Local News

စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက နှာခေါင်းကြီးသူကို အရေးတကြီးရှာနေ

စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက နှာခေါင်းကြီးသူကို အရေးတကြီးရှာနေ

ဧရာဝတီတိုင်းမ်

ဇွန်လ ၁၉ ရက်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေက နှာခေါင်းကြီးတဲ့သူကို အရေးတကြီးလိုက်ရှာနေတယ်လို့ သိရပါတယ်။

လပွတ္တာမြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဝင်လာသမျှယာဉ်တွေကို တားဆီးပြီး မှတ်ပုံတင်တွေစစ်ဆေးသလို Mask တပ်လာရင် ချွတ်ပြခိုင်းပြီး သေချာစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ ပြီးခဲ့တဲ့ အပတ်က ပုသိမ်ကပြန်လာတာ အဲ့မှာ အကုန်စစ်တာကြုံရတာ မှတ်ပုံတင်ထုတ်ပြရတယ် ပြီးတော့ မက်စ်ပါ ချွတ်ပြရတယ် မျက်နှာကိုတော့ သေချာကြည့်တယ် ပြီးမှသွားဖို့ ခွင့်ပြုတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်တွေစစ်ဆေးတဲ့အပြင် မက်စ်ချွတ်ပြခိုင်းတာဟာ နှာခေါင်းကြီးတဲ့သူကို ရှာဖွေ နေတာဖြစ်ပြီး လုံခြုံရေးအရ စီစီတီဗွီမှတ်တမ်းယူနေတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

နှာခေါင်းကြီးတဲ့သူကိုရှာနေတယ်ဆိုတာနဲ့ပတ်သက်ပြီး အမျိုးသားလား အမျိုးသမီးလားဆိုတာကိုတော့ ဧရာဝတီတိုင်းမ်က ဆက်လက်မေးမြန်းခဲ့ပေမယ့် အတည်ကျဖြေဆိုခြင်းမရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်အတွင်းမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီတပ်သား တွေနဲ့ လက်အောက်ခံရဲတွေက လူစည်ကားတဲ့ လမ်းတွေမှာစောင့်ပြီး အသားမည်းတဲ့သူတဦးကို ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ခုလိုမျိုး စစ်ကောင်စီတပ်သားတွေ အရေးတကြီးရှာဖွေနေတဲ့ နှာခေါင်းကြီးတဲ့သူဟာ အမျိုးသားလား အမျိုး သမီးလား သေချာမသိရပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ ခုလိုမျိုးရှာဖွေနေတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးက မှတ်ချက်ပြု ပြောဆိုပါတယ်။

Zawgyi

စစ္ေဆးေရးဂိတ္တြင္ စစ္ေကာင္စီက ႏွာေခါင္းႀကီးသူကို အေရးတႀကီးရွာေန

ဧရာဝတီတိုင္းမ္

ဇြန္လ ၁၉ ရက္။

ဧရာဝတီတိုင္း၊ လပြတၱာၿမိဳ႕နယ္စစ္ေဆးေရးဂိတ္မွာ စစ္ေကာင္စီတပ္သားေတြက ႏွာေခါင္းႀကီးတဲ့သူကို အေရးတႀကီးလိုက္ရွာေနတယ္လို႔ သိရပါတယ္။

လပြတၱာၿမိဳ႕အဝင္စစ္ေဆးေရးဂိတ္မွာ ဝင္လာသမၽွယာဥ္ေတြကို တားဆီးၿပီး မွတ္ပုံတင္ေတြစစ္ေဆးသလို Mask တပ္လာရင္ ခၽြတ္ျပခိုင္းၿပီး ေသခ်ာစစ္ေဆးတာေတြျပဳလုပ္ေနတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ ၿပီးခဲ့တဲ့ အပတ္က ပုသိမ္ကျပန္လာတာ အဲ့မွာ အကုန္စစ္တာၾကဳံရတာ မွတ္ပုံတင္ထုတ္ျပရတယ္ ၿပီးေတာ့ မက္စ္ပါ ခၽြတ္ျပရတယ္ မ်က္ႏွာကိုေတာ့ ေသခ်ာၾကည့္တယ္ ၿပီးမွသြားဖို႔ ခြင့္ျပဳတယ္”လို႔ ေဒသခံတဦးက ေျပာပါတယ္။

စစ္ေဆးေရးဂိတ္မွာ မွတ္ပုံတင္ေတြစစ္ေဆးတဲ့အျပင္ မက္စ္ခၽြတ္ျပခိုင္းတာဟာ ႏွာေခါင္းႀကီးတဲ့သူကို ရွာေဖြ ေနတာျဖစ္ၿပီး လုံျခဳံေရးအရ စီစီတီဗြီမွတ္တမ္းယူေနတာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕နဲ႔နီးစပ္သူတဦးက ေျပာပါတယ္။

ႏွာေခါင္းႀကီးတဲ့သူကိုရွာေနတယ္ဆိုတာနဲ႔ပတ္သက္ၿပီး အမ်ိဳးသားလား အမ်ိဳးသမီးလားဆိုတာကိုေတာ့ ဧရာဝတီတိုင္းမ္က ဆက္လက္ေမးျမန္းခဲ့ေပမယ့္ အတည္က်ေျဖဆိုျခင္းမရွိပါဘူး။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ၂၀၂၁ ခုႏွစ္အတြင္းမွာ ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္သား ေတြနဲ႔ လက္ေအာက္ခံရဲေတြက လူစည္ကားတဲ့ လမ္းေတြမွာေစာင့္ၿပီး အသားမည္းတဲ့သူတဦးကို ရွာေဖြတာေတြ ျပဳလုပ္ခဲ့ပါေသးတယ္။

ခုလိုမ်ိဳး စစ္ေကာင္စီတပ္သားေတြ အေရးတႀကီးရွာေဖြေနတဲ့ ႏွာေခါင္းႀကီးတဲ့သူဟာ အမ်ိဳးသားလား အမ်ိဳး သမီးလား ေသခ်ာမသိရေပမယ့္ ေတာ္လွန္ေရးတပ္ဖြဲ႕ေတြနဲ႔ ပတ္သက္လို႔ ခုလိုမ်ိဳးရွာေဖြေနတာျဖစ္နိုင္တယ္လို႔ ရဲတပ္ဖြဲ႕ဝင္ေဟာင္းတဦးက မွတ္ခ်က္ျပဳ ေျပာဆိုပါတယ္။