မင္းမိန္းမနဲ႔ ဘာလို႔ ကြာရွင္းခ်င္တာလဲလို႔ တရားသူႀကီးက ေမးေသာအခါ…
တရား႐ုံးတြင္ ကြာရွင္းဖို႔ လာေတာ့ ဇနီးေမာင္ႏွံႏွစ္ဉီးအနက္ ေယာက္်ားျဖစ္သူကို တရားသူႀကီးက ေမးတယ္…
“က်ေနာ့ကို ေန႔စဥ္ ၾကက္သြန္ျဖဴခြာခိုင္းတယ္
ၾကက္သြန္နီလွီးခိုင္းတယ္၊ ပန္းကန္ ေဆးခိုင္းတယ္ အဲဒါေၾကာင့္”
” အဲဒါ ဘာမ်ား အပန္းႀကီးလဲ…
လြယ္လြယ္ေလးဟာကို….
ၾကက္သြန္ျဖဴမခြာခင္ မီးအပူေလး ေပးလိုက္… အခြံခြာရတာ လြယ္လြယ္ေလးျဖစ္သြားမယ္
ၾကက္သြန္နီလွီးခိုင္းရင္ လွီးမဲ့ၾကက္သြန္ကို ေရခဲေသတၱာအထဲ ခဏထား..
ေနာက္လွီးၾကည့္… မ်က္စိမစပ္ေတာ့ဘူးေပါ့…
ဒီလိုပဲေလ..ပန္းကန္လည္း မေဆးခင္ ေရထဲ ဆယ္မိနစ္ေလာက္စိမ္ထား ေဆးရတာ လြယ္လြယ္ေလး…
ဒါေပမဲ့..မင္းကို အဝတ္ေတာ့ မေလၽွာ္ခိုင္းေသးဘူး မဟုတ္လား…
ေနာက္ အဝတ္ေလၽွာ္ခိုင္းရင္ ဒီလိုလုပ္ကြ
ေသခ်ာ မွတ္ထား….
အဝတ္မေလၽွာ္ခင္ ဆပ္ျပာရည္အထဲ မွာ
အဝတ္ကို ဆယ့္ငါးမိနစ္ေလာက္ စိမ္ထား…
ဂ်ီးေတြ သူ႔အလိုလို ထြက္လာမယ္…
ေလၽွာ္တဲ့အခ်ိန္ အားသုံးစရာ မလိုေတာ့ဘူးေပါ့..
ၿပီးေတာ့…သနပ္ခါး..ေသြး…”
“ရပါၿပီ ခင္ဗ်…
က်ေနာ့္ ေလၽွာက္လႊာ ျပန္႐ုပ္သိမ္းခြင့္ျပဳပါ..တရားသူႀကီးမင္း ခင္ဗ်ား”
“မင္း.. ငါေျပာတာ နားလည္သြားလို႔ေပါ့ ဟုတ္လား”
“အမွန္ေတာ့ က်ေနာ္ဟာ တရားသူႀကီး ထက္စာရင္ အမ်ားႀကီး သက္သာပါေသးတယ္ဆိုတာ သိသြားလို႔ပါ..”
ဒီလိုကာလႀကီးမွာ ခဏတာေလးျဖစ္ျဖစ္ ရယ္ေမာေပ်ာ္ရႊင္နိုင္ၾကပါေစ…။
မူရင္းအား Credit
မင်းမိန်းမနဲ့ ဘာလို့ ကွာရှင်းချင်တာလဲလို့ တရားသူကြီးက မေးသောအခါ…
တရားရုံးတွင် ကွာရှင်းဖို့ လာတော့ ဇနီးမောင်နှံနှစ်ဉီးအနက် ယောက်ျားဖြစ်သူကို တရားသူကြီးက မေးတယ်…
“ကျနော့ကို နေ့စဉ် ကြက်သွန်ဖြူခွာခိုင်းတယ်
ကြက်သွန်နီလှီးခိုင်းတယ်၊ ပန်းကန် ဆေးခိုင်းတယ် အဲဒါကြောင့်”
” အဲဒါ ဘာများ အပန်းကြီးလဲ…
လွယ်လွယ်လေးဟာကို….
ကြက်သွန်ဖြူမခွာခင် မီးအပူလေး ပေးလိုက်… အခွံခွာရတာ လွယ်လွယ်လေးဖြစ်သွားမယ်
ကြက်သွန်နီလှီးခိုင်းရင် လှီးမဲ့ကြက်သွန်ကို ရေခဲသေတ္တာအထဲ ခဏထား..
နောက်လှီးကြည့်… မျက်စိမစပ်တော့ဘူးပေါ့…
ဒီလိုပဲလေ..ပန်းကန်လည်း မဆေးခင် ရေထဲ ဆယ်မိနစ်လောက်စိမ်ထား ဆေးရတာ လွယ်လွယ်လေး…
ဒါပေမဲ့..မင်းကို အဝတ်တော့ မလျှော်ခိုင်းသေးဘူး မဟုတ်လား…
နောက် အဝတ်လျှော်ခိုင်းရင် ဒီလိုလုပ်ကွ
သေချာ မှတ်ထား….
အဝတ်မလျှော်ခင် ဆပ်ပြာရည်အထဲ မှာ
အဝတ်ကို ဆယ့်ငါးမိနစ်လောက် စိမ်ထား…
ဂျီးတွေ သူ့အလိုလို ထွက်လာမယ်…
လျှော်တဲ့အချိန် အားသုံးစရာ မလိုတော့ဘူးပေါ့..
ပြီးတော့…သနပ်ခါး..သွေး…”
“ရပါပြီ ခင်ဗျ…
ကျနော့် လျှောက်လွှာ ပြန်ရုပ်သိမ်းခွင့်ပြုပါ..တရားသူကြီးမင်း ခင်ဗျား”
“မင်း.. ငါပြောတာ နားလည်သွားလို့ပေါ့ ဟုတ်လား”
“အမှန်တော့ ကျနော်ဟာ တရားသူကြီး ထက်စာရင် အများကြီး သက်သာပါသေးတယ်ဆိုတာ သိသွားလို့ပါ..”
ဒီလိုကာလကြီးမှာ ခဏတာလေးဖြစ်ဖြစ် ရယ်မောပျော်ရွှင်နိုင်ကြပါစေ…။
မူရင်းအား Credi