အသိတရားမဲ့သူများပီပီ မအလအတွက်အသေခံပေးနေတဲ့ စခနဲ့ရခတို့ရေ ..သိသင့်ပြီနော်….
စစ်တပ်လော်ဘီတွေ ဘာတွေပြောပြော.စကစ ထိပ်ပိုင်းက ဇော်မဲလုံးအပါဝင် .စစ်ဗိုလ်ချုပ်တွေဘက်က ဘယ်လိုပဲ ပြောနေနေ.စစ်တိုက်ခဲ့ဘူးတဲ့ စစ်သားနဲ့ တိုက်ပွဲ အတွေ့ အကြုံရှိခဲ့တဲ့စစ်သားကြီးများအနေနဲ့တော့…အောက်ပါအချက်တွေကို လက်ခံလိမ့်မယ်လို့ ထင်ပါတယ်။
စစ်တပ်က အောက်ခြေစစ်သည်အများစုဟာ အထက်လူကြီးတွေအပေါ် အလွန်ကျွံ ယုံကြည်အားကိုးလွန်းတာကစစ်တပ်ရဲ့အစဉ်လာလို ဖြစ်နေသလို..ယနေ့အထိလည်း ဘယ်သူဘာပြောပြော သူတို့ရဲ့လူကြီးတွေအပေါ်ကို အားကိုးတကြီး မျှော်လင့်နေမှာက အသေခြာပါ။
ထိပ်ပိုင်းခေါင်းဆောင်တွေကို မကြိုက်ဘူးဆိုရင်တောင်အနီးစပ်ဆုံးဖြစ်တဲ့ တပ်ရင်းဗိုလ်ကြီး စိပ်မှူး /ရင်းမှူး စတဲ့ သူတို့နဲ့အနီးကပ်ဆုံးမှာရှိတဲ့ အရာရှိတွေအပေါ် အားကိုးတကြီး ရှိနေမှာကတော့ မလွဲပါဘူး။ဒါကြောင့်လဲ ဒီထက်ပိုပြီး ဆိုးဝါးတဲ့အခြေအနေထိ ဖြစ်မလာသေးတာလို့ မြင်မိတယ်။
ဆိုတော့…အောက်ခြေစစ်သည်နဲ့ အောက်ခြေအရာရှိအရာခံတွေကို မေးချင်တာကခများတို့ အနေနဲ့ ဒီချိန်အထိ ဘာတွေမျှော်လင့်နေကြတာလဲ..?စစ်တပ်ရဲ့ သမိုင်းက ပြီးသွားပါပီ။စစ်တပ်ဟာ ပြည်သူ့ကျိန်စာ သင့်နေပြီ။ဒီအချိန်ဟာ ရဲရဲဝံ့ဝံ့နဲ့ အမှန်တရားကို ဆွဲကိုင်ပြီး ပြည်သူ့ဘက်က ရပ်တည်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း သိစေချင်လို့…
စဉ်းစားနိုင်ရန်အတွက် ဒီအချက်တွေနဲ့ သက်သေပြပေးလိုက်ပါတယ်။ဒီသတင်းတွေက တိကျပြီး တကယ်ဖြစ်ခဲ့တာတွေ။စစ်တိုက်ဘူးတဲ့ စစ်သားတိုင်းအတွက် လက်ခံနိုင်စရာမရှိတဲ့ ရလဒ်တွေလို့ ကျနော်ပြောရင် မှန် လား..?
စဉ်းစားကြည့်ရအောင်..ရေစကြိုမြို့နယ် ဆင်ဖြူရှင် တံတားဂိတ်စခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က ၃ဦးသေဆုံးပြီး ၁ဦးကို အရှင်ဖမ်းမိခဲ့ သလို..အဲ့ ဂိတ်စခန်းကို တိုက်ခိုက်မှုကနေ G-3 ၄လက် ၊ အူစီ ( ၃ ) လက် ၊ ခြောက်လုံး ပြူး ( ၁ ) လက်နဲ့ ကျည် ( ၁၀၀၀ ) ၊ဗုံးသီး (၁) လုံး ကို PDF ပူပေါင်းအဖွဲ့ကသိမ်းပိုက်ရရှိသွားခဲ့ သတဲ့။
ဆိုတော့…ကျတဲ့သုံးယောက်ရဲ့လက်နက်အပြင် စွန့်ခွာထွက်ပြေးသူတွေရဲ့ လက်နက်တွေကိုပါ သိမ်းစီးရမိတာဖြစ်လို့…လက်နက်စုစုပေါင်းက ၈ လက်။တကယ်ဆိုရင် G3 {၄)လက်နဲ့အူစီ ၃လက်ရဲ့ပစ်အား..ဟာဘယ်လောက်အထိရှိတယ်ဆိုတာကို စစ်တိုက်ဘူးသူတိုင်းသိမှာပါ။
ပြီးတော့ ..ဂိတ်မှာ ဘန်ကာတွေဆောက်ထားပြီး..ခုခံရတာဖြစ်လို့ တဖက်က ဘယ်လောက်ပဲ အင်အများပါစေနာရီဝက် (သို့)တစ်နာရီအထိ တကယ်တိုက်ပွဲဝင်ဘူးတဲ့စစ်သားမှန်ရင် အမှန်တကယ် စစ်တိုက်ချင်တဲ့သူတွေမှန်ရင်တောင့်ခံနိုင်ကြောင်း သိမှာပါ။
ခုတော့…ပြေးတဲ့သူကပြေး သေတဲ့သူကသေ အဖမ်းခံရသူအဖမ်းခံရ ဆိုတော့…အ့ဒါ ဘာကြောင့်လဲ သိလား..တိုင်းရင်းသားပြည်သူတွေအပေါ်သွေးထိုးလှုပ်ဆော်ပြီးမညီညွတ်အောင် လုပ်ခဲ့တဲ့ စစ်တပ်ခု ဝဋ်ပြန်လည်တာလို့ခေါ်တယ်။
ဆိုခဲ့တဲ့သစ္စာတွေစူးပြီး ဝင်တိုက်တာနဲ့ ညီညီညာညာခုခံဖို့မလုပ်တော့ပဲဖရိုဖရဲ ဖြစ်ပြီး စခန်းစွန့် ပြေးဖို့ပဲ တွေးလာ လုပ်လာတာက..စစ်တပ်အပေါ် ဘယ်စခရခမှ သစ္စာမခံတော့ဘူးဆိုတာကို ပြနေတာပဲ။၎င်းဂိတ်စခန်းတိုက်ပွဲတင် မဟုတ်သေးဘူး..ကချင်၊ကရင်နဲ့အချို့ပြည်နယ်မှာ အသိမ်းခံလိုက်ရတဲ့ စခန်းတွေရဲ့ ရလဒ်တွေကိုလည်း ပြန်စဉ်းစားပြီးလေ့လာကြည့်..
လက်နက်ကြီး ၃မျိုးလောက်ရှိတဲ့စခန်းတွေဖြစ်သလို..အင်အားကလည်း ၂၅ယောက်အထက် ရှိတယ်။စက်သေနက်အပါဝင် ဆယ်စုနှစ်၃ခုလောက်အထိုင်ချထားတဲ့စခန်းတွေဖြစ်လို့…ကတုတ်ကျင်းတွေ ဘန်ကာတွေဆိုတာက အခိုင်အမာပြီးတော့ အပေါ်စီးကနေ ခုခံရတာဖြစ်ပြီး..အနီးဆုံးမှာရှိတဲ့ တပ်တွေဆီကလည်း လက်နက်ကြီး ပစ်ကူပေးနေသလို..လေကြောင်းပစ်ကူပါ ပေးနေပါလျှက်နဲ့…နာရီပိုင်းလောက်သာကြာတဲ့ တိုက်ပွဲကိုခံမတိုက်ပဲ စခန်းစွန့်ပြီး ထွက်ပြေးရတဲ့ အချက်က ဘာကြောင့်လဲ..?
ကျနော် အပေါ်မှာ ပြောခဲ့သလို..စစ်တိုက်ဘူးတဲ့ စစ်သားတိုင်း လက်ခံမယ် မထင်။အစဉ်လာကြီးမားပါတယ်ဆိုတဲ့ စစ်တပ်…ပကဖ တရုတ်ဖြူ စတဲ့ စစ်ပွဲတွေမှာ မည်သို့မည်ပုံ အောင်ပွဲယူခဲ့ပါတယ်ဆိုပြီး ကြွေးကြော်ခဲ့တဲ့စစ်တပ်…ခုတော့…မလာနိုင် လာပြေး စခတပ်ကြီးကိုဖြစ်လို့…လာမတိုက်သ၍တော့ နိုင်နေတာ..လာတိုက်တာနဲ့ ပြေးရင်ပြေး မပြေးရင်သေဖြစ်နေပြီ။ဒီပွဲဟာ အချိန်ကြာလာတာနဲ့အမျှ မအလနဲ့ စစ်ဗိုလ်ချုပ်တွေ ရှိတဲ့နေရာအထိ ရောက်လာတော့မယ်။
သူတို့ဆီမရောက် မှီ ခများတို့ဆီပေါ့..မလာနိုင် လာပြေး ဆိုသလို..ခုလို ပြောတဲ့အခါတော့ လာခဲ့စမ်းဘာ လာခဲ့စမ်းဘာ ဆိုပြီးခများတို့ စခတွေက အော်ချင်အော်နေမှာ..သို့သော်…ခများတို့အပါဝင်မအလစစ်တပ်အပေါ် ဘယ်သူမှ အသေခံပြီး ခုခံကာကွယ်ပေးမဲ့သူ မရှိတော့တဲ့အကြောင်း..နေ့စဉ် စခန်းထားပြေးတဲ့ စခတွေရဲ့သတင်းနဲ့မျက်နှာငယ်လေးနဲ့ အသနားခံနေကြတဲ့ သုံးပန်စခတွေက သက်သေပါ။
နောက်ကမိသားစုကိုငဲ့နေလို့သာ မပြေးတာ..ပြေးချင်နေတဲ့စခတွေကလည်း ဒုနဲ့ဒေး..အချိန်အခါ မပေးလို့သာ မပြေးသေးတာအခွင့်သာတာနဲ့ပြေးမဲ့ စခတွေကလည်း များမှများ..ဖရဲသီးဆိုလား သရဲကြီးဆိုလား တွေကလည်း.အကောင်အကြီး ကြီးတွေ တဲ့။
ဆိုတော့….အဘမှ အဘ ၊ အဘအမိန့် အဘအမိန့်ဆိုပြီး..အထက်အမိန့်ကို ဘုရားရှင်ရဲ့ဗျာဌိဋ် အထင်နဲ့အောက်ခြေစခတွေအပေါ် ဗိုလ်ကျ အနိုင်ကျင့်အပြစ်မဲ့ပြည်သူတွေအပေါ် ယုတ်မာနေတဲ့ အရာရှိဆိုတဲ့ကောင်တွေလည်း ဒီကရှေ့တော့..ဂရုစိုက်။ရှေ့မှာ သေတွင်းရှိသလို နောက်ကလည်း လုံခြုံမယ် မထင်နဲ့။
ဘာကြောင့်ဆို..ပြည်သူ့ကျိမ်စာစူးနေပြီဖြစ်တဲ့ မအလစခတပ်ဟဿ် ကိုးသောင်းဇာတ် ဆိုက်ပြီးမကြာမှီ အဆုံးသတ်တော့မှာကို မြင်နေရပြီမို့..
အရေးတော်ပုံအောင်ရမည်…
🤓
🚀သံပါးစပ်