Local News

အိမ်စီးကားနဲ့ ပင်လယ်စာတင်လာတဲ့ ကုန်ကားတိုက်မိရာ ယာဉ်မောင်းထွက်ပြေးပြီး အိမ်စီးကားပေါ်ပါသူများ… see more

ဧရာဝတီတိုင္း ၊ႀကံခင္းၿမိဳ႕နယ္ ၊ ကံဆယ္လမ္းဆုံ မွာ အိမ္စီးကားနဲ႔ ကုန္တင္ယာဥ္တိုက္မႈျဖစ္ၿပီး တဦးေသ၊ ၃ ဦး ဒဏ္ရာျပင္းထန္ ရရွိခဲ့တယ္လို႔ သိရပါတယ္။

ဒီေန႔ ဇြန္လ ၁၉ ရက္ေန႔ မနက္ ၆ နာရီေလာက္မွာ ကံဆယ္ေက်းရြာအနီး ၊ကံဆယ္လမ္းဆုံ ၊ပုသိမ္-မုံရြာလမ္းမေပၚမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဒဏ္ရာရသူေတြထဲက ေခါင္းထိသူတဦးက စိုးရိမ္ရတယ္လို႔ သိရပါတယ္။

” မနက္အေစာကျဖစ္တာ ၊ ေသခ်ာတာက ၁ ဦး ကြယ္လြန္တယ္၊တဦးေခါင္းထိတယ္။အမ်ိဳးသမီးေပါင္က်ိဳးတယ္။ တဦးကထြက္ေျပးတယ္။ထြက္ေျပးတာကယာဥ္ေမာင္းျဖစ္လိမ့္မယ္ ” လို႔ကူညီကယ္ဆယ္ေရးလုပ္ခဲ့သူတဦးကေျပာပါတယ္။

အိမ္စီးကားဟာ ျမန္ေအာင္ၿမိဳ႕က ျဖစ္ၿပီး ကုန္တင္ကားဟာ ဂဏန္းေတြတင္လာတဲ့ကား ျဖစ္တယ္လို႔ သိရပါတယ္။

” အိမ္စီးကားေလးကေတာ့စုတ္ျပတ္သတ္လို႔၊ကုန္ကားကလည္းေမွာက္၊ ေသတဲ့သူက ကားေပၚကေန လြင့္က်ၿပီးေသေနတာ။ အဲ့ေနရာကအျမဲကားတိုက္မႈျဖစ္တယ္။သတိထားသင့္တယ္ ” လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။လက္ရွိမွာ ဒဏ္ရာရသူေတြကို ဟသၤာတျပည္သူ႔ေဆး႐ုံကိုပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

Credit – Original Writer

ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ် ၊ ကံဆယ်လမ်းဆုံ မှာ အိမ်စီးကားနဲ့ ကုန်တင်ယာဉ်တိုက်မှုဖြစ်ပြီး တဦးသေ၊ ၃ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကံဆယ်ကျေးရွာအနီး ၊ကံဆယ်လမ်းဆုံ ၊ပုသိမ်-မုံရွာလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေထဲက ခေါင်းထိသူတဦးက စိုးရိမ်ရတယ်လို့ သိရပါတယ်။

” မနက်အစောကဖြစ်တာ ၊ သေချာတာက ၁ ဦး ကွယ်လွန်တယ်၊တဦးခေါင်းထိတယ်။အမျိုးသမီးပေါင်ကျိုးတယ်။ တဦးကထွက်ပြေးတယ်။ထွက်ပြေးတာကယာဉ်မောင်းဖြစ်လိမ့်မယ် ” လို့ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတဦးကပြောပါတယ်။

အိမ်စီးကားဟာ မြန်အောင်မြို့က ဖြစ်ပြီး ကုန်တင်ကားဟာ ဂဏန်းတွေတင်လာတဲ့ကား ဖြစ်တယ်လို့ သိရပါတယ်။

” အိမ်စီးကားလေးကတော့စုတ်ပြတ်သတ်လို့၊ကုန်ကားကလည်းမှောက်၊ သေတဲ့သူက ကားပေါ်ကနေ လွင့်ကျပြီးသေနေတာ။ အဲ့နေရာကအမြဲကားတိုက်မှုဖြစ်တယ်။သတိထားသင့်တယ် ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။လက်ရှိမှာ ဒဏ်ရာရသူတွေကို ဟင်္သာတပြည်သူ့ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Credit – Original Writer