Local News

ယေန႔မနက္ပိုင္းတက္လာတဲ့ ကိုဂ်င္မီႏွင့္ ကိုၿဖိဳးေဇယ်ာေသာ္တို႔ရဲ႕ သတင္းအေၾကာင္း

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို ယနေ့မနက်ပိုင်း ကြိုးဒဏ်ပေးမည့်က သတင်းအမှားသာဖြစ်

ဧရာဝတီတိုင်းမ်၊ ဇွန်လ ၁၆၊ ၂ဝ၂၂

ယနေ့မနက် ၄ နာရီတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို

အင်းစိန်အကျဉ်းထောင်အတွင်း ကြိုးဒဏ်စီရင်မည်ဟု သတင်းများထွက်ပေါ်နေခြင်းက သတင်းအမှားသာဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ အတည်ပြုပေးသည်

မဟုတ်ပါဘူး။ ကျနော်တို့တောင် ဘာမှမသိဘူး။ တကယ်ဖြစ်ကြည့်ပါလား။ ဒီမနက်ပိုင်းဆို ထောင်ဆူနေပြီ။ ဒီလောက်ပဲ ကျနော်ပြောပြမယ်နော် ဟု အင်းစိန်ထောင်တွင်းနှင့် နီးစပ်သူတဦးက အတည်ပြုပေးသည်

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို ဇွန်လ ၃ ရက်နေ့က ယခင် thayဒဏ်ပေးခဲ့သည်ကိုနောက်ဆုံးအဆင့်အဖြစ် အတည်ပြုပြီးနောက် ကြိုးပေးတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်

သို့သော်လည်း မြန်မာနိုင်ငံတွင် thayဒဏ်ပေးမှုများကို ကြိုးပေးမသက်ခဲ့သည်က နှစ်ပေါင်း ၄ဝ ကျော် ကြာမြင့်နေပြီဖြစ်သည်

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ သဘောတူညီမှု စာချုပ် ၂ ခုတွင် thayဒဏ်ပေးခြင်းကို ကြိုးပေးသက်ခြင်း၊ လျှပ်စစ်ထိုင်ခုံဖြင့် သက်ခြင်းများကို ပယ်ဖျက်ကြောင်း လက်မှတ်ရေးထိုးထားပြီးဖြစ်သည်

ဇွန် ၃ ကနေမှ thayဒဏ်အတည်ဖြစ်တယ် ကြိုးဒဏ်ပေးတယ်ဆိုတာ လနဲ့ချီကြာတယ် ပြီးစလွယ်ပေးလို့မရဘူး

အခုက ၁၆ ရက်နေ့ဆိုတော့ အဲ့ဒီလောက် မြန်မြန်ပေးလို့မရဘူး မဖြစ်နိုင်ဘူး။ ကိုယ်အလေးချိန်နဲ့တိုင်းတာပြီး ကြိုးကျစ်တာ၊ ဆေးစစ်တာနဲ့တင် ၁ လလောက်က အနည်းဆုံးပဲ ဒါ ကျနော့်အတွေ့အကြုံအရပြောတာ ဟု ထောင်မှူးကြီးဟောင်းတဦးက မှတ်ချက်ပြုသည် Crd- Ayeyarwaddy Times

ကိုဂ်င္မီႏွင့္ ကိုၿဖိဳးေဇယ်ာေသာ္တို႔ကို ယေန႔မနက္ပိုင္း ႀကိဳးဒဏ္ေပးမည့္က သတင္းအမွားသာျဖစ္

ဧရာဝတီတိုင္းမ္၊ ဇြန္လ ၁၆၊ ၂ဝ၂၂

ယေန႔မနက္ ၄ နာရီတြင္ ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ကိုၿဖိဳးေဇယ်ာေသာ္တို႔ကို

အင္းစိန္အက်ဥ္းေထာင္အတြင္း ႀကိဳးဒဏ္စီရင္မည္ဟု သတင္းမ်ားထြက္ေပၚေနျခင္းက သတင္းအမွားသာျဖစ္ေၾကာင္း အင္းစိန္အက်ဥ္းေထာင္ႏွင့္ နီးစပ္ေသာ သတင္းရင္းျမစ္မ်ားထံမွ အတည္ျပဳေပးသည္

မဟုတ္ပါဘူး။ က်ေနာ္တို႔ေတာင္ ဘာမွမသိဘူး။ တကယ္ျဖစ္ၾကည့္ပါလား။ ဒီမနက္ပိုင္းဆို ေထာင္ဆူေနၿပီ။ ဒီေလာက္ပဲ က်ေနာ္ေျပာျပမယ္ေနာ္ ဟု အင္းစိန္ေထာင္တြင္းႏွင့္ နီးစပ္သူတဦးက အတည္ျပဳေပးသည္

ကိုဂ်င္မီႏွင့္ ကိုၿဖိဳးေဇယ်ာေသာ္တို႔ကို ဇြန္လ ၃ ရက္ေန႔က ယခင္ thayဒဏ္ေပးခဲ့သည္ကိုေနာက္ဆုံးအဆင့္အျဖစ္ အတည္ျပဳၿပီးေနာက္ ႀကိဳးေပးေတာ့မည္ဟု သတင္းမ်ား ထြက္ေပၚလာခဲ့သည္

သို႔ေသာ္လည္း ျမန္မာနိုင္ငံတြင္ thayဒဏ္ေပးမႈမ်ားကို ႀကိဳးေပးမသက္ခဲ့သည္က ႏွစ္ေပါင္း ၄ဝ ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္သည္

ထို႔အျပင္ ျမန္မာနိုင္ငံအေနျဖင့္ ကမၻာ့နိုင္ငံမ်ား၏ သေဘာတူညီမႈ စာခ်ဳပ္ ၂ ခုတြင္ thayဒဏ္ေပးျခင္းကို ႀကိဳးေပးသက္ျခင္း၊ လၽွပ္စစ္ထိုင္ခုံျဖင့္ သက္ျခင္းမ်ားကို ပယ္ဖ်က္ေၾကာင္း လက္မွတ္ေရးထိုးထားၿပီးျဖစ္သည္

ဇြန္ ၃ ကေနမွ thayဒဏ္အတည္ျဖစ္တယ္ ႀကိဳးဒဏ္ေပးတယ္ဆိုတာ လနဲ႔ခ်ီၾကာတယ္ ၿပီးစလြယ္ေပးလို႔မရဘူး

အခုက ၁၆ ရက္ေန႔ဆိုေတာ့ အဲ့ဒီေလာက္ ျမန္ျမန္ေပးလို႔မရဘူး မျဖစ္နိုင္ဘူး။ ကိုယ္အေလးခ်ိန္နဲ႔တိုင္းတာၿပီး ႀကိဳးက်စ္တာ၊ ေဆးစစ္တာနဲ႔တင္ ၁ လေလာက္က အနည္းဆုံးပဲ ဒါ က်ေနာ့္အေတြ႕အၾကဳံအရေျပာတာ ဟု ေထာင္မႉးႀကီးေဟာင္းတဦးက မွတ္ခ်က္ျပဳသည္ Crd- Ayeyarwaddy Times