Local News

တူမီးသေနတ်ကိုင်ပြီးရွာမှာ စိ-န်ခေါ်လေ့ရှိတဲ့ ပျူစောထီး

တနင်္သာရီတိုင်းမ် ၊ ဇွန် ၁၆

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ မူးဒူးကျေးရွာက ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦး ဒီနေ့ညနေ ၃နာရီဝန်းကျင်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်ခံရပြီးသေဆုံးသူဟာ အသက် ၅၀ ဝန်းကျင်အရွယ် ဦးကံစိုး ဆိုသူဖြစ်တယ်လို့သိရပါတယ်။

” မူးဒူးရွာကအိမ်မှာပဲ ပစ်သတ်ခံလိုက်ရတာပါ။ သေနတ်သံ ၈ ချက်လောက်ဆက်တိုက် ကြားလိုက်ရတယ်” လို့ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

ဦးကံစိုးဟာ ရွာသားတွေကိုလက်နက်ပြပြီး အမျိုးမျိုးခြိမ်းခြောက်နေသူဖြစ်တဲ့အပြင် စစ်ကောင်စီနဲ့ပူးပေါင်းပြီးဖမ်းဆီးတာ သတင်းပေးတာတွေကိုပါပြုလုပ်နေသူဖြစ်တယ်လို့လည်းသိရပါတယ်။

“ရုတ်ရုတ်လုပ်ရင် အကုန်စစ်တပ်နဲ့ဖမ်းခိုင်းပစ်မယ်ဆိုပြီးခြိမ်းခြောက်တယ်။ တူမီးသေနတ်ကိုသွားလေရာယူသွားနေတာ။ သွေးသောက်အဖွဲ့ဝင်ဖြစ်တယ်လို့လည်း သူကိုယ်တိုင်ကြုံးဝါးတာမျိုးရှိတယ်” လို့ မူးဒူးရွာသားတစ်ဦးကပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက်မှာတော့အလောင်းကို အရေးပေါ်ကားနဲ့ ရေဖြူမြို့ပေါ်ကိုတင်ဆောင်သွားတယ်လို့သိရပါတယ်။

ဦးကံစိုးကိုဘယ်အဖွဲ့ကပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။

အရင်လအတွင်းမှာလည်း နဘုလယ်ဒေသက သွေးသောက်အဖွဲ့ခေါင်းဆောင်ဦးညီညီ ၊ ဧကနိကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူ ဦးကြည်စိုးနဲ့ ဦးမောင်ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။

The Tanintharyi Times

Zawgyi

 

တနသၤာရီတိုင္းမ္ ၊ ဇြန္ ၁၆

ေရျဖဴၿမိဳ႕နယ္၊ နဘုလယ္ေဒသ၊ မူးဒူးေက်းရြာက ပ်ဴေစာထီးအဖြဲ႕ဝင္ဆိုသူတစ္ဦး ဒီေန႔ညေန ၃နာရီဝန္းက်င္မွာ ပစ္ခတ္ခံရၿပီးေသဆုံးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ပစ္ခတ္ခံရၿပီးေသဆုံးသူဟာ အသက္ ၅၀ ဝန္းက်င္အရြယ္ ဦးကံစိုး ဆိုသူျဖစ္တယ္လို႔သိရပါတယ္။

” မူးဒူးရြာကအိမ္မွာပဲ ပစ္သတ္ခံလိုက္ရတာပါ။ ေသနတ္သံ ၈ ခ်က္ေလာက္ဆက္တိုက္ ၾကားလိုက္ရတယ္” လို႔ေဒသခံရြာသားတစ္ဦးကေျပာပါတယ္။

ဦးကံစိုးဟာ ရြာသားေတြကိုလက္နက္ျပၿပီး အမ်ိဳးမ်ိဳးၿခိမ္းေျခာက္ေနသူျဖစ္တဲ့အျပင္ စစ္ေကာင္စီနဲ႔ပူးေပါင္းၿပီးဖမ္းဆီးတာ သတင္းေပးတာေတြကိုပါျပဳလုပ္ေနသူျဖစ္တယ္လို႔လည္းသိရပါတယ္။

“႐ုတ္႐ုတ္လုပ္ရင္ အကုန္စစ္တပ္နဲ႔ဖမ္းခိုင္းပစ္မယ္ဆိုၿပီးၿခိမ္းေျခာက္တယ္။ တူမီးေသနတ္ကိုသြားေလရာယူသြားေနတာ။ ေသြးေသာက္အဖြဲ႕ဝင္ျဖစ္တယ္လို႔လည္း သူကိုယ္တိုင္ၾကဳံးဝါးတာမ်ိဳးရွိတယ္” လို႔ မူးဒူးရြာသားတစ္ဦးကေျပာပါတယ္။

ပစ္ခတ္ခံရၿပီးေနာက္မွာေတာ့အေလာင္းကို အေရးေပၚကားနဲ႔ ေရျဖဴၿမိဳ႕ေပၚကိုတင္ေဆာင္သြားတယ္လို႔သိရပါတယ္။

ဦးကံစိုးကိုဘယ္အဖြဲ႕ကပစ္ခတ္ခဲ့တယ္ဆိုတာကိုေတာ့မသိရေသးပါဘူး။

အရင္လအတြင္းမွာလည္း နဘုလယ္ေဒသက ေသြးေသာက္အဖြဲ႕ေခါင္းေဆာင္ဦးညီညီ ၊ ဧကနိေက်းရြာက စစ္ေကာင္စီသတင္းေပးဆိုသူ ဦးၾကည္စိုးနဲ႔ ဦးေမာင္ဦးတို႔ ပစ္ခတ္ခံရၿပီးေသဆုံးခဲ့ပါတယ္။

The Tanintharyi Times