Local News

အဘရှိန်ရဲ့ တံဆိပ်ပြောင်းပြီး ၂သောင်းတန် ရေစင်ရေမန်းတော်ကြီး နာမည်နဲ့ ရေသန့်ဘူးရောင်းနေသူတွေကို FDA ပူးပေါင်းအဖွဲ့က ဖမ်းဆီးအရေးယူ

FDA ခွင့်ပြုချက် မရှိဘဲ တရားမဝင် ရေသန့်ထုတ်ဝေရောင်းချနေတဲ့ ရေစင်ရေမန်းတော်ကြီး သောက်ရေသန့်ကို FDA နဲ့ ပူးပေါင်းအဖွဲ့က မနေ့ဇွန်လ ၁၅ ရက်နေ့မှာ ဖမ်းဆီးအရေးယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

မနေ့က ညနေပိုင်းမှာ ရေသန့်ကို အဘရှိန်ရဲ့ ရေစင်ရေမန်းအဖြစ် ပြုပြင်ရောင်းချနေတဲ့ စက်ရုံနဲ့ အာတီးယားလမ်းရှိ ရုံးချုပ်ကို ရန်ကုန် FDA ၊မြို့နယ်စား သုံးသူရေးရာ၊စည်ပင် နဲ့ပြည်ထဲရေးဝန်ကြီးဌာနတို့က ဝင်ရောက်ဖမ်းစီးလိုက်တာဖြစ်တယ်လို့သိရပါတယ်။

” ဟုတ်ကဲ့ မနေ့ညနေငါးနာရီက အရေးယူလိုက်ပါပြီခင်ဗျ ၊ ကျနော်တို့အသင်းက တိုင်စာရရင် ကွင်းဆင်းပြီးစောင့်ကြည့်အဖွဲ့တွေထား စုံစမ်းရပါတယ်။သေချာမှကျနော်တို့ကအာမခံမှ FDA လည်း ဖမ်းရဲအရေးယူရဲပါတယ် ၊ နောက်ထပ်တရားမဝင်ရောင်းနေတာတွေလည်းရှိတယ်။

အမှောင်ထဲချောင်ထဲကရောင်းနေတာမို့ပြည်သူကသတင်းပေးပြီးတိုင်မှ သိရမှာပါ၊ ပြည်သူရဲ့အားလိုပါတယ်”လို့ မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးရဲထွဋ်ကပြောပါတယ်။ရေစင်ရေမန်းတော်ကြီးဆိုပြီး ရောင်းချနေတဲ့ရေသန့်ဟာ စျေးကွက်မှာ ရေသန့်၂၀လီတာ တဘူးကို ၂၀၀၀၀ ကျပ်အထိရှိတယ်လို့ဆိုပါတယ် ။

” ရေစင်ရေမန်းတော်ကြီးဘဲဖြစ်ဖြစ် နတ်ရေစင်ဘဲဖြစ်ဖြစ်၊သိကြားမင်းဆီကပဲ ထုတ်ထုတ်၊ကျန်းမာရေးကိုမထိခိုက်ကြောင်း သန့်ရှင်းစွာထုတ်လုပ်ထားကြောင်း FDA လက်မှတ်အမှတ်ပါဖို့လိုပါတယ်၊ “လို့ ဦးရဲထွဋ်က ဆက်ပြောပါတယ်။ဒါ့ကြောင့် ရေသန့်ထုတ်လုပ်သူတွေအနေနဲ့ ရေထဲမှာ လူ့ခန္ဓာကိုယ်ကို ထိခိုက်စေမယ့် သတ္ထုဓါတ်၊အာဆင်းနစ်တွေ ထုံး၊သံအစရှိတဲ့အရာတွေ ဘယ် လောက်ပါတယ်ဆိုတာကို FDAမှာ သွားရောက်ဓါတ်ခွဲဖို့ အကြံပြုပြောဆိုထားပါတယ်။

” အဲ့ဒီ ရေစင်ရေမန်းတော်ကြီးဆိုလား အဲ့ဒါသောက်ရင် အိပ်ပျော်တယ်တဲ့၊ စားကောင်းတယ် လူကြီးတွေဆို စားဝင်အိပ်ပျော်တယ်။ကျန်းမာရေးလည်းကောင်းတယ်။ရောဂါပျောက်တယ်ဆိုပြီး လိုင်းပေါ်မှာကြော်ငြာနေတာတွေ့တယ်။အဲ့တုန်းကတွေးမိသေး ဘာရေမို့လို့ပါလိမ့်ပေါ့။FDA ခွင့်ပြုချက်ရှိလားမရှိလားလည်းမစဥ်းစားမိဘူး။ နောက်ဆိုရင် ဘာပဲဝယ်ဝယ် FDA ခွင့်ပြုချက်ပါမပါ စစ်ရမယ်”လို့ ရန်ကုန်မြို့မှာ နေထိုင်သူတဦးကပြောပါတယ်။

အဲ့ဒီ ရေစင်ရေမန်းတောက်ကြီး သောက်ရေသန့်ကို ၂၀၂၁ ခုနှစ် မေလမှာ စတင် ရောင်းချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြည်တွင်း မှာ FDA ခွင့်ပြုချက်မရှိဘဲ တရားမဝင် ထုတ်လုပ်ရောင်းချနေတဲ့ ရေသန့်တွေရှိနေသေးတာကြောင့် ပြည်သူတွေအနေနဲ့ သေချာ စစ်ဆေးပြီးသတင်းပေးတိုင်ကြားဖို့လိုအပ်တယ်လို့လည်း သိရပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ေရစင္ေရမန္းေတာ္ႀကီး နာမည္နဲ႕ ေရသန႔္ဘူးေရာင္းေနသူေတြကို FDA ပူးေပါင္းအဖြဲ႕က ဖမ္းဆီးအေရးယူ

FDA ခြင့္ျပဳခ်က္ မရွိဘဲ တရားမဝင္ ေရသန့္ထုတ္ေဝေရာင္းခ်ေနတဲ့ ေရစင္ေရမန္းေတာ္ႀကီး ေသာက္ေရသန့္ကို FDA နဲ႕ ပူးေပါင္းအဖြဲ႕က မေန႕ဇြန္လ ၁၅ ရက္ေန႕မွာ ဖမ္းဆီးအေရးယူလိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။

မေန႕က ညေနပိုင္းမွာ ေရသန့္ကို အဘရွိန္ရဲ႕ ေရစင္ေရမန္းအျဖစ္ ျပဳျပင္ေရာင္းခ်ေနတဲ့ စက္႐ုံနဲ႕ အာတီးယားလမ္းရွိ ႐ုံးခ်ဳပ္ကို ရန္ကုန္ FDA ၊ၿမိဳ႕နယ္စား သုံးသူေရးရာ၊စည္ပင္ နဲ႕ျပည္ထဲေရးဝန္ႀကီးဌာနတို႔က ဝင္ေရာက္ဖမ္းစီးလိုက္တာျဖစ္တယ္လို႔သိရပါတယ္။

” ဟုတ္ကဲ့ မေန႕ညေနငါးနာရီက အေရးယူလိုက္ပါၿပီခင္ဗ် ၊ က်ေနာ္တို႔အသင္းက တိုင္စာရရင္ ကြင္းဆင္းၿပီးေစာင့္ၾကည့္အဖြဲ႕ေတြထား စုံစမ္းရပါတယ္။ေသခ်ာမွက်ေနာ္တို႔ကအာမခံမွ FDA လည္း ဖမ္းရဲအေရးယူရဲပါတယ္ ၊ ေနာက္ထပ္တရားမဝင္ေရာင္းေနတာေတြလည္းရွိတယ္။

အေမွာင္ထဲေခ်ာင္ထဲကေရာင္းေနတာမို႔ျပည္သူကသတင္းေပးၿပီးတိုင္မွ သိရမွာပါ၊ ျပည္သူရဲ႕အားလိုပါတယ္”လို႔ ျမန္မာနိုင္ငံေရသန႔္လုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ဦးရဲထြဋ္ကေျပာပါတယ္။ေရစင္ေရမန္းေတာ္ႀကီးဆိုၿပီး ေရာင္းခ်ေနတဲ့ေရသန့္ဟာ ေစ်းကြက္မွာ ေရသန့္၂၀လီတာ တဘူးကို ၂၀၀၀၀ က်ပ္အထိရွိတယ္လို႔ဆိုပါတယ္ ။

” ေရစင္ေရမန္းေတာ္ႀကီးဘဲျဖစ္ျဖစ္ နတ္ေရစင္ဘဲျဖစ္ျဖစ္၊သိၾကားမင္းဆီကပဲ ထုတ္ထုတ္၊က်န္းမာေရးကိုမထိခိုက္ေၾကာင္း သန႔္ရွင္းစြာထုတ္လုပ္ထားေၾကာင္း FDA လက္မွတ္အမွတ္ပါဖို႔လိုပါတယ္၊ “လို႔ ဦးရဲထြဋ္က ဆက္ေျပာပါတယ္။ဒါ့ေၾကာင့္ ေရသန့္ထုတ္လုပ္သူေတြအေနနဲ႕ ေရထဲမွာ လူ႕ခႏၶာကိုယ္ကို ထိခိုက္ေစမယ့္ သတၳဳဓါတ္၊အာဆင္းနစ္ေတြ ထုံး၊သံအစရွိတဲ့အရာေတြ ဘယ္ ေလာက္ပါတယ္ဆိုတာကို FDAမွာ သြားေရာက္ဓါတ္ခြဲဖို႔ အႀကံျပဳေျပာဆိုထားပါတယ္။

” အဲ့ဒီ ေရစင္ေရမန္းေတာ္ႀကီးဆိုလား အဲ့ဒါေသာက္ရင္ အိပ္ေပ်ာ္တယ္တဲ့၊ စားေကာင္းတယ္ လူႀကီးေတြဆို စားဝင္အိပ္ေပ်ာ္တယ္။က်န္းမာေရးလည္းေကာင္းတယ္။ေရာဂါေပ်ာက္တယ္ဆိုၿပီး လိုင္းေပၚမွာေၾကာ္ျငာေနတာေတြ႕တယ္။အဲ့တုန္းကေတြးမိေသး ဘာေရမို႔လို႔ပါလိမ့္ေပါ့။FDA ခြင့္ျပဳခ်က္ရွိလားမရွိလားလည္းမစဥ္

စားမိဘူး။ ေနာက္ဆိုရင္ ဘာပဲဝယ္ဝယ္ FDA ခြင့္ျပဳခ်က္ပါမပါ စစ္ရမယ္”လို႔ ရန္ကုန္ၿမိဳ႕မွာ ေနထိုင္သူတဦးကေျပာပါတယ္။

အဲ့ဒီ ေရစင္ေရမန္းေတာက္ႀကီး ေသာက္ေရသန့္ကို ၂၀၂၁ ခုႏွစ္ ေမလမွာ စတင္ ေရာင္းခ်ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ျပည္တြင္း မွာ FDA ခြင့္ျပဳခ်က္မရွိဘဲ တရားမဝင္ ထုတ္လုပ္ေရာင္းခ်ေနတဲ့ ေရသန့္ေတြရွိေနေသးတာေၾကာင့္ ျပည္သူေတြအေနနဲ႕ ေသခ်ာ စစ္ေဆးၿပီးသတင္းေပးတိုင္ၾကားဖို႔လိုအပ္တယ္လို႔လည္း သိရပါတယ္။