ဒီနေ့မနက် မြောက်ဥက္ကလာ ဣန္ဒာလမ်း မြို့ထဲကိုသွားတဲ့ ကားမှတ်တိုင်မှာ မနက် ၈ နာရီအချိန်က
ခါးပိုက်နှိုက်ကြပါတယ်ရှန်။ ခါးပိုက်နိုက်က အထီး ၅ ကောင် ဗလတောင့်တယ် အုပ်စုလိုက်ပတ်နေပါတယ်
ဖုန်းတွေပြောတယ် ယောက်ယက်ခပ်တယ် လူတွေကို ကြည့်တယ်။
ကားလာတဲ့အခါ မှာတော့ အရှေ့က အထီး ၃ ကောင်က အရှေ့က လုတက်ပီး အပေါက်ကို ပိတ်သလို လုပ်တယ်။
ခရီးသည် ကောင်လေးနောက်ကနေ လဒရုပ်နဲ့ ကောင်လေးက သူတို့နောက်ကနေ လုတက်တယ်။
အနောက်က အထီး ၂ ကောင်က သူ့နောက်ကနေ အတင်းတိုးပီး ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ဖုန်းကိုနှိုက်တယ်။
နောက်တကောင်ကို ချက်ချင်းပေးလိုက်ပါတယ် အောက်က ကျန်တဲ့ သူတွေက အကုန်မြင်ပါတယ်
မည်သူမှ မပြောကြပါ မကူညီကြပါ။နှိုက်တဲ့ အထီး ၂ကောင်က ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့ တက်စီ ပေါ်တက်သွားပါတယ်။
ဘတ်စ်ကားက မောင်းထွက်အသွားမှာ တက်စီ ကလည်းဘေးကနေလိုက်ပါတယ်။ အပေါ်က အထီး ၃ ကောင်က
ဝဇီယာမှတ်တိုင်မှာ ဆင်းပြီး တက်စီ ပေါ်သို့ ပျော်ရွှင်စွာ တက်သွားပါတော့တယ်ရှန်။
တက်စီနံပါတ်က BB 1922 လို့မှတ်ထားသူတွေက ပြောကြပါတယ်ရှန်။ ဇာတ်ပေါင်းသော် ကိုယ်ဖြစ်ကိုယ်ခံ
မောင်သာညံ ပေါ့ရှင် မြင်ရဲ့သားနဲ့ မကူညီကြတော့ဘူးဆိုတော့ ရှင်တို့အလှည့်လည်း မကြာမီပေါ့။
မူရင်းရေးသားသူအား လေးစားမှုဖြင့်
Credit Original writer