Local News

အုပ်ကြီးများကိုစု၍ ပြည်သူ့စစ်(ပျူစောထီး) ယူနီဖောင်းဝတ်ခိုင်းပြီး မှတ်တမ်းဓာတ်ပုံရိုက်ကာအရန်အင်အားအပြည့်အဝရှိဟု စစ်ကောင်စီကို တင်ပြ

ဧရာဝတီတိုင္း၊ ေရၾကည္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီခန႔္ ရပ္ကြက္၊ေက်းရြာအုပ္ခ်ဳပ္ေရးမႉးမ်ားကိုစုစည္း၍ စစ္ေကာင္စီတပ္မွဖြဲ႕စည္းသည့္ ျပည္သူ႔စစ္(ပ်ဴေစာထီး) ယူနီေဖာင္းဝတ္ဆင္ခိုင္းကာ ျပည္သူ႔စစ္(ပ်ဴ ေစာထီး) အရန္အင္အားအျပည့္အဝရွိသည္ဟု တင္ ျပေနေၾကာင္း ေရၾကည္ၿမိဳ႕ခံမ်ားထံကသိရသည္။

ျပည္သူ႔စစ္တံဆိပ္ပါစစ္စိမ္းေရာင္ယူနီေဖာင္းမ်ားကို စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉးမ်ားကဝတ္ဆင္ ၍ စစ္ေရးျပပုံစံတန္းစီၿပီးမွတ္တမ္းဓာတ္ပုံမ်ားရိုက္ကူးကာ ျပည္သူ႔စစ္ဖြဲ႕စည္းထားမႈအေျခအေနဟုဆိုကာ တိုင္းစစ္ေကာင္စီသို႔လိမ္လည္တင္ျပေနျခင္းျဖစ္သည္ဟုဆိုသည္။

” အဲ့ဒီစစ္တပ္ဖြဲ႕တဲ့ျပည္သူ႔စစ္အင္အားစာရင္းကို အထက္ကို လစဥ္စာရင္းပို႔ေပးရတယ္ေျပာတယ္။ ဓာတ္ပုံနဲ႔တြဲၿပီးတင္ျပခိုင္းေတာ့ အုပ္ႀကီးေတြကိုေခၚတယ္၊ ဒီစစ္ေကာင္စီက ထုတ္ေပးတဲ့ျပည္သူ႔စစ္တံဆိပ္ယူနီေဖာင္းေတြဝတ္ၿပီး ဓာတ္ပုံရိုက္တယ္။ အဲ့တာေတြနဲ႔ ျပည့္သူ႔စစ္ကအင္အားဘယ္ေလာက္ဆိုၿပီး မွတ္တမ္းဓာတ္ပုံေတြနဲ႔ပို႔ေနၾကတာ။သင္တန္း ေပးတာမ်ိဳးေတာ့မရွိဘူး အုပ္ႀကီးေတြထိုးေႂကြးခံေနရေပါ့။ ၿမိဳ႕နယ္ေတြက သူတို႔မွာအင္အားရွိတယ္ဆိုၿပီး အထက္ကိုလိမ္ၿပီးတင္ေနတာ ” ဟု ေရၾကည္ၿမိဳ႕ ခံတဦးက ဧရာဝတီတိုင္းကိုေျပာသည္။

ပ်ဳေစာထီး(ျပည္သူ႔စစ္)စာရင္းမ်ားကို ဓာတ္ပုံမွတ္ တမ္းႏွင့္တကြ ၎တို႔ဖြဲ႕စည္းပုံအတိုင္း တပ္စု၊ တပ္စိတ္ ၊တပ္ ခြဲ၊ တပ္ရင္းအလိုက္အမည္စာရင္းမ်ားကို စစ္ေကာင္စီကလစဥ္အလိုက္ အရံအင္အားအျပည့္အဝရွိသည္ဟု တင္ ျပေနျခင္းျဖစ္ေၾကာင္းသိရသည္။

ထို႔ျပင္ ေမလ တတိယပတ္တြင္လည္း ေက်ာင္းကုန္းၿမိဳ႕ နယ္တြင္အရံမီးသတ္၊ရဲ၊စစ္ေကာင္စီတပ္သားမ်ားႏွင့္ပ်ဴေစာထီးနဲ႔ပူးေပါင္းၿပီး အရန္အင္အားဟုဆိုကာ လ်ိဳ႕ဝွက္ ၍စစ္သင္တန္းမ်ားေပးခဲ့ေၾကာင္း ေဒသခံမ်ားထံက သိရသည္။

ေရၾကည္ၿမိဳ႕နယ္ႏွင့္ေက်ာင္းကုန္းၿမိဳ႕နယ္တြင္ ျပည္သူ႔ စစ္အရံအင္အား သင္တန္းတက္သူအခ်ိဳ႕ရွိေနေသာ္ လည္း လက္ေတြ႕ေျမျပင္မွာ အင္အားမရွိသေလာက္နည္းပါးေနၿပီးစစ္ေကာင္စီတပ္မ်ားထံေပးပို႔ထားသည့္ အရံအင္အား စာရင္းမ်ားသည္အလိမ္အညာစာရင္းမ်ားသာျဖစ္သည္ဟု ေဒသမ်ားကဆိုသည္။

ထို႔အျပင္ ဧရာဝတီတိုင္း ေျမာင္းျမၿမိဳ႕တြင္လည္း အင္ အားခ်ိနဲ႔လာသည့္ စစ္တပ္အေနျဖင့္တပ္သား ၁ ဦးကို ေငြ ၂၅ သိန္းက်ပ္ အကုန္က်ခံကာ တပ္သားသစ္ စုေဆာင္းေနတယ္လို႔ ေဒသခံမ်ားထံက သိရွိရသည္။

Ayeyarwaddy_Times

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများကိုစုစည်း၍ စစ်ကောင်စီတပ်မှဖွဲ့စည်းသည့် ပြည်သူ့စစ်(ပျူစောထီး) ယူနီဖောင်းဝတ်ဆင်ခိုင်းကာ ပြည်သူ့စစ်(ပျူ စောထီး) အရန်အင်အားအပြည့်အဝရှိသည်ဟု တင် ပြနေကြောင်း ရေကြည်မြို့ခံများထံကသိရသည်။

ပြည်သူ့စစ်တံဆိပ်ပါစစ်စိမ်းရောင်ယူနီဖောင်းများကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများကဝတ်ဆင် ၍ စစ်ရေးပြပုံစံတန်းစီပြီးမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်သူ့စစ်ဖွဲ့စည်းထားမှုအခြေအနေဟုဆိုကာ တိုင်းစစ်ကောင်စီသို့လိမ်လည်တင်ပြနေခြင်းဖြစ်သည်ဟုဆိုသည်။

” အဲ့ဒီစစ်တပ်ဖွဲ့တဲ့ပြည်သူ့စစ်အင်အားစာရင်းကို အထက်ကို လစဉ်စာရင်းပို့ပေးရတယ်ပြောတယ်။ ဓာတ်ပုံနဲ့တွဲပြီးတင်ပြခိုင်းတော့ အုပ်ကြီးတွေကိုခေါ်တယ်၊ ဒီစစ်ကောင်စီက ထုတ်ပေးတဲ့ပြည်သူ့စစ်တံဆိပ်ယူနီဖောင်းတွေဝတ်ပြီး ဓာတ်ပုံရိုက်တယ်။ အဲ့တာတွေနဲ့ ပြည့်သူ့စစ်ကအင်အားဘယ်လောက်ဆိုပြီး မှတ်တမ်းဓာတ်ပုံတွေနဲ့ပို့နေကြတာ။သင်တန်း ပေးတာမျိုးတော့မရှိဘူး အုပ်ကြီးတွေထိုးကြွေးခံနေရပေါ့။ မြို့နယ်တွေက သူတို့မှာအင်အားရှိတယ်ဆိုပြီး အထက်ကိုလိမ်ပြီးတင်နေတာ ” ဟု ရေကြည်မြို့ ခံတဦးက ဧရာဝတီတိုင်းကိုပြောသည်။

ပျုစောထီး(ပြည်သူ့စစ်)စာရင်းများကို ဓာတ်ပုံမှတ် တမ်းနှင့်တကွ ၎င်းတို့ဖွဲ့စည်းပုံအတိုင်း တပ်စု၊ တပ်စိတ် ၊တပ် ခွဲ၊ တပ်ရင်းအလိုက်အမည်စာရင်းများကို စစ်ကောင်စီကလစဉ်အလိုက် အရံအင်အားအပြည့်အဝရှိသည်ဟု တင် ပြနေခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် မေလ တတိယပတ်တွင်လည်း ကျောင်းကုန်းမြို့ နယ်တွင်အရံမီးသတ်၊ရဲ၊စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးနဲ့ပူးပေါင်းပြီး အရန်အင်အားဟုဆိုကာ လျို့ဝှက် ၍စစ်သင်တန်းများပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့နယ်တွင် ပြည်သူ့ စစ်အရံအင်အား သင်တန်းတက်သူအချို့ရှိနေသော် လည်း လက်တွေ့မြေပြင်မှာ အင်အားမရှိသလောက်နည်းပါးနေပြီးစစ်ကောင်စီတပ်များထံပေးပို့ထားသည့် အရံအင်အား စာရင်းများသည်အလိမ်အညာစာရင်းများသာဖြစ်သည်ဟု ဒေသများကဆိုသည်။

ထို့အပြင် ဧရာဝတီတိုင်း မြောင်းမြမြို့တွင်လည်း အင် အားချိနဲ့လာသည့် စစ်တပ်အနေဖြင့်တပ်သား ၁ ဦးကို ငွေ ၂၅ သိန်းကျပ် အကုန်ကျခံကာ တပ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံများထံက သိရှိရသည်။

Ayeyarwaddy_Times