Local News

“စစ်ကိုင်းတိုင်းက လမ်းမတွေကို PDF တွေစိုးမိုးထားနိုင်ပြီလို့ NUG ဝန်ကြီး ဦးရည်မွန်ပြောကြား”

“စစ္ကိုင္းတိုင္းက လမ္းမေတြကို PDF ေတြစိုးမိုးထားနိုင္ၿပီလို႔ NUG ဝန္ႀကီး ဦးရည္မြန္ေျပာၾကား”

စစ္ကိုင္းတိုင္းမွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ ေကာင္စီတပ္ဖြဲ႕ေတြအၾကား ျဖစ္ပြားတဲ့ တိုက္ပြဲေတြမွာ စစ္ေကာင္စီဘက္က အက်အဆုံးမ်ားေနသလို စစ္ေကာင္စီတပ္ေတြကလည္း ေဒသအတြင္းရွိ ေက်းရြာေတြမွာ သတ္ျဖတ္မီးရွို႔မႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ က်ဴးလြန္ေနတဲ့သတင္းေတြကို အဆက္မျပတ္ ရရွိေနပါတယ္။

NUG အမ်ိဳးသားညီညြတ္ေရးအစိုးရ ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္က ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြအေနနဲ႔ စစ္ကိုင္းတိုင္းက အဓိကလမ္းမႀကီးေတြကို ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ထားနိုင္ၿပီလို႔ ေျပာပါတယ္။

“လြတ္ေျမာက္နယ္ေျမျဖစ္ဖို႔ဆိုရင္ လမ္းမေတြကို ကိုယ့္ဘက္က ဘယ္ေလာက္ စိုးမိုးနိုင္သလဲဆိုတာ အေရးႀကီးတာေပါ့။ မႏၲေလးကေနၿပီး ကခ်င္ကိုဆက္သြယ္တဲ့ မႏၲေလး-ေရႊဘို-ျမစ္ႀကီးနား ရထားလမ္း စစ္ေကာင္စီ လုံးဝ သုံးလို႔မရေတာ့ဘူး။ ေနာက္ မႏၲေလး-ေရႊဘို-ျမစ္ႀကီးနား ဗ်ဳဟာလမ္းေခၚတာေပါ့။

အဲဒီဗ်ဳဟာလမ္းဆိုရင္လည္း ေရႊဘိုက အထြက္ကို စစ္ေကာင္စီသုံးလို႔ မရေတာ့ဘူး။ စစ္ေကာင္စီရဲ့ လမ္းမ စိုးမိုးမႈက စစ္ကိုင္းအထြက္ အုန္းေတာေလာက္ပဲရွိေတာ့တာ။ အုန္းေတာ လြန္သြားတယ္ဆိုရင္ကို သူ စိတ္မခ်ရေတာ့ဘူး။ အုန္းေတာနဲ႔ ေရႊဘိုၾကား၊ အုန္းေတာနဲ႔ မုံရြာၾကား ေတာက္ေလၽွာက္ ျဖတ္တိုက္တာေတြက။

က်ေနာ္တို႔လည္း အျပည့္အဝ စိုးမိုးနိုင္တဲ့ လမ္းပိုင္းေတာ့ မဟုတ္ေသးဘူး။ သို႔ေသာ္ စစ္ေကာင္စီလည္း လုံလုံျခဳံျခဳံ မျဖတ္နိုင္ေတာ့ဘူး အဲဒီလမ္းေတြက။ ေရႊဘို အထြက္ဆိုရင္ စစ္ေကာင္စီ လုံးဝ မစိုးမိုးနိုင္သေလာက္ျဖစ္သြားၿပီ။ က်ေနာ္တို႔ အဲဒီလမ္းမ ၈ဝ ရာခိုင္ႏႈန္းေလာက္ ထိန္းခ်ဳပ္ထားနိုင္ေနၿပီ။ အုန္းေတာနဲ႔ မုံရြာၾကားဆိုရင္လည္း ေခ်ာင္းဦးတို႔ ျမင္းမူတို႔က ေတာက္ေလၽွာက္ ျဖတ္တိုက္ေနတာ။

အဲ့ေတာ့ မုံရြာက ထြက္သြားၿပီဆိုရင္ အိႏၵိယနယ္စပ္ကို ဆက္သြယ္တာ လမ္း ၃ မ်ိဳး ရွိတယ္။ မဟာၿမိဳင္လမ္း။ မဟာၿမိဳင္လမ္းဆိုတာ မုံရြာ-ဘုတလင္-ေရဦး-တန႔္ဆည္ကေန ကေလးဝကို ခ်ိတ္တဲ့လမ္း။ မဟာၿမိဳင္ေတာကို ျဖတ္သြားတဲ့လမ္း။ အဲဒီလမ္းဆိုရင္ စစ္ေကာင္စီ လုံးဝ မသုံးနိုင္ေတာ့ဘူး။ တန႔္ဆည္လြန္ၿပီဆိုတာနဲ႔ လမ္းေဘးဝဲယာမွာကို PDF ေတြက တိုက္ခ်ၿပီး၊ စိုးမိုးထားတဲ့အေနအထား။ ေနာက္ ဒီဘက္ ခ်င္းတြင္းျမစ္ကို ကူးမယ္ဆိုရင္ ၂ ေနရာမွာ သူတို႔ စိုးမိုးထားတယ္။

တခုကေတာ့ ခ်င္းတြင္းျမစ္ကူးတံတားကို စိုးမိုးထားတယ္။ ေနာက္ ဒီဘက္က လက္ပံေတာင္းစီမံကိန္းဧရိယာ။ ဒီ ၂ ေနရာေလာက္ပဲ စစ္ေကာင္စီ စိုးမိုးနိုင္တာ။ လက္ပံေတာင္းကို လြန္ၿပီဆိုတာနဲ႔ မုံရြာ-ယာႀကီး-ကေလးဝ လမ္းဆိုတာ ရွိတယ္။ အဲဒီ ယာႀကီး-ကေလးဝ လမ္းဆိုရင္လည္း လက္ပံေတာင္းကို လြန္တာနဲ႔ က်ေနာ္တို႔ ရဲေဘာ္ေတြက ၉ဝ ရာခိုင္ႏႈန္းေလာက္ စိုးမိုး ထားတာ။

ေနာက္ထပ္ တစ္လမ္းရွိေသးတယ္။ ဂန႔္ေဂါကိုျဖတ္သြားတဲ့လမ္း မုံရြာ-ပုလဲ-ကေလး-ဂန႔္ေဂါလမ္း။ အဲဒီလမ္းဆိုရင္လည္း ပုလဲလြန္တာနဲ႔ သူတို႔ ျဖတ္လို႔ မရေတာ့ဘူး။ အဲ့ေတာ့ လမ္းမႀကီးေတြကိုေတာ့ စစ္ကိုင္းတိုင္းထဲမွာ က်ေနာ္တို႔ ေကာင္းေကာင္း စိုးမိုးထားနိုင္ၿပီလို႔ ေျပာလို႔ရတယ္။”

ျမန္မာ့နိုင္ငံေရးေလ့လာသုံးသပ္သူ ဦးသန္းစိုးနိုင္ကလည္း စစ္ကိုင္းတိုင္းက ျဖစ္ေပၚတိုးတက္မႈေတြဟာ တစ္ျပည္လုံးရဲ့ ေႏြဦးေတာ္လွန္ေရးကို ေရာင္ျပန္ဟပ္ေနတယ္လို႔ ေဝဖန္ပါတယ္။

“စစ္ကိုင္းတိုင္းကေန မေကြးနဲ႔ ခ်င္းျပည္နယ္ကို သြားတဲ့လမ္းေတြ အားလုံးကို စစ္ေကာင္စီ လုံျခဳံေရးတပ္ဖြဲ႕ေတြ မသုံးနိုင္ေတာ့ဘူး။ သူတို႔ အခု ဘာသုံးေနရလဲဆိုေတာ့ ေလေၾကာင္းကေန စစ္သားေတြ ပို႔ေနရတဲ့ အေျခအေန အခုက စစ္ကိုင္းမွာကလည္း PDF ေတြက တိုးပြားလာတဲ့အျပင္ အခု ေဒသအုပ္ခ်ဳပ္ေရးနဲ႔ တရားဥပေဒ စိုးမိုးေရးကိစၥမွာ အလြန္ကို တက္ႂကြစြာ ဖန္တီး တည္ေဆာင္နိုင္တဲ့ အေျခအနမွာ ရွိတယ္။

အဲ့ဒီအေျခအေနသာ ဆက္ၿပီး တိုးပြားသြားမယ္ဆိုရင္ က်ေနာ္တို႔ ေႏြဦးေတာ္လွန္ေရး ေအာင္ပြဲဟာ မၾကာမီ ေရာက္ရွိေတာ့မယ္ဆိုတာကို ျပည္သူလူထု ေမၽွာ္လင့္ေနတယ္ဆိုတာ ေျပာၾကားပါရေစ။”

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း PDF ေတြ လက္နက္ခ်ဖို႔ စစ္ေကာင္စီက ကမ္းလွမ္းမႈနဲ႔ ပတ္သက္လို႔ေတာ့ စစ္မွန္တဲ့ PDF ေတြအေနနဲ႔ အဲဒီကိစၥကို စိတ္ပါဝင္စားျခင္း မရွိပါဘူးလို႔ ဦးရည္မြန္ က ေျပာၾကားပါတယ္။

“တကယ္ကို ခံယူခ်က္ရွိလို႔ လုပ္ေနတဲ့သူေတြ အမ်ားႀကီးလည္း ေပးဆပ္ၿပီးသားေတြအေနနဲ႔ လြယ္လြယ္ ေတာ္လွန္ေရးကို စြန႔္ခြာသြားမယ္ဆိုတာကေတာ့ မရွိသေလာက္ ရွားပါတယ္။ တခ်ိဳ႕ PDF အတုအေယာင္ေတြေတာ့ ရွိနိုင္တာပဲေလ။ သူတို႔ဖန္တီးထားတဲ့ PDF အတုအေယာင္ေတြေကာ PDF အတုေတြကေတာ့ ရွိသင့္သေလာက္ ရွိေနတာ။

လူသတ္မႈေတြ ဓားျပမႈေတြ၊ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈေတြနဲ႔ PDF နာမည္ခံၿပီး လုပ္ေနတဲ့ အဖြဲ႕တခ်ိဳ႕ေတာင္ ေပၚေနၿပီ။ အဲဒီလိုမ်ိဳးရွိလို႔ က်ေနာ္တို႔ နည္းနည္း ကိုင္တြယ္ေနရတာရွိတယ္။ အဲဒါမ်ိဳးေတြကေတာ့ အနည္းအက်ဥ္းေတာ့ ရွိတယ္။ တကယ့္ PDF ေတြကေတာ့ အဲလိုမ်ိဳး အလုပ္ေတြ လုပ္မွာ မဟုတ္ပါဘူး။ PDF ေတာ့ မဟုတ္ဘူး။ အမတ္တစ္ေယာက္ေတာ့ လက္နက္ခ်ၿပီး ခြာသြားတာ ရွိတယ္။ စစ္ေခါင္းေဆာင္ဆီ ခိုလႈံသြားတာ ရွိတယ္။ ဒီရက္ပိုင္းမွာ။”

ဒီလပိုင္းေတြအတြင္း စစ္ကိုင္းတိုင္း အပါအဝင္ နိုင္ငံအႏွံ့အျပားက ေက်းရြာေတြကို စစ္ေကာင္စီတပ္ဖြဲ႕ေတြက လူသတ္မီးရွို႔ေနမႈေတြနဲ႔ ပတ္သက္ၿပီး လတ္တေလာမွာ စစ္ေကာင္စီတပ္ဖြဲ႕ေတြကို ေက်းရြာေတြအတြင္း ဝင္ေရာက္လာျခင္း မရွိေအာင္ မိမိတို႔တပ္ဖြဲ႕ေတြအေနနဲ႔ ထိထိေရာက္ေရာက္ တားဆီးနိုင္ျခင္းေတာ့ မရွိေသးပါဘူး။ ဒါေပမဲ့ အဲဒီျပႆနာကို ေျဖရွင္းဖို႔ အေလးအနက္ထား ႀကိဳးစားေနပါတယ္လို႔ ဝန္ႀကီး ဦးရည္မြန္က ေျပာပါတယ္။

RFA

“စစ်ကိုင်းတိုင်းက လမ်းမတွေကို PDF တွေစိုးမိုးထားနိုင်ပြီလို့ NUG ဝန်ကြီး ဦးရည်မွန်ပြောကြား”

စစ်ကိုင်းတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ် ကောင်စီတပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများနေသလို စစ်ကောင်စီတပ်တွေကလည်း ဒေသအတွင်းရှိ ကျေးရွာတွေမှာ သတ်ဖြတ်မီးရှို့မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့သတင်းတွေကို အဆက်မပြတ် ရရှိနေပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကိုင်းတိုင်းက အဓိကလမ်းမကြီးတွေကို ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။

“လွတ်မြောက်နယ်မြေဖြစ်ဖို့ဆိုရင် လမ်းမတွေကို ကိုယ့်ဘက်က ဘယ်လောက် စိုးမိုးနိုင်သလဲဆိုတာ အရေးကြီးတာပေါ့။ မန္တလေးကနေပြီး ကချင်ကိုဆက်သွယ်တဲ့ မန္တလေး-ရွှေဘို-မြစ်ကြီးနား ရထားလမ်း စစ်ကောင်စီ လုံးဝ သုံးလို့မရတော့ဘူး။ နောက် မန္တလေး-ရွှေဘို-မြစ်ကြီးနား ဗျုဟာလမ်းခေါ်တာပေါ့။

အဲဒီဗျုဟာလမ်းဆိုရင်လည်း ရွှေဘိုက အထွက်ကို စစ်ကောင်စီသုံးလို့ မရတော့ဘူး။ စစ်ကောင်စီရဲ့ လမ်းမ စိုးမိုးမှုက စစ်ကိုင်းအထွက် အုန်းတောလောက်ပဲရှိတော့တာ။ အုန်းတော လွန်သွားတယ်ဆိုရင်ကို သူ စိတ်မချရတော့ဘူး။ အုန်းတောနဲ့ ရွှေဘိုကြား၊ အုန်းတောနဲ့ မုံရွာကြား တောက်လျှောက် ဖြတ်တိုက်တာတွေက။

ကျနော်တို့လည်း အပြည့်အဝ စိုးမိုးနိုင်တဲ့ လမ်းပိုင်းတော့ မဟုတ်သေးဘူး။ သို့သော် စစ်ကောင်စီလည်း လုံလုံခြုံခြုံ မဖြတ်နိုင်တော့ဘူး အဲဒီလမ်းတွေက။ ရွှေဘို အထွက်ဆိုရင် စစ်ကောင်စီ လုံးဝ မစိုးမိုးနိုင်သလောက်ဖြစ်သွားပြီ။ ကျနော်တို့ အဲဒီလမ်းမ ၈ဝ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်နေပြီ။ အုန်းတောနဲ့ မုံရွာကြားဆိုရင်လည်း ချောင်းဦးတို့ မြင်းမူတို့က တောက်လျှောက် ဖြတ်တိုက်နေတာ။

အဲ့တော့ မုံရွာက ထွက်သွားပြီဆိုရင် အိန္ဒိယနယ်စပ်ကို ဆက်သွယ်တာ လမ်း ၃ မျိုး ရှိတယ်။ မဟာမြိုင်လမ်း။ မဟာမြိုင်လမ်းဆိုတာ မုံရွာ-ဘုတလင်-ရေဦး-တန့်ဆည်ကနေ ကလေးဝကို ချိတ်တဲ့လမ်း။ မဟာမြိုင်တောကို ဖြတ်သွားတဲ့လမ်း။ အဲဒီလမ်းဆိုရင် စစ်ကောင်စီ လုံးဝ မသုံးနိုင်တော့ဘူး။ တန့်ဆည်လွန်ပြီဆိုတာနဲ့ လမ်းဘေးဝဲယာမှာကို PDF တွေက တိုက်ချပြီး၊ စိုးမိုးထားတဲ့အနေအထား။ နောက် ဒီဘက် ချင်းတွင်းမြစ်ကို ကူးမယ်ဆိုရင် ၂ နေရာမှာ သူတို့ စိုးမိုးထားတယ်။

တခုကတော့ ချင်းတွင်းမြစ်ကူးတံတားကို စိုးမိုးထားတယ်။ နောက် ဒီဘက်က လက်ပံတောင်းစီမံကိန်းဧရိယာ။ ဒီ ၂ နေရာလောက်ပဲ စစ်ကောင်စီ စိုးမိုးနိုင်တာ။ လက်ပံတောင်းကို လွန်ပြီဆိုတာနဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းဆိုတာ ရှိတယ်။ အဲဒီ ယာကြီး-ကလေးဝ လမ်းဆိုရင်လည်း လက်ပံတောင်းကို လွန်တာနဲ့ ကျနော်တို့ ရဲဘော်တွေက ၉ဝ ရာခိုင်နှုန်းလောက် စိုးမိုး ထားတာ။

နောက်ထပ် တစ်လမ်းရှိသေးတယ်။ ဂန့်ဂေါကိုဖြတ်သွားတဲ့လမ်း မုံရွာ-ပုလဲ-ကလေး-ဂန့်ဂေါလမ်း။ အဲဒီလမ်းဆိုရင်လည်း ပုလဲလွန်တာနဲ့ သူတို့ ဖြတ်လို့ မရတော့ဘူး။ အဲ့တော့ လမ်းမကြီးတွေကိုတော့ စစ်ကိုင်းတိုင်းထဲမှာ ကျနော်တို့ ကောင်းကောင်း စိုးမိုးထားနိုင်ပြီလို့ ပြောလို့ရတယ်။”

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်ကိုင်းတိုင်းက ဖြစ်ပေါ်တိုးတက်မှုတွေဟာ တစ်ပြည်လုံးရဲ့ နွေဦးတော်လှန်ရေးကို ရောင်ပြန်ဟပ်နေတယ်လို့ ဝေဖန်ပါတယ်။

“စစ်ကိုင်းတိုင်းကနေ မကွေးနဲ့ ချင်းပြည်နယ်ကို သွားတဲ့လမ်းတွေ အားလုံးကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေ မသုံးနိုင်တော့ဘူး။ သူတို့ အခု ဘာသုံးနေရလဲဆိုတော့ လေကြောင်းကနေ စစ်သားတွေ ပို့နေရတဲ့ အခြေအနေ အခုက စစ်ကိုင်းမှာကလည်း PDF တွေက တိုးပွားလာတဲ့အပြင် အခု ဒေသအုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စမှာ အလွန်ကို တက်ကြွစွာ ဖန်တီး တည်ဆောင်နိုင်တဲ့ အခြေအနမှာ ရှိတယ်။

အဲ့ဒီအခြေအနေသာ ဆက်ပြီး တိုးပွားသွားမယ်ဆိုရင် ကျနော်တို့ နွေဦးတော်လှန်ရေး အောင်ပွဲဟာ မကြာမီ ရောက်ရှိတော့မယ်ဆိုတာကို ပြည်သူလူထု မျှော်လင့်နေတယ်ဆိုတာ ပြောကြားပါရစေ။”

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း PDF တွေ လက်နက်ချဖို့ စစ်ကောင်စီက ကမ်းလှမ်းမှုနဲ့ ပတ်သက်လို့တော့ စစ်မှန်တဲ့ PDF တွေအနေနဲ့ အဲဒီကိစ္စကို စိတ်ပါဝင်စားခြင်း မရှိပါဘူးလို့ ဦးရည်မွန် က ပြောကြားပါတယ်။

“တကယ်ကို ခံယူချက်ရှိလို့ လုပ်နေတဲ့သူတွေ အများကြီးလည်း ပေးဆပ်ပြီးသားတွေအနေနဲ့ လွယ်လွယ် တော်လှန်ရေးကို စွန့်ခွာသွားမယ်ဆိုတာကတော့ မရှိသလောက် ရှားပါတယ်။ တချို့ PDF အတုအယောင်တွေတော့ ရှိနိုင်တာပဲလေ။ သူတို့ဖန်တီးထားတဲ့ PDF အတုအယောင်တွေကော PDF အတုတွေကတော့ ရှိသင့်သလောက် ရှိနေတာ။

လူသတ်မှုတွေ ဓားပြမှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ PDF နာမည်ခံပြီး လုပ်နေတဲ့ အဖွဲ့တချို့တောင် ပေါ်နေပြီ။ အဲဒီလိုမျိုးရှိလို့ ကျနော်တို့ နည်းနည်း ကိုင်တွယ်နေရတာရှိတယ်။ အဲဒါမျိုးတွေကတော့ အနည်းအကျဉ်းတော့ ရှိတယ်။ တကယ့် PDF တွေကတော့ အဲလိုမျိုး အလုပ်တွေ လုပ်မှာ မဟုတ်ပါဘူး။ PDF တော့ မဟုတ်ဘူး။ အမတ်တစ်ယောက်တော့ လက်နက်ချပြီး ခွာသွားတာ ရှိတယ်။ စစ်ခေါင်းဆောင်ဆီ ခိုလှုံသွားတာ ရှိတယ်။ ဒီရက်ပိုင်းမှာ။”

ဒီလပိုင်းတွေအတွင်း စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံအနှံ့အပြားက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက လူသတ်မီးရှို့နေမှုတွေနဲ့ ပတ်သက်ပြီး လတ်တလောမှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ကျေးရွာတွေအတွင်း ဝင်ရောက်လာခြင်း မရှိအောင် မိမိတို့တပ်ဖွဲ့တွေအနေနဲ့ ထိထိရောက်ရောက် တားဆီးနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့ အလေးအနက်ထား ကြိုးစားနေပါတယ်လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

RFA