယ္ဆိုတဲ့စိတ္က ခ်က္ခ်င္းေပၚလာၿပီး ခ်က္ခ်င္းမွာပဲ ျဖစ္သြားနိုင္တာမ်ိဳးမဟုတ္လား။

ကိုယ္ မိတ္ေဆြတစ္ေယာက္စီ စာပို႔လိုက္တယ္။ စကားေျပာဖို႔ထက္ စာရိုက္ၿပီး ေျပာခ်င္ေနတာမ်ိဳး။ ကိုယ့္မွာ လူတစ္ေယာက္ေရွ႕ ငိုခ်ဖို႔ သတၱိကလည္း မရွိ။ မိတ္ေဆြကလည္း စာေရးဆရာပီပီ စာမ်က္ႏွာ ေလးမ်က္ႏွာပါတဲ့ စာအရွည္ႀကီးကို PDF File နဲ႔ကို ျပန္ပို႔လာတယ္။ စာရွည္ေပမယ့္ ကိုယ့္အတြက္ေတာ့ စာတစ္ေၾကာင္းမွ ပစ္စရာမရွိတဲ့ နည္းလမ္းေလးေတြပါပဲ။ အခုဆိုရင္ ကိုယ္က သူေျပာတဲ့အခ်က္ေလးေတြ တစ္ခ်က္စီ လိုက္လုပ္ျဖစ္ရင္း အနည္းငယ္အဆင္ေျပလာခဲ့ၿပီ။

ဒီကာလမွာ ကိုယ္ေတြအခ်င္းခ်င္း စိတ္ပိုင္းဆိုင္ရာ ေဖးမၾကဖို႔ လိုအပ္တယ္။ ငါနားလည္ပါတယ္ကြာဆိုတဲ့ စကားေလးတစ္ခြန္းကလည္း လူတစ္ေယာက္ကို အသက္ဆက္ရွင္ဖို႔ အေၾကာင္းျပခ်က္ ရသြားေစတာပဲ။

လူ႔ဘဝဆိုတာ တည္းတည္းေလးပါပဲ။ အစြန္အဖ်ားေလးမွာ ရွင္သန္ဖို႔ အေၾကာင္းျပခ်က္ေလးေတြ တစ္ခုခ်င္းစီကို ဆြဲယူရင္း ကုတ္ကပ္အသက္ရွင္ေနၾကရတာ။ ေသလိုက္ဖို႔ဆိုတာ အဲ့စိတ္ေလးကို အလုံးစုံလႊတ္ခ်လိုက္႐ုံေလာက္ပါပဲ။

တစ္ေယာက္ေယာက္ကို ငါရွိတယ္၊ ငါတို႔ရွိတယ္ေနာ္၊ ငါနားလည္ပါတယ္၊ ငါတို႔နားလည္တယ္ဆိုတာေလာက္ကို ကိုယ္တို႔က အဆင္သင့္ရွိေပးေနၾကသင့္တယ္ မဟုတ္လား။ ခ်စ္ရသူေတြ လႊတ္ခ်သြားတာကို ထိုင္ၾကည့္ေနရမွာထက္ အခြင့္အေရးရွိမယ္ဆိုရင္ ဖမ္းယူဆြဲထားနိုင္လိုက္သင့္တယ္ မဟုတ္လား။

အမုန္းတရားေတြနဲ႔ ျပည့္ႏွက္ေနတဲ့စိတ္ထဲမွာ ခ်စ္ျခင္းေမတၱာအေၾကာင္း မၾကာခဏ ျပန္ေတြးရင္း ေရွ႕ဆက္ေနရတဲ့ ရက္ေတြပါပဲ။ ထူးေထြလည္း သန္မာမေနပါဘူး။ ေသရတာထက္ ေနရတာခက္တဲ့ ကာလေတြမွာ ငါက ခက္ခဲတာေတြပဲ လုပ္မွာဆိုၿပီး မာန္တင္းထား႐ုံပါပဲ။ကူကယ္ရာမဲ့သူေတြရဲ့ အသံတိုးတိုးေလးေတြကို ပိုမိုနားစိုက္ေထာင္ၾကရင္း အခ်င္းခ်င္း ကယ္တင္ရွင္သန္ၾကရမွာပါပဲ။

ပန္ဆယ္လို

ဒီကာလမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီကလည်း အင်မတန် အရေးကြီးတယ်။ တိုင်းပြည်က စုတ်ပြတ်သတ်ပြီး ဒုက္ခပေါင်းစုံ မလုံခြုံမှုပေါင်းစုံ အကြောက်တရားပေါင်းစုံ မပြေလည်မှုပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာ ပြည်တွင်းရော ပြည်ပရော နေသာသလို နေနိုင်တဲ့ နှလုံးသားမျိုး မရှိသူတိုင်း ပျော်ရွှင်မနေကြပါဘူး။

သိပ်မကြာသေးခင်က ကိစ္စလေးတစ်ခုပေါ့။ ဖေ့စ်ဘုတ်ဖရန့်တစ်ယောက်က ပိုစ့်တင်တယ်။ အပြင်မှာလည်း မသိပါဘူး။ သူ့ပိုစ့်က ထူးဆန်းနေတယ်။ သူတို့ တစ်ယောက်ယောက်က စကားပြောဖို့ ဖုန်းခေါ်ပေးနိုင်မလားဆိုပြီး သူ့ဖုန်းနံပါတ်လေး ရေးထားတယ်။

ကိုယ်က ပုံမှန်ဆိုရင် ဖုန်းပြောရတာ ပျင်းတဲ့သူ။ ဒါပေမယ့် သူ့စတေးတပ်စ်ကို ဖတ်ရတာ တစ်ခုခု ခံစားလိုက်ရတယ်။ ကူကယ်ရာမဲ့နေတဲ့ အသံကိုပါ ကြားလိုက်ရသလိုမျိုး။

သူကလည်း USကပဲဆိုတော့ ကိုယ် ချက်ချင်းပဲ သူ့နံပါတ်ကို ဖုန်းခေါ်လိုက်တယ်။ ဖုန်းခေါ်ပေးပါဆိုလို့ပါလို့ ပြောလိုက်တော့ သူငိုတယ်။ ငိုတာမှ အကြာကြီးပဲ။ ကိုယ့်ဘဝမှာ ယောက်ျားတစ်ယောက် ငိုတာကို မမြင်ဖူး မကြားဖူးခဲ့ဘူး။ သူငိုတာကို စိတ်ရှည်လက်ရှည်နားထောင်ရင်း ကိုယ်ပါ မျက်ရည်ဝဲရတယ်။

US ရောက် ချင်းတိုင်းရင်းသား တစ်ယောက်ပါပဲ။ သူ့ညီအစ်ကိုတွေ သူငယ်ချင်းတွေထဲက တိုက်ပွဲကျတယ်။ ဒီဘက်မှာက အထီးကျန်တယ်။ အခြားသော မပြေလည်မှုတွေလည်း ရှိလိမ့်မယ်။ ကိုယ်ကတော့ သူပြောတာ နားထောင်ပေးဖြစ်တယ်။ အားပေးစကားတွေ Motivation တွေ ဇွတ်ပြောနေတာထက် နားထောင်ပေးရုံက ပိုအသုံးဝင်တဲ့ အချိန်တွေ ရှိတယ်။ သူက ကျေးဇူးတင်ကြောင်း ပြောတယ်။ သူ အခုနကဆို တခုခုလုပ်ဖြစ်တော့မယ်ဆိုတဲ့စိတ်မျိုးဖြစ်လာလို့ တစ်ယောက်ယောက်နဲ့ စကားပြောကြည့်ဖို့ ကြိုးစားတာပါတဲ့။ ဘယ်သူမှ ဆက်လာမယ် ထင်မထားဘူးတဲ့။

ကိုယ်ကတော့ အားပေးစကားတွေထက် နားလည်တယ်ဆိုတာရယ်၊ ကိုယ်တစ်ယောက်တည်း ကြုံနေရတာ မဟုတ်ဘူးဆိုတာရယ်ကိုပဲ ပါးပါးလေး ပြောဖြစ်တာပါပဲ။ နောက်ပိုင်းတော့ သူပြန်အဆင်ပြေသွားပုံပေါ်ပါတယ်။ ကြည်ကြည်သာသာ Status လေးတွေ တွေ့ရတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကိုယ်လည်း အဲ့လိုစိတ် ထဖြစ်တယ်။ အကြောင်းအရာ မယ်မယ်ရရမရှိဘဲ လမ်းပျောက်သလို ရှေ့မဆက်ချင်တော့သလို ခံစားချက်မျိုးက ရေနစ်သလိုပဲ။ လူဆိုတာက သေချင်တယ်ဆိုတဲ့စိတ်က ချက်ချင်းပေါ်လာပြီး ချက်ချင်းမှာပဲ ဖြစ်သွားနိုင်တာမျိုးမဟုတ်လား။

ကိုယ် မိတ်ဆွေတစ်ယောက်စီ စာပို့လိုက်တယ်။ စကားပြောဖို့ထက် စာရိုက်ပြီး ပြောချင်နေတာမျိုး။ ကိုယ့်မှာ လူတစ်ယောက်ရှေ့ ငိုချဖို့ သတ္တိကလည်း မရှိ။ မိတ်ဆွေကလည်း စာရေးဆရာပီပီ စာမျက်နှာ လေးမျက်နှာပါတဲ့ စာအရှည်ကြီးကို PDF File နဲ့ကို ပြန်ပို့လာတယ်။ စာရှည်ပေမယ့် ကိုယ့်အတွက်တော့ စာတစ်ကြောင်းမှ ပစ်စရာမရှိတဲ့ နည်းလမ်းလေးတွေပါပဲ။ အခုဆိုရင် ကိုယ်က သူပြောတဲ့အချက်လေးတွေ တစ်ချက်စီ လိုက်လုပ်ဖြစ်ရင်း အနည်းငယ်အဆင်ပြေလာခဲ့ပြီ။

ဒီကာလမှာ ကိုယ်တွေအချင်းချင်း စိတ်ပိုင်းဆိုင်ရာ ဖေးမကြဖို့ လိုအပ်တယ်။ ငါနားလည်ပါတယ်ကွာဆိုတဲ့ စကားလေးတစ်ခွန်းကလည်း လူတစ်ယောက်ကို အသက်ဆက်ရှင်ဖို့ အကြောင်းပြချက် ရသွားစေတာပဲ။

လူ့ဘဝဆိုတာ တည်းတည်းလေးပါပဲ။ အစွန်အဖျားလေးမှာ ရှင်သန်ဖို့ အကြောင်းပြချက်လေးတွေ တစ်ခုချင်းစီကို ဆွဲယူရင်း ကုတ်ကပ်အသက်ရှင်နေကြရတာ။ သေလိုက်ဖို့ဆိုတာ အဲ့စိတ်လေးကို အလုံးစုံလွှတ်ချလိုက်ရုံလောက်ပါပဲ။

တစ်ယောက်ယောက်ကို ငါရှိတယ်၊ ငါတို့ရှိတယ်နော်၊ ငါနားလည်ပါတယ်၊ ငါတို့နားလည်တယ်ဆိုတာလောက်ကို ကိုယ်တို့က အဆင်သင့်ရှိပေးနေကြသင့်တယ် မဟုတ်လား။ ချစ်ရသူတွေ လွှတ်ချသွားတာကို ထိုင်ကြည့်နေရမှာထက် အခွင့်အရေးရှိမယ်ဆိုရင် ဖမ်းယူဆွဲထားနိုင်လိုက်သင့်တယ် မဟုတ်လား။

အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့စိတ်ထဲမှာ ချစ်ခြင်းမေတ္တာအကြောင်း မကြာခဏ ပြန်တွေးရင်း ရှေ့ဆက်နေရတဲ့ ရက်တွေပါပဲ။ ထူးထွေလည်း သန်မာမနေပါဘူး။ သေရတာထက် နေရတာခက်တဲ့ ကာလတွေမှာ ငါက ခက်ခဲတာတွေပဲ လုပ်မှာဆိုပြီး မာန်တင်းထားရုံပါပဲ။ကူကယ်ရာမဲ့သူတွေရဲ့ အသံတိုးတိုးလေးတွေကို ပိုမိုနားစိုက်ထောင်ကြရင်း အချင်းချင်း ကယ်တင်ရှင်သန်ကြရမှာပါပဲ။

ပန်ဆယ်လို