Local News

မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေး စစ်သားနှင့်ရဲများ ပ-စ်ခတ်ခံ ရပြီး နောက် Non CDM ဝန်ထမ်းများ အားလုံးကို လုံခြုံရေးကင်းစောင့်ခိုင်း

ျမန္မာ့စီးပြားေရးဘဏ္ လုံျခဳံေရး စစ္သားႏွင့္ရဲမ်ား ပစ္ခတ္ခံ ရၿပီး ေနာက္ Non CDM ဝန္ထမ္းမ်ား အားလုံးကို လုံျခဳံေရးကင္းေစာင့္ခိုင္း

ရန္ကုန္၊ ဇြန္ ၂၁

မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕ ျမန္မာ့စီးပြားေရးဘဏ္တြင္ လုံျခဳံေရးယူေနေသာ စစ္ ေကာင္စီတပ္ဖြဲ႕ဝင္ ရဲႏွင့္စစ္သားမ်ား ဇြန္လ ၁၂ ရက္ေန႔တြင္ ပစ္ခတ္ခံရၿပီး ေနာက္ Non CDM ဝန္ထမ္းမ်ားအားလုံး ေခ်ာက္ၿမိဳ႕နယ္တြင္ ကင္းေစာင့္ခိုင္း ေၾကာင္း ဝန္ထမ္းမ်ားထံမွ သိရွိရသည္။

ဇြန္လ ၁၂ ရက္ေန႔တြင္ ေခ်ာက္ၿမိဳ႕နယ္ PDF က ျမန္မာ့စီးပြားေရးဘဏ္ လုံျခဳံ ေရး အေစာင့္ စစ္တပ္ႏွင့္ရဲကို ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ ယင္းကဲ့ သို႔ ဝန္ႀကီးဌာန ဝန္ထမ္းမ်ားကိုပါ လုံျခဳံေရး ကင္းေစာင့္ခိုင္း ျခင္းျဖစ္ ေၾကာင္း သိရွိရသည္။

“ပစ္ခတ္ခံရတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁ ဦး ဒဏ္ရာရတယ္။ ေသေတာ့ မေသ ဘူး။ အခု ေခ်ာက္မွာ ဝန္ႀကီးဌာန ဝန္ထမ္းေတြ စစ္ကားနဲ႔ ကင္းလွည့္ရင္ လိုက္ရ တယ္။ အလွည့္က် ကင္းလွည့္ရတယ္။ တံတားဂိတ္ေစာင့္ခိုင္းတယ္။ မီတာ႐ုံး ကင္းေစာင့္ခိုင္းတယ္။ စစ္တပ္၊ ရဲနဲ႔ တြဲဖက္ၿပီး ေစာင့္ရတာ ။

အမ်ိဳး သမီး ေတြေတာ့ မပါဘူး။ အမ်ိဳးသားေတြ အဓိက ေစာင့္ခိုင္းတာ။ အမ်ိဳးသမီး ေတြက ေတာ့ ႐ုံးအဝင္အထြက္ လူစစ္႐ုံေလာက္ပဲ” ဟု ေခ်ာက္ဝန္ထမ္း အသိုင္း အဝိုင္း သတင္းရင္းျမစ္က ေျပာသည္။

ေခ်ာက္ၿမိဳ႕နယ္တြင္ အျခားမေကြးတိုင္းမွ ၿမိဳ႕နယ္မ်ားနည္းတူ PDF မ်ား ဝင္ေရာက္လာနိုင္သည္ဆိုေသာ စိုးရိမ္ခ်က္မ်ားျဖင့္ ရဲစခန္း၊ စစ္တပ္ႏွင့္ ေထြ/အုပ္ ႐ုံးမ်ားတြင္ လုံျခဳံေရးအတြက္ အႀကီးအက်ယ္ ျပင္ဆင္ ေနရာခ် ထားမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- မေကြးတိုင္းစစ္ေကာင္စီ အဖြဲ႕ဝင္ ဗိုလ္မႉးႀကီးမင္းဦး ယမန္ႏွစ္ ေခ်ာက္ ၿမိဳ႕သို႔ ေရာက္ရွိၿပီး လုံျခဳံေရး အသင့္ရွိၾကရန္ လိုက္လံ စစ္ေဆးသည့္ ျမင္ကြင္း။

Zawgyi

မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေး စစ်သားနှင့်ရဲများ ပစ်ခတ်ခံ ရပြီး နောက် Non CDM ဝန်ထမ်းများ အားလုံးကို လုံခြုံရေးကင်းစောင့်ခိုင်း

ရန်ကုန်၊ ဇွန် ၂၁

မကွေးတိုင်း၊ ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသော စစ် ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့်စစ်သားများ ဇွန်လ ၁၂ ရက်နေ့တွင် ပစ်ခတ်ခံရပြီး နောက် Non CDM ဝန်ထမ်းများအားလုံး ချောက်မြို့နယ်တွင် ကင်းစောင့်ခိုင်း ကြောင်း ဝန်ထမ်းများထံမှ သိရှိရသည်။

ဇွန်လ ၁၂ ရက်နေ့တွင် ချောက်မြို့နယ် PDF က မြန်မာ့စီးပွားရေးဘဏ် လုံခြုံ ရေး အစောင့် စစ်တပ်နှင့်ရဲကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယင်းကဲ့ သို့ ဝန်ကြီးဌာန ဝန်ထမ်းများကိုပါ လုံခြုံရေး ကင်းစောင့်ခိုင်း ခြင်းဖြစ် ကြောင်း သိရှိရသည်။

“ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရတယ်။ သေတော့ မသေ ဘူး။ အခု ချောက်မှာ ဝန်ကြီးဌာန ဝန်ထမ်းတွေ စစ်ကားနဲ့ ကင်းလှည့်ရင် လိုက်ရ တယ်။ အလှည့်ကျ ကင်းလှည့်ရတယ်။ တံတားဂိတ်စောင့်ခိုင်းတယ်။ မီတာရုံး ကင်းစောင့်ခိုင်းတယ်။ စစ်တပ်၊ ရဲနဲ့ တွဲဖက်ပြီး စောင့်ရတာ ။

အမျိုး သမီး တွေတော့ မပါဘူး။ အမျိုးသားတွေ အဓိက စောင့်ခိုင်းတာ။ အမျိုးသမီး တွေက တော့ ရုံးအဝင်အထွက် လူစစ်ရုံလောက်ပဲ” ဟု ချောက်ဝန်ထမ်း အသိုင်း အဝိုင်း သတင်းရင်းမြစ်က ပြောသည်။

ချောက်မြို့နယ်တွင် အခြားမကွေးတိုင်းမှ မြို့နယ်များနည်းတူ PDF များ ဝင်ရောက်လာနိုင်သည်ဆိုသော စိုးရိမ်ချက်များဖြင့် ရဲစခန်း၊ စစ်တပ်နှင့် ထွေ/အုပ် ရုံးများတွင် လုံခြုံရေးအတွက် အကြီးအကျယ် ပြင်ဆင် နေရာချ ထားမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မကွေးတိုင်းစစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းဦး ယမန်နှစ် ချောက် မြို့သို့ ရောက်ရှိပြီး လုံခြုံရေး အသင့်ရှိကြရန် လိုက်လံ စစ်ဆေးသည့် မြင်ကွင်း။