Local News
ဘုန်းကြီးဖြစ်စေ သီလရှင်ဖြစ်စေ ကိုယ်မသိတဲ့သူဆိုရင် ခြံတံခါးကို လုံးဝဖွင့်မပေးပါနဲ့၊ ကိုယ်တွေ့မို့ဖတ်ကြည့်ပါ
ကိုယ်​တွေ့…​ဘုန်းကြီးလာလာ သီလရှင်လာလာ လှူဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်ရက်က သံဃာ တစ်ပါး ခြံ ​ပေါက်ဝမှာလာရပ်တယ်။ ​ခြံထဲကို ​သေ​သေချာချာ အကဲခပ်တယ်။ ခြံ​ကအလုပ်သမား​လေးကို​ခေါ်တယ်၊ ဒကာကြီးဘယ်သွားလဲလို့လှမ်း​မေးတယ်။
အလုပ်သွားပါတယ်ဘုရားဆို​တော့ သားသမီး​တွေ​ရောမရှိဘူးလားလို့​ထပ်မေးတယ်။ သူတို့လဲ မရှိကြဘူးဆို​တော့ ဒကာမကြီး​တော့ရှိတာယ်မလားလို့​မေးတယ်။ခြံ​စောင့်​လေးကလဲ ရှိတယ်ဘုရား အိမ်ထဲမှာဆို​တော့…​အေးကွာတံခါးဖွင့်အုံး ဒကာမကြီးကိုဘဲနှုတ်ဆက်​တော့မယ်။
မင်းခွေး​တွေခြံထဲထည့်လိုက်အုံး၊ ငါ့ကိုကိုက်​နေအုံးမယ်ဆို​တော့ အိမ်က​ကျေး ဇူးရှင်က ​ခွေး​တွေကို ခြံထဲ​သေ​သေချာချာထည့်​ပေး လိုက်တယ်။ ခြံတံခါးလဲဖွင့်​ပေးလိုက်တယ်။ ခြံထဲဝင်လာ​တော့ ဟို​တောင်ကြည့်​မြောက်ကြည့်နဲ့ပါတ်ဝန်းကျင်ကို​လေ့လာတယ် ။
CCTV မှာပြန်ကြည့်မှ သိရတာ။ခြံထဲကဂို​ဒေါင်ထဲမှာ သံလျင်က ftr ကြီးတင်​မောင်ဝင်းတပည့် ​ကျော်၂​ယောက် က ​သံတံခါး​တွေလာပြင်​နေတာ​ ဘုန်းကြီးက​တွေ့သွားတယ်။ နဲနဲတုန့်သွားပုံရတယ်။ ခြံထဲက​ကျေးဇူးရှင်ကလဲ အိမ်မှာဘယ်သူမှ မရှိဘူး​ပြောထား​တော့
ဘုန်းကြီးက ​ယောကျ်ား ၂​ယောက်​တွေ့လိုက်လို့ အံအားသင့်သွားပုံရတယ်။အိမ်​ပေါက်ဝ​ရောက်​တော့ အမျိုးသမီး က ဘာကိစ္စရှိလို့ပါလဲ​၊ အရှင်ဘုရားကို တပည့်​တော်မသိဘူးလို့​ပြော​တော့ ကျောင်း​ဆောက်​နေတာ ​ငွေလိုလို့ အလှူလာခံတာလို့​ပြောတယ်။
ဆက်မ​ပြောချင်တာရယ် ခြံထဲ​ရောက်​နေတာရယ်​ကြောင့် အမျိုးသမီးက ၅၀၀၀ လှူလိုက်တယ်၊၅၀၀၀ ကဘာလုပ်ရမှာလဲလို့ မျက်နှာပျက်ပီး မိန့်​တော်မူတယ်၊အနားမှာလဲ ​​နောက်တစ်​ယောက်ထပ်တိုးပီး ယောကျ်ား၄​ယော က်ဖြစ်လာ​တော့ ပြန်လှည့်ထွက်သွားတယ်။
ခြံထဲက ထွက်တိုင်းရုံးသွားတိုင်း အပြင်သွားတိုင်း ဘယ်သူ့ကိုမဆိုတံခါးဖွင့်မ​ပေးဖို့ ​နေ့တိုင်းတစ်ရက်မပြတ်မှာတယ်။ ​အိမ်ထဲကိုအသိ​ပေးပီး ဖွင်း​ပေးလိုက်ဆိုမှ ဖွင့်​ဖို့​ပြောထားတယ်။​Accident ဖြစ်တယ်ဆိုတာ……
ဘာလို့ဖွင့်​ပေးလိုက်တာလဲလို့​မေး​တော့ ဘုန်းကြီးက သတ်သတ်ရပ်ရပ်ဝတ်ထားပီး ဒကာကြီးနဲ့ချိန်းထားတယ်​ပြောလို့ ဖွင့်​ပေးလိုက်တာတဲ့။ သူ့လွယ်အိပ်ထဲဘာပါလာသည်မသိ။ ကံ​ကောင်း၏။ခွေး​တောင်သိမ်းခိုင်း လိုက်​သေးတယ်။အ​ပြောအဆိုနပ်တယ်။
ခြံထဲကားမရှိရင် လူနည်းမယ်လို့​တွေးပုံရတယ်။ ကျွမ်းကျင်အဆင့်ဘဲ၊။ သတိထားကြကုန်။ ကား​နဲ့လာတိုင်းလဲ မသိရင် ​သေ​ချာ​အောင်လုပ်ပီးမှဖွင့်ကြပါ။ အန္တရာယ် လက်တစ်ကမ်း…..ပုံက​တော့ ​ကျန်ခဲ့တဲ့ တနဂ်​နွေ​နေ့ နေ့ခင်းဖက်ကြီး ​လူမရှိတဲ့​ဘေးကပ်ရက်ခြံကို​ကျော်ဝင်တာ ​တွေ့လို့ ငတ်ကုန်ကြဘီထင်ပါတယ်။
credit
ဆက်မ​ပြောချင်တာရယ် ခြံထဲ​ရောက်​နေတာရယ်​ကြောင့် အမျိုးသမီးက ၅၀၀၀ လှူလိုက်တယ်၊၅၀၀၀ ကဘာလုပ်ရမှာလဲလို့ မျက်နှာပျက်ပီး မိန့်​တော်မူတယ်၊အနားမှာလဲ ​​နောက်တစ်​ယောက်ထပ်တိုးပီး ယောက်ျား၎​ယော က်ဖြစ်လာ​တော့ ပြန်လှည့်ထွက်သွားတယ်။
credit