မန္တလေး နန်းရှေ့က ဖုန်းဆိုင်တစ်ခုမှာ အတိုတစ်လက်ပြပြီး ဖုန်းတစ်လုံး လုယက်သွား
MFP ၊ ဇွန် – ၂၀
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ့ အနှိပ်တော်ရပ်ကွက် ၁၉ x ၆၃ လမ်းထောင့်မှာရှိတဲ့ Any call Mobile ဖုန်းဆိုင်ထဲကို အတိုတစ်လက်ပြပြီး ဖုန်းတစ်လုံး လုယက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်
ဒီနေ့ ဇွန်လ (၂၀)ရက် မွန်းလွဲ (၂)နာရီခန့်မှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်နဲ့ ရောက်လာပြီး ဦးထုပ်အနီ၊ ဘောင်းဘီရှည်အနက်
Mask တပ်ထားသူက ဆိုင်ထဲ ဝင်ရောက်ပြီး ဆိုင်ဝန်ထမ်းတွေကို ပစ္စတို ပြသကာ Samsumg အမျိုးအစား S-22 ဖုန်း တစ်လုံးကို လုယက်ယူဆောင် ထွက်ပြေးသွားတာဖြစ်တယ်လို့ သတင်းရင်းမြစ်အချို့က ဆိုပါတယ်
စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်မှာ လုယက်၊ ရမ်းကား၊ သက်ဖြတ်တာတွေကို အလွယ်တကူကျူးလွန်နေကြပြီး ဒေသခံတွေအတွက် စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ် Crd- MFP
MFP ၊ ဇွန် – ၂၀