Local News

ထိုင်းနှင့်မလေးရှားသို့ခိုးဝင်၍ ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများတွင် CDMဝန်ထမ်းတချို့ပါနေဟုဆို

ထိုင္းႏွင့္မေလးရွားသို႔ခိုးဝင္၍ ဖမ္းဆီးခံရသည့္ ျမန္မာလုပ္သားမ်ားတြင္ CDMဝန္ထမ္းတခ်ိဳ႕ပါေနဟုဆို

ရန္ကုန္၊ ဇြန္၂၀

လူငယ့္ေခတ္

ထိုင္းႏွင့္ မေလးရွားနိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္ခိုးဝင္၍ ဖမ္းဆီခံရသူမ်ားထဲ CDMဝန္ထမ္းတခ်ိဳ႕ပါ ပါဝင္ေနသည္ ကိုေတြ႕ရေၾကာင္း ေရႊ႕ေျပာင္းအလုပ္သမားအေရးကူညီေနသူမ်ားထံမွ သိရသည္။

ထိုသို႔ CDM ဝန္ထမ္းမ်ား ဖမ္းဆီးခံရမႈမ်ားရွိေနေၾကာင္းကို ၎တို႔ႏွင့္သိကၽြမ္းသူမ်ားက ဆက္သြယ္လာမွသိရျခင္း ျဖစ္သည္ဟု မေလးရွားေရာက္ ျမန္မာလုပ္သားအေရးကူညီေနသူတစ္ဦး လူငယ့္ေခတ္သို႔ေျပာသည္။

“ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ခိုးဝင္အုပ္စုေတြထဲ CDM ေတြပါတဲ့အေၾကာင္း ကၽြန္ေတာ္လည္းသိရတာ။ CDMဝန္ထမ္း ၅ ဦး ထိုင္းနဲ႔မေလးနယ္စပ္မွာ အဖမ္းခံထားရတယ္လို႔ သူတို႔မိတ္ ေဆြကလွမ္းအေၾကာင္းၾကားတယ္။ ဘယ္တုန္းကတည္းက အဖမ္းခံရတာေတြရွိေနလဲမသိဘူး။ လက္ရွိေတာ့အဆက္သြယ္လုပ္မရေသးဘူး”ဟု ၎က ထပ္မံရွင္းျပသည္။

CDM ဝန္ထမ္းမ်ားမွာ ျပည္တြင္း၌အလုပ္အကိုင္ရရွိရန္ခက္ခဲေနၿပီး ျပည္ပသို႔လည္းတရားဝင္ထြက္ခြာခြင့္ ပိတ္ခံထားရသျဖင့္ တရား မဝင္နည္းလမ္းျဖင့္ သြားေရာက္မႈမ်ားရွိေနျခင္းျဖစ္ေၾကာင္း ျမန္မာ့မီးရထား CDMဝန္ထမ္း တစ္ဦးကလည္း ေျပာသည္။

“ကၽြန္ေတာ့္ သူငယ္ခ်င္းေတြထဲက ထိုင္းဖက္ ကို ေအာက္လမ္းကသြားတာေတြရွိတယ္။ မေလးရွားဘက္ဆက္သြား သူေတြလည္းရွိတယ္။ သူတို႔ကေတာ့ အဖမ္းခံရတယ္မၾကားဘူး။ သြားေတာ့သြားေနၾကတယ္”ဟု ၎ကဆိုသည္။

ထိုင္းႏွင့္မေလးရွားနိုင္ငံသို႔ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား တရားမဝင္သြားေရာက္ေနျခင္းေၾကာင့္ ေန႔စဥ္ဖမ္းဆီးခံ ရမႈမ်ားရွိေနေၾကာင္း ယင္းနိုင္ငံ လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕မ်ား၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ထိုင်းနှင့်မလေးရှားသို့ခိုးဝင်၍ ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများတွင် CDMဝန်ထမ်းတချို့ပါနေဟုဆို

ရန်ကုန်၊ ဇွန်၂၀

လူငယ့်ခေတ်

ထိုင်းနှင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်ခိုးဝင်၍ ဖမ်းဆီခံရသူများထဲ CDMဝန်ထမ်းတချို့ပါ ပါဝင်နေသည် ကိုတွေ့ရကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးကူညီနေသူများထံမှ သိရသည်။

ထိုသို့ CDM ဝန်ထမ်းများ ဖမ်းဆီးခံရမှုများရှိနေကြောင်းကို ၎င်းတို့နှင့်သိကျွမ်းသူများက ဆက်သွယ်လာမှသိရခြင်း ဖြစ်သည်ဟု မလေးရှားရောက် မြန်မာလုပ်သားအရေးကူညီနေသူတစ်ဦး လူငယ့်ခေတ်သို့ပြောသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းကမှ ခိုးဝင်အုပ်စုတွေထဲ CDM တွေပါတဲ့အကြောင်း ကျွန်တော်လည်းသိရတာ။ CDMဝန်ထမ်း ၅ ဦး ထိုင်းနဲ့မလေးနယ်စပ်မှာ အဖမ်းခံထားရတယ်လို့ သူတို့မိတ် ဆွေကလှမ်းအကြောင်းကြားတယ်။ ဘယ်တုန်းကတည်းက အဖမ်းခံရတာတွေရှိနေလဲမသိဘူး။ လက်ရှိတော့အဆက်သွယ်လုပ်မရသေးဘူး”ဟု ၎င်းက ထပ်မံရှင်းပြသည်။

CDM ဝန်ထမ်းများမှာ ပြည်တွင်း၌အလုပ်အကိုင်ရရှိရန်ခက်ခဲနေပြီး ပြည်ပသို့လည်းတရားဝင်ထွက်ခွာခွင့် ပိတ်ခံထားရသဖြင့် တရား မဝင်နည်းလမ်းဖြင့် သွားရောက်မှုများရှိနေခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား CDMဝန်ထမ်း တစ်ဦးကလည်း ပြောသည်။

“ကျွန်တော့် သူငယ်ချင်းတွေထဲက ထိုင်းဖက် ကို အောက်လမ်းကသွားတာတွေရှိတယ်။ မလေးရှားဘက်ဆက်သွား သူတွေလည်းရှိတယ်။ သူတို့ကတော့ အဖမ်းခံရတယ်မကြားဘူး။ သွားတော့သွားနေကြတယ်”ဟု ၎င်းကဆိုသည်။

ထိုင်းနှင့်မလေးရှားနိုင်ငံသို့ မြန်မာရွှေ့ပြောင်းလုပ်သားများ တရားမဝင်သွားရောက်နေခြင်းကြောင့် နေ့စဉ်ဖမ်းဆီးခံ ရမှုများရှိနေကြောင်း ယင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။