ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် စစ်တပ်ထောက်ခံသူများက မန္တလေးသုဿန်၌ နာရေးအသွင်ပြုလုပ်
စကစရဲ့ ယုတ်ညံ့လွန်းတဲ့ လုပ်ရပ်တွေကို ပြည်သူများ သိစေဖို့ Share ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ။
ယနေ့ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့တွင် စစ်ကောင်စီလက်ပါးစေများက မန္တလေးတိုင်း၊
ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာသုဿန်၌ ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် နာရေးအတု ပြုလုပ်ခဲ့ကြောင်း
ဒေသခံများထံက သိရသည်။ယနေ့ နံနက် (၆) နာရီခန့်က ဒဟတ္တောကျေးရွာသို့ စစ်အုပ်စုက လက်နက်ကိုင်ဆောင်ပြီး
အိမ်စီးကားများဖြင့် ဝင်ရောက်လာကာ နာရေးအတုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သင်္ချိုင်းအနီးဖြတ်သွားသည့် ကျေးရွာသားတစ်ဦးကိုလည်း စစ်ကောင်စီလက်ပါးစေများက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း
ကျေးရွာနြေပည်သူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။”ဘုန်းကြီးအတုတွေ၊ ရွာကတစ်ယောက်မှ မပါဘူး။
သူတို့အိမ်စီးကားနဲ့သယ်လာတာ”ဟု ဒေသခံတစ်ဦးကပြောသည်။အဆိုပါ နာရေးအတုပြုလုပ်ရန် စစ်ကောင်စီတပ်သားများက
အရပ်ဝတ်ဖြင့် လက်နက်ကိုင်လုံခြုံရေးပေးခဲ့ပြီး ကျေးရွာအဝင်အထွက်လမ်းအားလုံးကိုလည်း ပိတ်ထားခဲ့ကြောင်း
ဒေသခံများက ဆိုသည်။”တကယ်ဥပဒေတည်ရှိနေတယ်ဟေ့ဆိုရင်တော့ အသရေဖျက်မှုနဲ့စွဲလို့ရတာပေါ့လေ။
ရာဇသတ်ကြီးပုဒ်မ (၅) အရ စွဲလို့ရတာပေါ့။ ဒီကာလမှာတော့ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးက
ပျက်နေတဲ့အခါကျတော့ သွားတိုင်လည်း တိုင်ချက်ဖွင့်ပြီးအရေးယူပေးမဲ့အနေအထားတော့မရှိဘူး”ဟု
တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ ထိုကဲ့သို နာရေးအတုပြုလုပ်သည်ကို စစ်ကောင်စီထောက်ခံသူများက
အင်တာနက်ပေါ်၌ထောက်ခံအားပေးပြီး ပြန်လည်မျှဝေနေကြသည်။”ဘယ်လိုပဲလုပ်လုပ်ပါ သူတို့စေတနာ
သူတို့ကို အကျိုးပေးပါစေ၊ သူတို့ဆီပြန်ပါစေ။ ကျွန်မတို့ ကောင်းတဲ့ဘက်က တွေးကြည့်ပြီး ကံနိမ့်နေတဲ့ သူမကို
ကံကောင်းအောင် အသစ်တဖန်ပြန်လည်မွေးဖွားအောင် ကတ်ကင်းလို့ ခေါ်မလားမသိဘူး ချေပစ်တယ်လို
မှတ်ယူကြရအောင်”ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးက ပြောသည်။ တော်လှန်ရေးကာလအတွင်း၌လည်း
မတရားမှုကိုဆန့်ကျင်သည့် ပြည်သူများက အကြမ်းဖက်လူသတ်မှုများတွင် အဓိကတာဝန်ရှိသည့်
စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နာရေးပုံစံမျိုးပြုလုပ်ခြင်း၊ ၎င်းပုံကို ကြိုးပေးခံရသည့် ပုံသဏ္ဍာန်ပြုလုပ်ခြင်းနှင့်
မီးရှို့ခြင်းများပြုလုပ်ခဲ့ကြသေးသည်။ “ဘာပဲဖြစ်ဖြစ်ကိုယ်ယုံကြည်ရာကိုယ်လုပ်ကြတာမို့
ကိုယ်လည်းကိုယ်ယုံကြည်ရာပဲဆက်လုပ်နေမှာပါ။ ဒါတွေကို လိုက်ပြီးအာရုံထားနေဖို့တော့ အချိန်သိပ်မပေးနိုင်ဘူး။
ခုလုပ်နေတာက အမှားအမှန်သိပြီး အမှန်တရားက ဘယ်နားသွားအိပ်နေလဲမသိတော့ စိတ်တိုရတယ်”ဟု
ပဲခူးတိုင်း၊ ပြည်မြို့၌နေထိုင်သူတစ်ဦးက ပြောသည်။ လက်ရှိအချိန်၌ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို
ပြည်တွင်းပြည်ပ တော်လှန်ရေးအဖွဲ့အစည်းများ၊ပြည်သူများနှင့် သပိတ်တော်လှန်ရေးအင်းအားစုများကလည်း
အပြိုင်အဆိုင် မွေးနေ့ဆုတောင်းလှုပ်ရှားမှုများ ပြုလုပ်နေကြပြီး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလကလည်း မွေးနေ့ဆုတောင်းပေးထားသည်။
Credit-Original writer
Zawgyi
ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔တြင္ စစ္တပ္ေထာက္ခံသူမ်ားက မႏၲေလးသုႆန္၌ နာေရးအသြင္ျပဳလုပ္
စကစရဲ့ ယုတ္ညံ့လြန္းတဲ့ လုပ္ရပ္ေတြကို ျပည္သူမ်ား သိေစဖို႔ Share ေပးပါရန္ ေမတၱာရပ္ခံအပ္ပါသည္ ။
ယေန႔က်ေရာက္သည့္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေမြးေန႔တြင္ စစ္ေကာင္စီလက္ပါးေစမ်ားက မႏၲေလးတိုင္း၊
ပုသိမ္ႀကီးၿမိဳ႕နယ္၊ ဒဟေတၱာေက်းရြာသုႆန္၌ ေဒၚေအာင္ဆန္းစုၾကည္အမည္ျဖင့္ နာေရးအတု ျပဳလုပ္ခဲ့ေၾကာင္း
ေဒသခံမ်ားထံက သိရသည္။ယေန႔ နံနက္ (၆) နာရီခန႔္က ဒဟေတၱာေက်းရြာသို႔ စစ္အုပ္စုက လက္နက္ကိုင္ေဆာင္ၿပီး
အိမ္စီးကားမ်ားျဖင့္ ဝင္ေရာက္လာကာ နာေရးအတုျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
ထို႔အျပင္ သခၤ်ိဳင္းအနီးျဖတ္သြားသည့္ ေက်းရြာသားတစ္ဦးကိုလည္း စစ္ေကာင္စီလက္ပါးေစမ်ားက ဝိုင္းဝန္းရိုက္ႏွက္ခဲ့ေၾကာင္း
ေက်းရြာေျနပည္သူတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။”ဘုန္းႀကီးအတုေတြ၊ ရြာကတစ္ေယာက္မွ မပါဘူး။
သူတို႔အိမ္စီးကားနဲ႔သယ္လာတာ”ဟု ေဒသခံတစ္ဦးကေျပာသည္။အဆိုပါ နာေရးအတုျပဳလုပ္ရန္ စစ္ေကာင္စီတပ္သားမ်ားက
အရပ္ဝတ္ျဖင့္ လက္နက္ကိုင္လုံျခဳံေရးေပးခဲ့ၿပီး ေက်းရြာအဝင္အထြက္လမ္းအားလုံးကိုလည္း ပိတ္ထားခဲ့ေၾကာင္း
ေဒသခံမ်ားက ဆိုသည္။”တကယ္ဥပေဒတည္ရွိေနတယ္ေဟ့ဆိုရင္ေတာ့ အသေရဖ်က္မႈနဲ႔စြဲလို႔ရတာေပါ့ေလ။
ရာဇသတ္ႀကီးပုဒ္မ (၅) အရ စြဲလို႔ရတာေပါ့။ ဒီကာလမွာေတာ့ တရားစီရင္ေရးနဲ႔ တရားဥပေဒစိုးမိုးေရးက
ပ်က္ေနတဲ့အခါက်ေတာ့ သြားတိုင္လည္း တိုင္ခ်က္ဖြင့္ၿပီးအေရးယူေပးမဲ့အေနအထားေတာ့မရွိဘူး”ဟု
တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးက ေျပာသည္။ ထိုကဲ့သို နာေရးအတုျပဳလုပ္သည္ကို စစ္ေကာင္စီေထာက္ခံသူမ်ားက
အင္တာနက္ေပၚ၌ေထာက္ခံအားေပးၿပီး ျပန္လည္မၽွေဝေနၾကသည္။”ဘယ္လိုပဲလုပ္လုပ္ပါ သူတို႔ေစတနာ
သူတို႔ကို အက်ိဳးေပးပါေစ၊ သူတို႔ဆီျပန္ပါေစ။ ကၽြန္မတို႔ ေကာင္းတဲ့ဘက္က ေတြးၾကည့္ၿပီး ကံနိမ့္ေနတဲ့ သူမကို
ကံေကာင္းေအာင္ အသစ္တဖန္ျပန္လည္ေမြးဖြားေအာင္ ကတ္ကင္းလို႔ ေခၚမလားမသိဘူး ေခ်ပစ္တယ္လို
မွတ္ယူၾကရေအာင္”ဟု ရန္ကုန္ၿမိဳ႕မွ အိမ္ရွင္မတစ္ဦးက ေျပာသည္။ ေတာ္လွန္ေရးကာလအတြင္း၌လည္း
မတရားမႈကိုဆန႔္က်င္သည့္ ျပည္သူမ်ားက အၾကမ္းဖက္လူသတ္မႈမ်ားတြင္ အဓိကတာဝန္ရွိသည့္
စစ္ေခါင္းေဆာင္မင္းေအာင္လွိုင္၏ နာေရးပုံစံမ်ိဳးျပဳလုပ္ျခင္း၊ ၎ပုံကို ႀကိဳးေပးခံရသည့္ ပုံသ႑ာန္ျပဳလုပ္ျခင္းႏွင့္
မီးရွို႔ျခင္းမ်ားျပဳလုပ္ခဲ့ၾကေသးသည္။ “ဘာပဲျဖစ္ျဖစ္ကိုယ္ယုံၾကည္ရာကိုယ္လုပ္ၾကတာမို႔
ကိုယ္လည္းကိုယ္ယုံၾကည္ရာပဲဆက္လုပ္ေနမွာပါ။ ဒါေတြကို လိုက္ၿပီးအာ႐ုံထားေနဖို႔ေတာ့ အခ်ိန္သိပ္မေပးနိုင္ဘူး။
ခုလုပ္ေနတာက အမွားအမွန္သိၿပီး အမွန္တရားက ဘယ္နားသြားအိပ္ေနလဲမသိေတာ့ စိတ္တိုရတယ္”ဟု
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕၌ေနထိုင္သူတစ္ဦးက ေျပာသည္။ လက္ရွိအခ်ိန္၌ ေဒၚေအာင္ဆန္းစုၾကည္ေမြးေန႔ကို
ျပည္တြင္းျပည္ပ ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား၊ျပည္သူမ်ားႏွင့္ သပိတ္ေတာ္လွန္ေရးအင္းအားစုမ်ားကလည္း
အၿပိဳင္အဆိုင္ ေမြးေန႔ဆုေတာင္းလႈပ္ရွားမႈမ်ား ျပဳလုပ္ေနၾကၿပီး
အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ ယာယီသမၼတ ဒူဝါလရွီးလကလည္း ေမြးေန႔ဆုေတာင္းေပးထားသည္။
Credit-Original writer