Knowledge

မနာလိုစိတ် ( ၁ မိနစ်လောက် အချိန်ပေးပီး ဖတ်ပေးပါ )

မနာလိုစိတ္ ( ၁ မိနစ္ေလာက္ အခ်ိန္ေပးပီး ဖတ္ေပးပါ )

တခါက သူေဌးသူႂကြယ္ႀကီး တဦးဟာ အရြယ္ေႏွာင္းမွ သားတေယာက္ ရလာခဲ့တယ္။ အဲဒီ သားဟာ မငိုတတ္ဘဲ ရယ္ပဲ ရယ္တတ္ပါတယ္။

သူႂကြယ္ႀကီးက သူ႔ကေလးဟာ တျခားကေလးေတြလိုပဲ ဘာထူးျခားမႈမွ မရွိဘူး ဆိုတာကို သက္ေသျပနိုင္ေအာင္ နည္းမ်ိဳးစုံ သုံးၿပီး သားကို ငိုေအာင္ လုပ္ဖို႔ အႀကံထုတ္ေန ခဲ့ပါတယ္။

အဲ့ဒီ့အခ်ိန္မွာပဲ တိုက္တိုက္ဆိုင္ဆိုင္ ဘုန္းႀကီးတပါးက သူႂကြယ္ႀကီးရဲ့ အိမ္ေရွ႕ကေန ျဖတ္ႂကြသြားခဲ့ပါတယ္။ သူႂကြယ္ႀကီးက သားကိုေပြ႕ခ်ီၿပီး ဘုန္းႀကီးကို ျပလိုက္ပါတယ္။

ကေလးက သူစိမ္း မေၾကာက္သူမို႔ ဘုန္းႀကီးေတြ႕တာနဲ႔ ရယ္ျပေနခဲ့ပါတယ္။ သူႂကြယ္က ကေလးကို ခပ္နာနာ တခ်က္ ရိုက္လိုက္ပါတယ္။ ကေလးက မ်က္ခုံးတခ်က္ တြန႔္ၿပီးၿငိမ္သြားေပမယ့္ မငိုခဲ့ပါဘူး။

ဘုန္းဘုန္းဘုရား- ဒီကေလးမွာ ဉာဏ္ရည္ ခၽြတ္ယြင္းတာမ်ိဳး ရွိပါသလား-လို႔ သူႂကြယ္က ဘုန္းႀကီးကို ေမးျမန္းေလၽွာက္တင္တယ္။ ဘုန္းႀကီးက ဘာမွမေျပာဘဲ သစ္သီးခြက္ထဲက ငွက္ေပ်ာသီးတလုံးနဲ႔

စပ်စ္သီးတခိုင္ကို ယူလိုက္တယ္။ ၿပီးေတာ့ ကေလးေရွ႕မွာ ေဝ့ျပလိုက္တယ္။ ကေလးက တခ်က္စဥ္းစားၿပီး စပ်စ္သီးကို လွမ္းယူတယ္။ ၿပီးေတာ့ ရယ္ေနျပန္ပါတယ္။

ဒီကေလး ငွက္ေပ်ာသီး လုံးလုံးမစားဘူး ဘုရား- လို႔ သူႂကြယ္က ေလၽွာက္တင္တယ္။ ဘုန္းႀကီးက ေခါင္းတဆတ္ဆတ္ ညိတ္ၿပီး -သူလိုခ်င္တာကို သူယူတယ္၊ ဉာဏ္ရည္ မခၽြတ္ယြင္းပါဘူး-လို႔ ေျဖတယ္။

သူႂကြယ္ဟာ သစ္သီးခြက္ထဲက ငွက္ေပ်ာသီးကို လွမ္းယူလိုက္တယ္။ ဒါကို ကေလးက ေတြ႕ေတာ့ တခ်က္ ေတြေဝသြားေပမယ့္ စိတ္မေကာင္း မျဖစ္သလို ငိုလည္း မငိုဘူး။

ဒီကေလးက ဘုန္းႀကီး ဝင္စားတာလား မသိဘူး။ တပည့္ေတာ္ရဲ့ အရိုက္အရာကို သူအေမြ ဆက္ခံရပါမယ္။ သူ႔ကို တပည့္ေတာ္ ေတာမထြက္ ေစခ်င္ပါဘူး။

ဘုန္းဘုန္း ကူညီပါ-ဘုန္းႀကီးက ခဏေလာက္ စဥ္းစားလိုက္ၿပီး စားပြဲေပၚက သစ္သီးခြက္ကို ယူလိုက္တယ္။ ၿပီးေတာ့ သူႂကြယ္ကို -လာ-ဘုန္းဘုန္းေနာက္ လိုက္ခဲ့- လို႔ ဆိုတယ္။

သူႂကြယ္ရဲ့အိမ္ေရွ႕တံခါးဝ ေရာက္ေတာ့ ကေလးသုံးေယာက္က တံခါးဝေရွ႕မွာ ေဆာ့ကစားေနၾကတယ္။ ဘုန္းႀကီးက ကေလးေတြကို ၾကည့္လိုက္၊ သစ္သီးခြက္ကို ၾကည့္လိုက္လုပ္တယ္။

သစ္သီးခြက္ထဲမွာ ငွက္ေပ်ာသီးသုံးလုံးနဲ႔ စပ်စ္သီးတခိုင္ ရွိေနတယ္။ ဘုန္းႀကီးက ကေလးေတြကိုေခၚၿပီး တေယာက္ကို ငွက္ေပ်ာသီးတလုံး ေပးလိုက္တယ္။

ကေလးေတြက ဝမ္းသာအားရ ခ်က္ခ်င္း ခြာစားလိုက္ၾကတယ္။ဒီအခ်ိန္မွာ သူႂကြယ့္သားက လက္ဆန႔္ၿပီး ငွက္ေပ်ာသီးကို လက္ညိဳးထိုးရင္း ထေအာ္ေတာ့တယ္။ သူႂကြယ္က စပ်စ္သီးကို ယူၿပီး

“အဲတာက သားလုံးဝ မႀကိဳက္တဲ့ ငွက္ေပ်ာသီးေလ၊ ဒါက သား အရမ္းႀကိဳက္တဲ့ စပ်စ္သီးပါ- လို႔ သားကို ေခ်ာ့တယ္။ကေလးက စပ်စ္သီးကို ဖ်တ္ခနဲယူၿပီး စိတ္တိုတိုနဲ႔ ေျမႀကီးေပၚ လြင့္ပစ္လိုက္တယ္။

ငွက္ေပ်ာသီးကိုပဲ သူလက္ျဖန႔္ ေတာင္းေနခဲ့ပါတယ္။ ကေလးသုံးေယာက္က ငွက္ေပ်ာသီးကို အျမန္ စားလိုက္ၾကတယ္။ ငွက္ေပ်ာခြံကို ၾကည့္ၿပီး သူတို႔ ေက်နပ္အားရစြာနဲ႔

သူႂကြယ္ရဲ့ သားကို ရယ္ျပလိုက္ၾကတယ္။အဲဒီမွာ သူႂကြယ့္သားက ႐ုတ္တရက္ ထေအာ္ ငိုပါေတာ့တယ္။ သူႂကြယ္ေရာ- အခိုင္းအေစေတြပါ လန႔္ဖ်ပ္ကုန္ၾကတယ္။ -ခါတိုင္း သူ ငွက္ေပ်ာသီး လုံးဝမစားပါဘူး။

ဘာျဖစ္လို႔ ဒီေန႔မွာ ငွက္ေပ်ာသီးေၾကာင့္ ငိုရတာပါလိမ့္-လို႔ သူႂကြယ္က ဝမ္းသာ လႈပ္ရွားတဲ့ စိတ္နဲ႔ နားမလည္စြာေမးတယ္။ ဒီေလာကမွာ လူတခ်ိဳ႕ရဲ့ ဝမ္းနည္းေၾကကြဲျခင္းက ကိုယ္ဆုံးရႈံးသြားလို႔ မဟုတ္ဘူး-

တျခားသူ ရသြားလို႔ ျဖစ္တယ္-လို႔ ဘုန္းႀကီးက ျပဳံးျပဳံးေလး ျပန္ေျဖလိုက္ပါေတာ့တယ္။နာက်င္ေၾကကြဲျခင္း တမ်ိဳးက မနာလိုမႈ ကေန ျဖစ္လာတာ ျဖစ္ပါတယ္။

Credit

========

မနာလိုစိတ် ( ၁ မိနစ်လောက် အချိန်ပေးပီး ဖတ်ပေးပါ )

တခါက သူဌေးသူကြွယ်ကြီး တဦးဟာ အရွယ်နှောင်းမှ သားတယောက် ရလာခဲ့တယ်။ အဲဒီ သားဟာ မငိုတတ်ဘဲ ရယ်ပဲ ရယ်တတ်ပါတယ်။

သူကြွယ်ကြီးက သူ့ကလေးဟာ တခြားကလေးတွေလိုပဲ ဘာထူးခြားမှုမှ မရှိဘူး ဆိုတာကို သက်သေပြနိုင်အောင် နည်းမျိုးစုံ သုံးပြီး သားကို ငိုအောင် လုပ်ဖို့ အကြံထုတ်နေ ခဲ့ပါတယ်။

အဲ့ဒီ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးတပါးက သူကြွယ်ကြီးရဲ့ အိမ်ရှေ့ကနေ ဖြတ်ကြွသွားခဲ့ပါတယ်။ သူကြွယ်ကြီးက သားကိုပွေ့ချီပြီး ဘုန်းကြီးကို ပြလိုက်ပါတယ်။

ကလေးက သူစိမ်း မကြောက်သူမို့ ဘုန်းကြီးတွေ့တာနဲ့ ရယ်ပြနေခဲ့ပါတယ်။ သူကြွယ်က ကလေးကို ခပ်နာနာ တချက် ရိုက်လိုက်ပါတယ်။ ကလေးက မျက်ခုံးတချက် တွန့်ပြီးငြိမ်သွားပေမယ့် မငိုခဲ့ပါဘူး။

ဘုန်းဘုန်းဘုရား- ဒီကလေးမှာ ဉာဏ်ရည် ချွတ်ယွင်းတာမျိုး ရှိပါသလား-လို့ သူကြွယ်က ဘုန်းကြီးကို မေးမြန်းလျှောက်တင်တယ်။ ဘုန်းကြီးက ဘာမှမပြောဘဲ သစ်သီးခွက်ထဲက ငှက်ပျောသီးတလုံးနဲ့

စပျစ်သီးတခိုင်ကို ယူလိုက်တယ်။ ပြီးတော့ ကလေးရှေ့မှာ ဝေ့ပြလိုက်တယ်။ ကလေးက တချက်စဉ်းစားပြီး စပျစ်သီးကို လှမ်းယူတယ်။ ပြီးတော့ ရယ်နေပြန်ပါတယ်။

ဒီကလေး ငှက်ပျောသီး လုံးလုံးမစားဘူး ဘုရား- လို့ သူကြွယ်က လျှောက်တင်တယ်။ ဘုန်းကြီးက ခေါင်းတဆတ်ဆတ် ညိတ်ပြီး -သူလိုချင်တာကို သူယူတယ်၊ ဉာဏ်ရည် မချွတ်ယွင်းပါဘူး-လို့ ဖြေတယ်။

သူကြွယ်ဟာ သစ်သီးခွက်ထဲက ငှက်ပျောသီးကို လှမ်းယူလိုက်တယ်။ ဒါကို ကလေးက တွေ့တော့ တချက် တွေဝေသွားပေမယ့် စိတ်မကောင်း မဖြစ်သလို ငိုလည်း မငိုဘူး။

ဒီကလေးက ဘုန်းကြီး ဝင်စားတာလား မသိဘူး။ တပည့်တော်ရဲ့ အရိုက်အရာကို သူအမွေ ဆက်ခံရပါမယ်။ သူ့ကို တပည့်တော် တောမထွက် စေချင်ပါဘူး။

ဘုန်းဘုန်း ကူညီပါ-ဘုန်းကြီးက ခဏလောက် စဉ်းစားလိုက်ပြီး စားပွဲပေါ်က သစ်သီးခွက်ကို ယူလိုက်တယ်။ ပြီးတော့ သူကြွယ်ကို -လာ-ဘုန်းဘုန်းနောက် လိုက်ခဲ့- လို့ ဆိုတယ်။

သူကြွယ်ရဲ့အိမ်ရှေ့တံခါးဝ ရောက်တော့ ကလေးသုံးယောက်က တံခါးဝရှေ့မှာ ဆော့ကစားနေကြတယ်။ ဘုန်းကြီးက ကလေးတွေကို ကြည့်လိုက်၊ သစ်သီးခွက်ကို ကြည့်လိုက်လုပ်တယ်။

သစ်သီးခွက်ထဲမှာ ငှက်ပျောသီးသုံးလုံးနဲ့ စပျစ်သီးတခိုင် ရှိနေတယ်။ ဘုန်းကြီးက ကလေးတွေကိုခေါ်ပြီး တယောက်ကို ငှက်ပျောသီးတလုံး ပေးလိုက်တယ်။

ကလေးတွေက ဝမ်းသာအားရ ချက်ချင်း ခွာစားလိုက်ကြတယ်။ဒီအချိန်မှာ သူကြွယ့်သားက လက်ဆန့်ပြီး ငှက်ပျောသီးကို လက်ညိုးထိုးရင်း ထအော်တော့တယ်။ သူကြွယ်က စပျစ်သီးကို ယူပြီး

“အဲတာက သားလုံးဝ မကြိုက်တဲ့ ငှက်ပျောသီးလေ၊ ဒါက သား အရမ်းကြိုက်တဲ့ စပျစ်သီးပါ- လို့ သားကို ချော့တယ်။ကလေးက စပျစ်သီးကို ဖျတ်ခနဲယူပြီး စိတ်တိုတိုနဲ့ မြေကြီးပေါ် လွင့်ပစ်လိုက်တယ်။

ငှက်ပျောသီးကိုပဲ သူလက်ဖြန့် တောင်းနေခဲ့ပါတယ်။ ကလေးသုံးယောက်က ငှက်ပျောသီးကို အမြန် စားလိုက်ကြတယ်။ ငှက်ပျောခွံကို ကြည့်ပြီး သူတို့ ကျေနပ်အားရစွာနဲ့

သူကြွယ်ရဲ့ သားကို ရယ်ပြလိုက်ကြတယ်။အဲဒီမှာ သူကြွယ့်သားက ရုတ်တရက် ထအော် ငိုပါတော့တယ်။ သူကြွယ်ရော- အခိုင်းအစေတွေပါ လန့်ဖျပ်ကုန်ကြတယ်။ -ခါတိုင်း သူ ငှက်ပျောသီး လုံးဝမစားပါဘူး။

ဘာဖြစ်လို့ ဒီနေ့မှာ ငှက်ပျောသီးကြောင့် ငိုရတာပါလိမ့်-လို့ သူကြွယ်က ဝမ်းသာ လှုပ်ရှားတဲ့ စိတ်နဲ့ နားမလည်စွာမေးတယ်။ ဒီလောကမှာ လူတချို့ရဲ့ ဝမ်းနည်းကြေကွဲခြင်းက ကိုယ်ဆုံးရှုံးသွားလို့ မဟုတ်ဘူး-

တခြားသူ ရသွားလို့ ဖြစ်တယ်-လို့ ဘုန်းကြီးက ပြုံးပြုံးလေး ပြန်ဖြေလိုက်ပါတော့တယ်။နာကျင်ကြေကွဲခြင်း တမျိုးက မနာလိုမှု ကနေ ဖြစ်လာတာ ဖြစ်ပါတယ်။

Credit