Local News

ေနာ္ဇယ္ပန႔္ျပဳျပင္ေရးဆိုင္တြင္ လာေရာက္ျပဳျပင္သည့္ ေရစႀကိဳ ၿမိဳ႕နယ္ရဲမႉး ၏ ကားကို PDF က သိမ္းဆည္း

ပခုက္ကူမြို့၊ “ခိုင်မာ” နော်ဇယ်ပန့်ပြုပြင်ရေးဆိုင်တွင် လာရောက်ပြုပြင်သည့် ရေစကြို မြို့နယ်ရဲမှူး ၏ ကားကို PDF က သိမ်းဆည်း၊ ဝပ်ရှော့ ပိုင်ရှင်နှင့် အလုပ်သမားများကို ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၁၈

မကွေးတိုင်း၊ ပခုက္ကူမြို့၊ “ခိုင်မာ” နော်ဇယ်ပန့်ပြုပြင်ရေးဆိုင်တွင်ဇွန်လ ၁၇ ရက် နေ့ မွန်းလွဲပိုင်း လာရောက် အပ်နှံပြုပြင်ထားထား ရေစကြိုမြို့နယ်ရဲမှူး၏ ကားကို PDF က သိမ်းဆည်းလိုက်ပြီး ရဲက ဝပ်ရှော့ဆိုင်မှ ပိုင်ရှင်၊ အလုပ် သမား များကို ဖမ်းဆီးလိုက်ကြောင်း ဒေသသတင်းရင်းမြစ်နှင့် ဒေသခံများထံမှ သိရှိရသည်။

ဇွန်လ ၁၇ မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့၊ အမှတ် ၆ ရပ်ကွက်ရှိ ခိုင်မာ ဝပ်ရှော့ ထံတွင် ရေစကြို မြို့နယ်မှူး ရဲမှူး၏ ကားကို လာရောက် ပြုပြင် ကြောင်း၊ အဆိုပါကားကို PDF များက ရဲမှူးကား မှန်၊ မှန်သေချာစစ်ဆေးပြီး သိမ်းဆည်း သွားကြောင်း၊ ကားအမျိုးအစားမှာ MAZDA BT 50 Extra CUB အဖြူရောင် ကားဖြစ်ကြောင်း စစ်တပ်သတင်းဌာန တစ်ခုက ဆိုသည်။

“ဟုတ်တယ်။ ရဲမှူးကားကို PDF တွေ သိမ်းသွားလို့ အစစ်အဆေးတွေ ကြမ်း တယ်။ မြို့အဝင်ရော အထွက်ရော စစ်တယ်။ ဖြစ်တာက မနေ့က ဖြစ်တာ။ ဒီနေ့ စစ်ကားတွေလည်း ပခုက္ကူကနေ ရေစကြိုဘက်ကို ထွက်သွားတာ မြင်ရ တယ်။ ” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည် ။

ပခုက္ကူသတင်းရင်းမြစ်ကလည်း ရဲမှူးကာ သိမ်းဆည်းခံရသည့်ဖြစ်စဉ်ကို အတည် ပြုထားပြီး “ရေစကြိုမြို့နယ်မှူးကားအား မနေ့မနက်ပိုင်းက ပခုက္ကူ ကားဝပ်ရှော့တစ်ခုတွင် အပ်ထားခဲ့တုန်း လူငယ်အချို့ရောက်လာပြီး ယူသွားတာဖြစ်ကြောင်းသိရပါတယ်။

ယခု ကားဝပ်ရှော့ဆရာနဲ့ တပည့် ၃ယောက်အား ရခများမှ ဖမ်းထားကြောင်းသိရပါတယ်။လုပ်သွား သူ များ မှာ PDF အဖွဲ့ ဝင်များဖြစ်ပြီး အဖွဲ့အစည်းကမထုတ်ပြန်လို့ အဖွဲ့ အမည့် မထည့် တော့ပါ။

စခရခပျူခများမှ အနီးအနားလမ်းတွေရှိ CCTV တွေမှာ လိုက် စစ်နေကြောင်းသိရပါတယ်။ယနေ့ရောမြို့ပေါ် အစစ်အဆေး တင်းကျပ် ထားပါ တယ်” ဟု သတင်းဖော်ပြထားသည်။ ဓာတ်ပုံ- PDF က သိမ်းဆည်းလိုက်သည့် ရေစကြိုရဲမှူးကား MAZDA BT 50 Extra CUB အမျိုးအစားပုံစံ Crd- Khit Thit

Zawgyi

ပခုကၠဴၿမိဳ႕၊ “ခိုင္မာ” ေနာ္ဇယ္ပန႔္ျပဳျပင္ေရးဆိုင္တြင္ လာေရာက္ျပဳျပင္သည့္ ေရစႀကိဳ ၿမိဳ႕နယ္ရဲမႉး ၏ ကားကို PDF က သိမ္းဆည္း၊ ဝပ္ေရွာ့ ပိုင္ရွင္ႏွင့္ အလုပ္သမားမ်ားကို ဖမ္းဆီး

ရန္ကုန္၊ ဇြန္ ၁၈

မေကြးတိုင္း၊ ပခုကၠဴၿမိဳ႕၊ “ခိုင္မာ” ေနာ္ဇယ္ပန႔္ျပဳျပင္ေရးဆိုင္တြင္ဇြန္လ ၁၇ ရက္ ေန႔ မြန္းလြဲပိုင္း လာေရာက္ အပ္ႏွံျပဳျပင္ထားထား ေရစႀကိဳၿမိဳ႕နယ္ရဲမႉး၏ ကားကို PDF က သိမ္းဆည္းလိုက္ၿပီး ရဲက ဝပ္ေရွာ့ဆိုင္မွ ပိုင္ရွင္၊ အလုပ္ သမား မ်ားကို ဖမ္းဆီးလိုက္ေၾကာင္း ေဒသသတင္းရင္းျမစ္ႏွင့္ ေဒသခံမ်ားထံမွ သိရွိရသည္။

ဇြန္လ ၁၇ မြန္းလြဲပိုင္းတြင္ ပခုကၠဴၿမိဳ႕၊ အမွတ္ ၆ ရပ္ကြက္ရွိ ခိုင္မာ ဝပ္ေရွာ့ ထံတြင္ ေရစႀကိဳ ၿမိဳ႕နယ္မႉး ရဲမႉး၏ ကားကို လာေရာက္ ျပဳျပင္ ေၾကာင္း၊ အဆိုပါကားကို PDF မ်ားက ရဲမႉးကား မွန္၊ မွန္ေသခ်ာစစ္ေဆးၿပီး သိမ္းဆည္း သြားေၾကာင္း၊ ကားအမ်ိဳးအစားမွာ MAZDA BT 50 Extra CUB အျဖဴေရာင္ ကားျဖစ္ေၾကာင္း စစ္တပ္သတင္းဌာန တစ္ခုက ဆိုသည္။

“ဟုတ္တယ္။ ရဲမႉးကားကို PDF ေတြ သိမ္းသြားလို႔ အစစ္အေဆးေတြ ၾကမ္း တယ္။ ၿမိဳ႕အဝင္ေရာ အထြက္ေရာ စစ္တယ္။ ျဖစ္တာက မေန႔က ျဖစ္တာ။ ဒီေန႔ စစ္ကားေတြလည္း ပခုကၠဴကေန ေရစႀကိဳဘက္ကို ထြက္သြားတာ ျမင္ရ တယ္။ ” ဟု ေဒသခံ တစ္ဦးက ေျပာဆိုသည္ ။

ပခုကၠဴသတင္းရင္းျမစ္ကလည္း ရဲမႉးကာ သိမ္းဆည္းခံရသည့္ျဖစ္စဥ္ကို အတည္ ျပဳထားၿပီး “ေရစႀကိဳၿမိဳ႕နယ္မႉးကားအား မေန႔မနက္ပိုင္းက ပခုကၠဴ ကားဝပ္ေရွာ့တစ္ခုတြင္ အပ္ထားခဲ့တုန္း လူငယ္အခ်ိဳ႕ေရာက္လာၿပီး ယူသြားတာျဖစ္ေၾကာင္းသိရပါတယ္။

ယခု ကားဝပ္ေရွာ့ဆရာနဲ႔ တပည့္ ၃ေယာက္အား ရခမ်ားမွ ဖမ္းထားေၾကာင္းသိရပါတယ္။လုပ္သြား သူ မ်ား မွာ PDF အဖြဲ႕ ဝင္မ်ားျဖစ္ၿပီး အဖြဲ႕အစည္းကမထုတ္ျပန္လို႔ အဖြဲ႕ အမည့္ မထည့္ ေတာ့ပါ။

စခရခပ်ဴခမ်ားမွ အနီးအနားလမ္းေတြရွိ CCTV ေတြမွာ လိုက္ စစ္ေနေၾကာင္းသိရပါတယ္။ယေန႔ေရာၿမိဳ႕ေပၚ အစစ္အေဆး တင္းက်ပ္ ထားပါ တယ္” ဟု သတင္းေဖာ္ျပထားသည္။ ဓာတ္ပုံ- PDF က သိမ္းဆည္းလိုက္သည့္ ေရစႀကိဳရဲမႉးကား MAZDA BT 50 Extra CUB အမ်ိဳးအစားပုံစံ Crd- Khit Thit