Local News

တကၠသိုလ္ေက်ာင္းသူတစ္ဦးကို ရန္ကုန္မွာဖမ္းဆီးရာ ဖခင္ျဖစ္သူကိုပါ တပါတည္းစစ္ေကာင္စီဖမ္းဆီးသြား

တကၠသိုလ္ေက်ာင္းသူတစ္ဦးကို ရန္ကုန္မွာဖမ္းဆီးရာ ဖခင္ျဖစ္သူကိုပါ တပါတည္းစစ္ေကာင္စီဖမ္းဆီးသြား

ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ဒုတိယႏွစ္ေက်ာင္းသူတစ္ဦးကို မေန႔ကညပိုင္း ၁၀ နာရီေလာက္မွာ စစ္ေကာင္စီက ဖမ္းဆီးရာ ဖခင္ျဖစ္သူကိုပါ တပါတည္း ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔သိရပါတယ္

ဥပေဒေက်ာင္းသူျဖစ္တဲ့ မေရႊရည္ဝင္းကို ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ၊အိုဘိုလမ္းကေနအိမ္မွာ စစ္ေကာင္စီတပ္အင္အားအလုံးအရင္းနဲ႔ လာေရာက္ဖမ္းဆီးေခၚေဆာင္သြားတာလို႔ ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ − ဗကသ က ဒီေန႔ညပိုင္းမွာထုတ္ျပန္ပါတယ္

ဒီေန႔ညေနအထိ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ရဲစခန္းမွာ ဖမ္းဆီးထားတယ္လို႔သိရၿပီး ညေန ၆ နာရီေလာက္မွာေတာ့ မေရႊရည္ဝင္းတို႔သားအဖကို စစ္တပ္က လာေခၚသြားၿပီး စစ္ေၾကာေရးပို႔လိုက္တယ္လို႔ ထုတ္ျပန္ခ်က္အရသိရပါတယ္

မည္သည့္စစ္ေၾကာေရးကို ပို႔လိုက္တာကို စုံစမ္းမရေသးဘဲ အသက္အႏၲရာယ္စိုးရိမ္ရတယ္လို႔လည္း ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ − ဗကသ က ဆိုထားပါတယ္။
စစ္ေကာင္စီဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကစတင္ၿပီး ရန္ကုန္ မွာ လူငယ္အမ်ားအျပားကို ဖမ္းဆီးတာေတြ ခပ္စိတ္စိတ္ရွိလာပါတယ္

လက္ရွိ အဖမ္းခံလိုက္ရတဲ့ မေရႊရည္ဝင္းအပါအဝင္ ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ က ဖမ္းဆီးခံ ေက်ာင္းသား ၊ေက်ာင္းသူ ၁၄ ဦးရွိၿပီး စစ္အုပ္စုလက္ခ်က္ေၾကာင့္ ေသဆုံးရသူ ၁ ဦးရွိတယ္လို႔ သိရပါတယ္

ဓာတ္ပုံ− ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ-ဗကသ ေဖ့ဘြတ္ခ္, Crd- People Spring

Zawgyi

တက္ကသိုလ်ကျောင်းသူတစ်ဦးကို ရန်ကုန်မှာဖမ်းဆီးရာ ဖခင်ဖြစ်သူကိုပါ တပါတည်းစစ်ကောင်စီဖမ်းဆီးသွား

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဒုတိယနှစ်ကျောင်းသူတစ်ဦးကို မနေ့ကညပိုင်း ၁၀ နာရီလောက်မှာ စစ်ကောင်စီက ဖမ်းဆီးရာ ဖခင်ဖြစ်သူကိုပါ တပါတည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်

ဥပဒေကျောင်းသူဖြစ်တဲ့ မရွှေရည်ဝင်းကို ကြည့်မြင်တိုင်မြို့နယ် ၊အိုဘိုလမ်းကနေအိမ်မှာ စစ်ကောင်စီတပ်အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ − ဗကသ က ဒီနေ့ညပိုင်းမှာထုတ်ပြန်ပါတယ်

ဒီနေ့ညနေအထိ ကြည့်မြင်တိုင်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့သိရပြီး ညနေ ၆ နာရီလောက်မှာတော့ မရွှေရည်ဝင်းတို့သားအဖကို စစ်တပ်က လာခေါ်သွားပြီး စစ်ကြောရေးပို့လိုက်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်

မည်သည့်စစ်ကြောရေးကို ပို့လိုက်တာကို စုံစမ်းမရသေးဘဲ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လည်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ − ဗကသ က ဆိုထားပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီး ရန်ကုန် မှာ လူငယ်အများအပြားကို ဖမ်းဆီးတာတွေ ခပ်စိတ်စိတ်ရှိလာပါတယ်

လက်ရှိ အဖမ်းခံလိုက်ရတဲ့ မရွှေရည်ဝင်းအပါအဝင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် က ဖမ်းဆီးခံ ကျောင်းသား ၊ကျောင်းသူ ၁၄ ဦးရှိပြီး စစ်အုပ်စုလက်ချက်ကြောင့် သေဆုံးရသူ ၁ ဦးရှိတယ်လို့ သိရပါတယ်

ဓာတ်ပုံ− ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ-ဗကသ ဖေ့ဘွတ်ခ်, Crd- People Spring