Local News

စစ်တပ် မီးရှို့သတ်ဖြတ်ခဲ့သည့် သူနာပြုဆရာမ အပါ ၅ ဦးအတွက် ဝမ်းနည်းကြောင်း NUG ထုတ်ပြန်

စစ္တပ္ မီးရွို႔သတ္ျဖတ္ခဲ့သည့္ သူနာျပဳဆရာမ အပါ ၅ ဦးအတြက္ ဝမ္းနည္းေၾကာင္း NUG ထုတ္ျပန္

ဧရာဝတီ ၊ ဇြန္ ၁၆၊ ၂၀၂၂

မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္တြင္ ကိုယ္ဝန္ေဆာင္ ၁ ဦး ႏွင့္ အျခားအမ်ိဳးသမီး ၂ ဦးအပါ အဝင္ ၅ ဦးအား အရွင္ လတ္လတ္ မီးရွို႔သတ္ျဖတ္ႏွင့္ ပတ္သက္၍ မိသားစုမ်ားႏွင့္ ထပ္တူ ဝမ္းနည္းေၾကကြဲေၾကာင္း အမ်ိဳးသား ညီ ညြတ္ေရးအစိုးရ (NUG) က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။

May be a black-and-white image of 1 person, brick wall and text that says ‘ဘမၼာရးနႀကီး နံႀကီးဌ MINISTRY OF CDM အထက္တန္းသူနာျပဳဆရာမ ေဒၚဇာလီနိုင္၊ ေဒၚဇာလီနိုင္အသက္(၂၇)ႏွစ္ အသက္ (၂၇) ႏွစ္’

ဇြန္လ ၁၀ ရက္က မေကြးတိုင္း ေရစႀကိဳၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ျပည္သူမ်ားကို က်န္းမာေရး ေစာင့္ေရွာက္မႈေပးလ်က္ရွိသည့္၂၇ ႏွစ္အရြယ္ CDM အထက္တန္း သူနာျပဳဆရာမ ေဒၚဇာလီနိုင္အပါအဝင္ CDM ေက်ာင္းအုပ္ဆရာႀကီး ဦးဝင္းေက်ာ္၊ ကိုယ္ဝန္ ေဆာင္မိခင္ CDM ေက်ာင္းဆရာမ ေဒၚခင္ႏွင္းေဝ၊ မသဲအိအိဝင္းႏွင့္ Northern- Yesagyo (N- YSO) ေျပာက္ က်ားတပ္ဖြဲ႕မွ ရဲေဘာ္ဝူခုန္း (ခ) ေမာင္ေဌးမင္းဦးတို႔ ၅ ဦးကို ဖမ္းဆီးသြား ၿပီးေနာက္ ရက္စက္စြာ ညႇဥ္းပန္းႏွိပ္ စက္၍ အရွင္လတ္လတ္ မီးရွို႔သတ္ျဖတ္ခဲ့ျခင္း ျဖစ္ ေၾကာင္း သိရသည္။

ေဒၚဇာလီနိုင္သည္ ျပည္သူမ်ားကို က်န္းမာေရးေစာင့္ ေရွာက္မႈ ေပးလ်က္ရွိသည့္အျပင္ စစ္ေကာင္စီက ဖြင့္လွစ္သည့္ သူနာျပဳတကၠသိုလ္မ်ားကို သပိတ္ေမွာက္ၿပီး NUG၊ ပညာေရးဝန္ႀကီးဌာန၊ ယာယီတကၠသိုလ္ေကာင္စီ၊ သူနာျပဳတကၠသိုလ္-မႏၲေလးက ဖြင့္လွစ္ေသာ သူနာျပဳသိပၸံဘြဲ႕ (ေပါင္းကူး) (On Campus) တြင္ တက္ေရာက္သင္ၾကား၍ လက္ရွိ စစ္ေဆးလ်က္ရွိသည့္ သူနာျပဳသိပၸံဘြဲ႕ (ေပါင္းကူး) (On Campus) စာေမးပြဲတြင္ အြန္လိုင္းမွတဆင့္ စာေမးပြဲေျဖဆိုေနသူလည္း ျဖစ္ေၾကာင္း ေဖာ္ ျပထားသည္။

ဝန္ႀကီးဌာနအေနျဖင့္ အျပစ္မဲ့ ေသဆုံးခဲ့ရသည့္ က်န္းမာ ေရးလုပ္သားမ်ားႏွင့္ ျပည္သူမ်ားအတြက္ တရားမၽွတမႈကို မျဖစ္မေန ျပန္လည္ ရယူေပးမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အဆိုပါ လူ ၅ ဦးကို မီးရွို႔သတ္ျဖတ္မႈ က်ဴးလြန္သြားသည့္ တပ္မ်ားမွာ တပ္မ ၁၀၁ ကြပ္ကဲမႈေအာက္ရွိ ေရစႀကိဳ အေျခစိုက္ အမွတ္၂၅၆၊ ၂၅၇ ႏွင့္ ၂၅၈ ေျခလ်င္ တပ္ရင္းတို႔ ျဖစ္ေၾကာင္း N-YSO မွ သိရသည္။

အဆိုပါ ေျခလ်င္တပ္ရင္းမ်ားသည္ ေရစႀကိဳၿမိဳ႕ ေျမာက္ပိုင္း၊ ခ်င္းတြင္းျမစ္ အေနာက္ဘက္ကမ္းက ဒါးပင္ကန္ရြာႏွင့္ တဲႀကီး ရြာၾကားရွိ N-YSO အေျခစိုက္စခန္းကို ဝင္ေရာက္ စီးနင္းတိုက္ခိုက္စဥ္တြင္ အမ်ိဳးသမီးမ်ားႏွင့္ CDM ေက်ာင္းအုပ္ဆရာႀကီး အပါအဝင္ ရဲေဘာ္မ်ားကို ဓားစာခံအျဖစ္ ဖမ္းဆီး၍ မီးရွို႔သတ္ျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

စစ်တပ် မီးရှို့သတ်ဖြတ်ခဲ့သည့် သူနာပြုဆရာမ အပါ ၅ ဦးအတွက် ဝမ်းနည်းကြောင်း NUG ထုတ်ပြန်

ဧရာဝတီ ၊ ဇွန် ၁၆၊ ၂၀၂၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ကိုယ်ဝန်ဆောင် ၁ ဦး နှင့် အခြားအမျိုးသမီး ၂ ဦးအပါ အဝင် ၅ ဦးအား အရှင် လတ်လတ် မီးရှို့သတ်ဖြတ်နှင့် ပတ်သက်၍ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

May be a black-and-white image of 1 person, brick wall and text that says ‘ဘမ္မာရးနကြီး နံကြီးဌ MINISTRY OF CDM အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ ဒေါ်ဇာလီနိုင်အသက်(၂၇)နှစ် အသက် (၂၇) နှစ်’

ဇွန်လ ၁၀ ရက်က မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိသည့်၂၇ နှစ်အရွယ် CDM အထက်တန်း သူနာပြုဆရာမ ဒေါ်ဇာလီနိုင်အပါအဝင် CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်၊ ကိုယ်ဝန် ဆောင်မိခင် CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ မသဲအိအိဝင်းနှင့် Northern- Yesagyo (N- YSO) ပြောက် ကျားတပ်ဖွဲ့မှ ရဲဘော်ဝူခုန်း (ခ) မောင်ဌေးမင်းဦးတို့ ၅ ဦးကို ဖမ်းဆီးသွား ပြီးနောက် ရက်စက်စွာ ညှဉ်းပန်းနှိပ် စက်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ဒေါ်ဇာလီနိုင်သည် ပြည်သူများကို ကျန်းမာရေးစောင့် ရှောက်မှု ပေးလျက်ရှိသည့်အပြင် စစ်ကောင်စီက ဖွင့်လှစ်သည့် သူနာပြုတက္ကသိုလ်များကို သပိတ်မှောက်ပြီး NUG၊ ပညာရေးဝန်ကြီးဌာန၊ ယာယီတက္ကသိုလ်ကောင်စီ၊ သူနာပြုတက္ကသိုလ်-မန္တလေးက ဖွင့်လှစ်သော သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) တွင် တက်ရောက်သင်ကြား၍ လက်ရှိ စစ်ဆေးလျက်ရှိသည့် သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) (On Campus) စာမေးပွဲတွင် အွန်လိုင်းမှတဆင့် စာမေးပွဲဖြေဆိုနေသူလည်း ဖြစ်ကြောင်း ဖော် ပြထားသည်။

ဝန်ကြီးဌာနအနေဖြင့် အပြစ်မဲ့ သေဆုံးခဲ့ရသည့် ကျန်းမာ ရေးလုပ်သားများနှင့် ပြည်သူများအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည် ရယူပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လူ ၅ ဦးကို မီးရှို့သတ်ဖြတ်မှု ကျူးလွန်သွားသည့် တပ်များမှာ တပ်မ ၁၀၁ ကွပ်ကဲမှုအောက်ရှိ ရေစကြို အခြေစိုက် အမှတ်၂၅၆၊ ၂၅၇ နှင့် ၂၅၈ ခြေလျင် တပ်ရင်းတို့ ဖြစ်ကြောင်း N-YSO မှ သိရသည်။

အဆိုပါ ခြေလျင်တပ်ရင်းများသည် ရေစကြိုမြို့ မြောက်ပိုင်း၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက ဒါးပင်ကန်ရွာနှင့် တဲကြီး ရွာကြားရှိ N-YSO အခြေစိုက်စခန်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်စဉ်တွင် အမျိုးသမီးများနှင့် CDM ကျောင်းအုပ်ဆရာကြီး အပါအဝင် ရဲဘော်များကို ဓားစာခံအဖြစ် ဖမ်းဆီး၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။