Local News

ဆိုင်ကယ်ဦးထုပ်ဆောင်းရင်း နားတစ်ဖက်တွင် တစ်ခုခုခံနေသည်ကို သတိထားမိပြီး စစ်ကြည့်ရာမှ ထိတ်လန့်သွားရသော အမျိုးသား








ဆိုင်ကယ်ဦးထုပ်သည် ယာဉ်စည်းကမ်းအရ မ တော်တဆဖြစ်သည့်အခါ ကာကွယ်သည့်အနေနှင့် မဖြစ်မနေဆောင်းကြရပြီး လူတို့သည် ဆေ ာင်းပြီးသောအခါတွင်လည်း သေချာသိမ်းမနေတော့ပဲ ဆိုင်ကယ်နားသာ ချိတ်ထားတတ်ကြသည်။

သို့ဖြစ်၍ မလေးရှားနိုင်ငံမှ အမျိုးသားတစ်ဦးသ ည် လမ်းမပေါ်သို့ ဆိုင်ကယ်မောင်းနှင်လာရင်း ဆိုင်ကယ်ဦးထုပ်အား ဒီတိုင်းကောက်ဆောင်းလာခဲ့မိသည်။

အမျိုးသားလည်း ဆိုင်ကယ်မောင်းလာရင်း အ ချိန်ကြာလာသောအခါ နားတစ်ဖက်ကနေ တ စ်ခုခုထိုးနေသလို ခံစားရပြီး ဆိုင်ကယ်ဦးထုပ်အား ချွတ်လိုက်ပြီး စစ်ဆေးကြည့်ခဲ့သည်။

ထိုအချိန်တွင် ထင်မှတ်မထားပဲ အဆိပ်ပြင်းသော ကင်းခြေမြှားတစ်ကောင်ကို တွေ့ရှိခဲ့ရ၍ အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားရသည်။

အမျိုးသားသည် ကံကောင်း၍ အကိုက်မခံလိုက်ရတာဖြစ်ပြီး အခြားဆိုင်ကယ်စီးသမားများသည်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်းသည့်အခါ

စစ်ဆေးကြည့်ပြီးမှ ဆောင်းရန် သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်လေးအား လူမှုကွန်ယက်တွင် သတိပေးမျှဝေခဲ့သည်။

Credit Original writer