Local News

ကျပ်သိန်းပေါင်း (၂၀၀) ကျော် တန်ဖိုးရှိတဲ့ ကျောက်စိမ်းထုတ်ကြီး ကောက်ရတဲ့ ကိုအောင်သူ၏ ဖြစ်ရပ်








Zawgyi

မနေ့က နေ့လည် ၃း၁၅ မိနစ်ခန့်က ဝိုင်းအတွင်းဂျာနယ်ရောင်းချသူ ကိုအောင်သူမှ – ကျောက်စိမ်းပွင့်၁၄ပွင့်ပါ ဆွဲကြိုး (၁) ကုံး / ကျောက်စိမ်းအရေပွင့်လက်စွပ် (၂) ကွင်း / ကျောက်စိမ်းအလွတ်ပွင့် (၂) ပွင့် / ကျောက်စိမ်တစ်စ. (၅) စ /

ကာလတန်ဖိုးစုစုပေါင်း သိန်း(၂၀၀)ကျော်ခန့် ပါရှိသော သရေအိတ်၁လုံးအားဖြူစင်ရိုးသားစွာ ဖွင့်ဖောက်ကြည့်ခြင်းမရှိပဲ အကျိုးတော်ဆောင်ရုံးသို့ လာရောက်အပ်နှံခဲ့ပြီး နေ့လည် ၃း၃၀ မိနစ်တွင် ကျောက်ထုပ်ကျပျောက်သူပိုင်ရှင်

ကိုအောင်အောင်မှရုံးသို့လာရောက်မေးမြန်းခဲ့ရာ ၎င်းပစ္စည်းများမှန်ကန်သဖြင့် အကျိုးတော်ဆောင်ရုံးမှ ကျောက်ထုပ်ကောက်ရသူ ကိုအောင်သူ(ဂျာနယ်ရောင်းသူ)အား ခေါ်ယူ၍ ကျောက်ပိုင်ရှင်မှ

ကိုအောင်သူအား ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး ကိုအောင်သူကိုယ်တိုင် ကျောက်ပိုင်ရှင်ကိုအောင်အောင်အား သိန်း(၂၀၀)သိန်းနှစ်ရာကျပ်တန်ဖိုးရှိကျောက်ပစ္စည်းများ ကိုယ်တိုင်ပြန်လည်ပေးအပ်ခဲ့ပါသည်။

ရိုးသားဖြူစင်လွန်းသည့် ဂျာနယ်ရောင်းသမားလေးကိုအောင်သူအား အကျိုးတော်ဆောင်ရုံးမှတာဝန်ရှိလူကြီးများမှချီးမွမ်းဂုဏ်ပြုမှတ်တမ်းတင်လျှက်……

မနက်ဖြန် နေ့လည်(၂းဝ၀) အကျိုးတော်ဆောင်ရုံးတွင် မီဒီယာသမားများနှင့်အတူ ဂျာနယ်ရောင်းသမား ကိုအောင်သူအား ဂုဏ်ပြုပွဲပြုလုပ်သွားမည်ဖြစ်ပါကြောင်း သတင်းမီဒီယာသမားများနှင့် မိတ်ဆွေသူငယ်ချင်းများအားလုံးကို ဖိတ်ကြားအပ်ပါသည်။

Credit Original writer