Local News

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲ ကားလမ်မပေါ်မှာပါ ၁၂ ဘီးကား တစ်စီးအပြည့်ဘဲ (ရုပ်/သံ)

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲ ကားလမ်မပေါ်တွင် ဖမ်းဆီးရမိသည့် ဒဂုံနီဘီယာများကို ဖယ်ခုံ PDF ဖျက်ဆီး

ရှမ်း-ကရင်နီ နယ်စပ်၊ လွိုင်ကော်၊ မိုးဗြဲ ကားလမ်မကြီး ဆောင်ကန်းလမ်းခွဲတွင် ၁၂ ဘီးကားဖြင့် တင်ဆောင်လာသည့် ဒဂုံနီဘီယာများကို စစ်ဆေးတွေ့ရှိ၍ ဖယ်ခုံ PDF တပ်ရင်း(၂)က ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် ဖျက်ဆီးလိုက်ကြောင်း သိရသည်

စစ်ကောင်စီ၏ အဓိကစီပွါးရေးလုပ်ငန်းများထဲမှ ထုတ်ကုန်အမျိုးအစားတစ်ခုဖြစ်သည့် ဒဂုံနီဘီယာ ဖာ ငါးရာကျော်ကို တွေ့ရသည့်အတွက် ဖျက်ဆီးခဲ့သည်ဟု ဖယ်ခုံ PDF တပ်ရင်း(၂)က ထုတ်ပြန်ထားသည်

စစ်ကောင်စီထုတ်ကုန်များ ဖြန့်ဖြူးခြင်း၊ရောင်းချခြင်း၊သယ်ဆောင်ခြင်းများ မပြုလုပ်ရန် သတိပေးထုတ်ပြန်ထားပြီးဖြစ်ရာ ထပ်မံတွေ့ရှိပါက ပိုမိုပြင်းထန်သော အပြစ်ဒဏ်များ ပေးမည်ဖြစ်ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂)က သတိပေးထုတ်ပြန်ထားသည် Crd- Mizzama



