Local News

၁၀တန်းစာမေးပွဲမှာ မအောင်သည့် ဘာသာကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တောင်းဆို

၂၀၂၂ ခုနှစ် ၁၀ တန်းစာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ကျောင်းသူများအတွက် ၂၀၂၃ ခုနှစ်တွင်

နောက်ဆုံးတစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျင်းပပေးသွားမယ်ဆိုပြီး စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်

ယခုအခါမှာတော့ စာမေးပွဲကျခဲ့တဲ့ ကျောင်းသားတွေက ၆ဘာသာစလုံး ပြန်လည်မဖြေဆိုချင်ကြဘဲ မအောင်သည့် ဘာသာရပ်ကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုဖို့ စစ်ကောင်စီကို တောင်းဆိုနေကြပါတယ်

ပျဉ်းမနားက စာမေးပွဲကျသည့် ကျောင်းသားတစ်ယောက်က စာဝတ်နေရေး အကြပ်အတည်းကြောင့် သူမအောင်မြင်ခဲ့သည့် ဘာသာရပ်ကိုသာ ပြန်လည်ဖြေဆိုချင်ကြောင်း

သနားညှာတာသောအားဖြင့် မအောင်သည့်ဘာသာရပ်ကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုပါရန် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဆီ အသနားခံစာပို့ခဲ့ပါတယ်

ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်ချက် ၄၆ ရာခိုင်နှုန်းရှိတယ်ဆိုပြီးတော့ ပညာရေးဝန်ကြီးဌာနက စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်





