Local News

မြင်းခြံ ဆီးမီးခုံနယ်မှာ သောင်းကျန်းနေတဲ့ စကစ လက်ပါးစေ ပျူသုံးယောက် သုတ်သင်ခံရ၊

မြင်းခြံ ဆီးမီးခုံနယ်မှာ သောင်းကျန်းနေတဲ့ စကစ လက်ပါးစေ ပျူသုံးယောက် သုတ်သင်ခံရ၊

MFP ၊ ဇွန် – ၁၇

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံမြို့အနီး ဆုံရွာ – ကွေ့ကြီးရွာမှာ သောင်းကျန်းနေတဲ့ ကျေးရွာအုပ်ကြီး အပါအဝင် အကြမ်းဖက်စစ်အုပ်စု လက်ပါးစေ ပျူစောထီးအဖွဲ့ဝင် သုံးယောက် ဇွန်(၁၆)ရက် ညပိုင်းက သုတ်သင်ရှင်းလင်း ခံရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

မြင်းခြံနယ် ဆုံရွာ – ကွေ့ကြီးရွာက အကြမ်းဖက် စစ်အုပ်စု လက်ပါေးစ ပျူစောထီးတွေကို ဇွန်(၁၆)ရက် ညပိုင်းမှာ အမည်မသိ အဖွဲ့က ပစ်ခတ်တာကြောင့် ကွေ့ကြီးရွာ စကစခန့် အုပ်ချုပ်ရေးမှူး အောင်ကျော်ဆန်း၊ ပျုခေါင်းဆောင် အုန်းမြင့်နှင့် ပျုအဖွဲ့ဝင် အောင်လွင် ဆိုသူတို့ သုံးဦး ပွဲချင်းပြီး သေတာလို့ ဆီမီးခုံသတင်းက ဖော်ပြပါတယ်။ စကစ အုပ်ကြီး အောင်ကျော်ဆန်းနှင့် ပျူခေါင်းဆောင် အုန်းမြင့်တို့ဟာ တူဝရီး တော်စပ်တယ်လို့လည်း ဆိုပါတယ်။

“ဇွန်(၁၆)ရက် ညက ဆုံရွာ – ကွေ့ကြီးရွာ ကင်းစောင့်နေသော ပျုအဖွဲ့ ပစ်ခတ်ခံရမှု့မှ ကွေ့ကြီးရွာ စကစခန့် အုပ်ချုပ်ရေးမှူး အောင်ကျော်ဆန်း၊ ပျုခေါင်းဆောင် အုန်းမြင့်၊ ပျုအဖွဲ့ဝင် အောင်လွင် စုစုပေါင်း သုံးဦး ပွဲချင်းပြီးသေဆုံး။ အခြား ပျုအဖွဲ့ဝင်များမှာလည်း ထိခိုက်မှု့များရှိခဲ့။ PDF များမှ သေနက်ဖြင့်ပစ်ပြီး ပျုအဖွဲ့ကို နာနတ်သီးဖြင့် ထပ်မံပစ်ခဲ့ရာ ပျုများ ဝရုန်းသုန်းကား ကြောက်လန့်တကြား ပြေးကြရာမှ အချို့မှာ အခုထိ ပြန်ရှာ မတွေ့သေး။ ကွေ့ကြီးရွာမှ ပျုများ၏ အလောင်းများကို ဆုံရွာ စကစခန့် အုပ်ကြီး ဖိုးကျော်နှင့် စခ များမှ မြင်းခြံသို့ သယ်ယူသွား” လို့ ဆီမီးခုံသတင်းက ဖော်ပြပါတယ်။

ဆုံရွာ – ကွေ့ကြီးရွာ အပါအဝင် ဆီမီးခုံနယ်တကြောမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ လက်ပါးစေ ပျူတွေ သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ ဖမ်းဆီးငွေညှစ်တာတွေ လုပ်နေသလို မြင်းခြံ – မြို့သာ ကားလမ်းမှာလည်း ခရီးသွားတွေကို ဖမ်းဆီးငွေညှစ်တာ၊ ရိုက်နှက်ထိုးကြိတ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်(၆)ရက်က ဒေသတွင်း သောင်းကျန်းနေတဲ့ ဆုံရွာ-ကွေ့ကြီးရွာက အကြမ်းဖက် စစ်အုပ်စု လက်ပါးစေ ပျူအဖွဲ့ဝင် နိုင်ဝင်းဆိုသူကို နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF ၊ Ngazun Hero ၊ Ngazun Fight Stars ညီနောင်သုံးဖွဲ့ ပေါင်းကာ သုတ်သင်ခဲ့ပြီးနောက် စစ်အုပ်စုနှင့် ပျူတွေက ရွာသူရွာသားတွေ ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်နေချိန် အခုလို ပျူအုပ်စု ထပ်မံ သုတ်သင်ခံရတာလို့ ဒေသခံတွေက ဆိုပါတယ်။

ပျူအဖွဲ့ဝင် နိုင်ဝင်းဆိုသူ သုတ်သင်ခံရပြီးနောက် စကစနှင့် ပျူတွေက ဒေသခံပြည်သူ ခြောက်ဦး ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ကွေ့ကြီးရွာ စကစ အုပ်ကြီး အောင်ကျော်ဆန်းက ရွာက ထွက်ပြေးသွားသူတွေ ပြန်မလာရင် ဖမ်းဝရမ်းထုတ်မယ်လို့ ခြိမ်းခြောက်ကာ ထင်တိုင်းကျဲ အနိုင်ကျင့် သောင်းကျန်းခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ပျူတွေ သုတ်သင်ခံရပြီးနောက် ဆုံရွာ – ကွေ့ကြီးရွာထဲ အကြမ်းဖက် စစ်အုပ်စု စီးနင်း သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။မြင်းခြံမြို့နယ် အပါအဝင် တောင်သာ၊ ငါန်းဇွန်၊ နွားထိုးကြီး စတဲ့ မြင်းခြံနယ်ထဲ အကြမ်ဖက် စစ်အုပ်စုနှင့် စစ်အုပ်စု လက်ပါးစေ ပျူတွေ ကြီးစိုး သောင်းကျန်းနေပြီး ဒေသခံပြည်သူတွေကို သတ်ဖြတ်တာ၊ ရွာစဉ်ပတ်မွှေ လုယက် နေအိမ်မီးရှို့တာ၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

မြင်းခြံမြို့ပေါ် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ၂၀၂၁ နှစ်ဆန်းပိုင်းက တွေ့ရစဉ်/Photo – CJ