Local News
အများပြည်သူသုံးသောက်ရေကန်ကိုမှ လုပ်ရက်ကြတာ
မကွေးတိုင်း၊ ဆောမြို့နယ် အကြည်ရွာတွင်နေထိုင်တဲ့ ပြည်သူများဟာ ဗိုက်နာ၊ ဝမ်းပျက် ဝမ်းလျှော်ဖြစ်လို့ ရေတွင်းကို သန့်ရှင်းရာ
စစ်ကောင်စီတပ်များကချထားတဲ့ အသုံးမပြုရသေးသော လက်နက်ကြီးကျည်များကို ဇွန် ၂၁ ရက်ကတွေ့ရှိတယ်လို့သတင်းရရှိပါတယ်
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ(၂၂)ရက်ဝန်းကျင်က ကျောက်ထု-ပခုက္ကူမြို့ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးကင်းယူထားတဲ့
စစ်ကောင်စီတပ်သားတွေဟာ ဆောမြို့နယ် အကြည်ရွာမှာစခန်းချစဉ် ပြည်သူများအသုံးပြုတဲ့ ရေတွင်း ၂ ခုတွင် လက်နက်ကြီးကျည်ချထားခြင်းဖြစ်တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ရွာထဲမှာ စစ်ကောင်စီတပ်သားတွေ စခန်းလာချလို့ ရွာသားအားလုံးလည်း ဘေးလွတ်ရာသို့တိမ်းရှောင်ကြပြီး စစ်ကောင်စီတပ်သားတွေပြန်လှည့်ပြီးနောက် ရွာသားတွေလည်း ရွာထဲသို့ပြန်ဝင်လာခဲ့ပါတယ်။
ရွာသားတွေဟာ အဲ့ဒီရေတွင်းထဲက ရေတွေကိုသောက်သုံးကြာရာ ဗိုက်နာ၊ ဝမ်းပျက်ဝမ်းလျှော်ဖြစ်ကြတာကြောင့် ရေတွင်းကိုသန့်ရှင်းရေးလုပ်တဲ့ချိန်မှာ အခုလို လက်နက်ကြီးကျည်တွေတွေ့ရှိခဲ့တာဖြစ်တယ်။ Crd- Zalen