Local News

လစဥ်အိမ်ငှားခကို ပုံမှန်ပေးခဲ့ရသော်လည်း ၈နှစ်အကြာမှ ထိုအိမ်ရဲ့ပိုင်ရှင်မှာ ဇနီးသည်ဖြစ်နေကြောင်း သိခဲ့ရ၍ ဝမ်းနည်းကြေကွဲသွားသော ခင်ပွန်း

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ကူမြို့တွင် နေထိုင်သော အမျိုးသားတစ်ဦးသည် အိမ်ထောင်ကျကျခြင်းမှာပဲ မိဘအိမ်တွင်မနေချင်တာကြောင့် တိုက်ခန်းဌားကာ ဇနီးဖြစ်သူနဲ့အတူ သက်သက်ခွဲနေခဲ့သည်။

အမျိုးသားသည် ဇနီးဖြစ်သူကို အရမ်းချစ်ကာ သားသမီးတွေရသည်ထိကို စားဝတ်နေရေးခက်ခဲတာမျိုးရှိပေမယ့် အပြင်အလုပ်ထွက်မလုပ်ခိုင်းပဲ သူတစ်ယောက်တည်းရဲ့ လုပ်စာနဲ့သာ ရှာဖွေကျွေးခဲ့ပြီး လစဥ်အိမ်ဌားခအနေနှင့် ယွမ်၈၀၀၀ကိုလည်း ပေးဆောင်ခဲ့ရသည်။

သို့သော်လည်း တစ်နေ့တွင် သက်ဆိုင်ရာအရာရှိများမှ ရုတ်တရက် နေထိုင်ခွင့်လက်မှတ်ကို လာရောက်စစ်ဆေးခဲ့ရာမှာ စာချုပ်ထဲတွင် ဇနီးဖြစ်သူမှာ အခန်းပိုင်ရှင်ဖြစ်နေကြောင်းကို ၈နှစ်အကြာမှသာလျှင် အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။

ထိုအချိန်တွင် ခင်ပွန်းဖြစ်သူသည် ဇနီးသည်နားနေရာအခန်းသို့ ဒေါသတကြီးနဲ့ သွားရောက်ကာ လစဥ်အိမ်ဌားခကို သူ့ခမျာအလုပ်ပင်ပင်ပန်းပန်းလုပ်ပြီး ပေးဆောင်ခဲ့ရ၍ သူ့အပေါ်ဘာကြောင့် လုပ်ရက်ခဲ့တာလဲဆိုပြီး မေးမြန်းပြီးနောက် ဇနီးသည်ရဲ့လုပ်ရပ်ကြောင့် ဝမ်းနည်းမျက်ရည်ကျခဲ့ရသည်။

Hlaing (Love Feeling)





Hlaing (Love Feeling)