Local News

လိုင်းပေါ်ကနေ ချစ်ကြိုက်ခဲ့ပြီး အပြင်မှာတွေ့ရန် ချိန်းဆိုလိုက်တဲ့ မိန်းကလေး၏ ကြေကွဲစရာဖြစ်ရပ်












CREDIT

လိုင်းပေါ်ကနေ ချစ်ကြိုက်ခဲ့ပြီး အပြင်မှာတွေ့ရန် ချိန်းဆိုလိုက်တဲ့ မိန်းကလေး၏ ကြေကွဲစရာဖြစ်ရပ်

ယနေ့ခတ်တွင် ဖုန်းတစ်လုံးနှင့် လိုင်းပေါ်တက်ပြီး တော်ကီများထည့်ပြီး စကားပြောရုံဖြင့် အပြင်မှာမတွေ့ဖူးသော်လည်း ရည်းစားရမည့် ကာလကို ရောက်ရှိနေပါသည်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ ချစ်သူစုံတွဲသည် လိုင်းပေါ်ကနေ ချစ်ရေးဆိုခဲ့ကြပြီး အပြင်မှာလည်း တစ်ခါမှ မတွေးဖူးကြပါ။

ထို့ကြောင့် ပထမဆုံးကြိမ်အဖြစ် အပြင်မှာတွေ့ရန် ချိန်းဆိုခဲ့ရာ ကောင်လေးက သူ့မှာ ကားရှိကြောင်းနှင့် ကောင်မလေးမှလည်း ဒါဖြင့်လျှင်လည်း ကားနှင့်လာခေါ်ပေးဆိုပြီး ပြောဆိုခဲ့ကြသည်။

ကောင်မလေးသည် ပထမဆုံးတွေ့မှာဖြစ်၍ အဝတ်အစား လှလှလေးဝတ်ကာ မိတ်ကပ်များလိမ်းခြယ်၍ အလှဆုံးဖြစ်အောင် ပြင်ထားပြီး ချစ်သူကောင်လေး ကားနှင့်လာခေါ်မည်ကို ရင်ခုန်စွာနှင့် စောင့်မျှော်နေခဲ့သည်။

ထိုအချိန်မှာပဲ ကုန်တင်ကား တစ်စီးသည် အိမ်ရှေ့တွင် ရောက်လာပြီး ကားပေါ်မှ ဆင်းလာသော ချစ်သူကောင်လေးအား တွေ့ရှိခဲ့၍ ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်နေခဲ့သည်။

သူမထင်ထားသည်မှာ စမတ်ကျကျဇိမ်ခံကားဖြစ်ပြီး လက်တွေ့တွင် ကုန်တင်ကားတစ်စီးသာ ဖြစ်နေ၍ ချိန်းဆိုထားပြီဖြစ်၍ မတတ်နိုင်သည့်အဆုံး ရှက်ရှက်နှင့် ကားပေါ်လိုက်ပါသွားခဲ့သည်။

ထို့နောက် စားသောက်ဆိုင်တစ်ဆိုင်တွင် ဝင်ထိုင်ကာ စားစရာများ မှာယူစားပြီးနောက် ကောင်လေးမှ ချစ်သူမိန်းကလေးဆီကနေ အစားအသောက်ဖိုး တစ်ဝက်အား တောင်းယူခဲ့၍

သူမ တစ်ရက်တာကြုံတွေ့ရသော အံ့အားသင့်စရာတွေ မကုန်ဆုံးတော့ပူးလားဟုပင် တွေးမိသွားသည်။

မိန်းကလေးသည် သူမကြုံတွေ့ခဲ့ရသော အဖြစ်အပျက်လေးနှင့်ပက်သက်ပြီး ချစ်သူကောင်လေးမှ ပထမဆုံးအကြိမ် အစားစားရန် ချိန်းဆိုခဲ့သည်မှာ ပျော်စရာကောင်းသော်လည်း

ငွေတစ်ဝက်ပြန်တောင်းခြင်းကိုတော့ အတော်လေး စိတ်ပျက်မိသည်ဆိုပြီး လူမှုကွန်ယက်တွင် မျှဝေခဲ့ခြင်း ဖြစ်သည်။

CREDIT