Local News

ဆယ်တန်းကျောင်းသား ၁ ဦးကို အတန်းဖော် ၃ ဦးက

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕ အ.ထ.က (၂) ေက်ာင္းမွာ ဇြန္လ ၂၁ ရက္က ဆယ္တန္းေက်ာင္းသား တေယာက္ကို အတန္းတူေက်ာင္းသားသုံးေယာက္က ႀကိဳးနဲ႔တုပ္ဖမ္းဆီး အနိုင္က်င့္ခဲ့တယ္လို႔ ေက်ာင္းသားရဲ့ ဖခင္ျဖစ္သူက ေျပာပါတယ္။

ခ်ဳပ္ေႏွာင္ဖမ္းဆီးခံရသူဟာ ေရႊဇားေက်းရြာေန ေက်ာင္းသား အာဇိမ္ခါန္း ျဖစ္ၿပီး သူ႔ကို ႀကိဳးနဲ႔တုပ္ခဲ့သူေတြကေတာ့ ၿမိဳ႕မေတာင္ရပ္ကြက္ေန အဒူေရာ္မန္နဲ႔ သူ႔ရဲ့ သူငယ္ခ်င္း ႏွစ္ေယာက္တို႔ ျဖစ္ၾကပါတယ္။

စာမသင္တဲ့ ေက်ာင္းခန္းအလြတ္ထဲမွာ အဒူေရာ္မန္ အပါအဝင္ သူငယ္ခ်င္း ၃ ေယာက္က အာဇိမ္ခါန္းကို ဖမ္းဆီးၿပီး ပါးစပ္၊ ေျခ၊ လက္ေတြကို ႀကိဳးနဲ႔ခ်ည္ေႏွာင္ကာ ဆာလာအိတ္ထဲ ထည့္ၿပီး ဝွက္ထားၾကတာျဖစ္တယ္လို႔ ကာယကံရွင္ျဖစ္သူက ေျပာပါတယ္။

အာဇိမ္ခါန္းရဲ့ ဖခင္ျဖစ္သူ ႏု႐ုလ္ေဟာက္က “က်ေနာ့္သားကို သူတို႔က ႀကိဳးေတြခ်ည္ေႏွာင္ၿပီး အိပ္မွာ ထည့္ဝွက္ထားၾကတာ။ ေက်ာင္းလႊတ္လို႔ သူ႔ကိုရွာလို႔မရတဲ့ သူငယ္ခ်င္းတစ္ေယာက္က ဆရာ၊ ဆရာမေတြကို သြားတိုင္လို႔ လိုက္ရွာၾကတဲ့အခါမွေတြ႕ၾကတာ။ ဘယ္လိုရည္ရြယ္ခ်က္နဲ႔ လုပ္တာလဲေတာ့ မသိဘူး။ ေနာက္ဆယ္မိနစ္ေလာက္ ရွာမေတြ႕ရင္ ေသသြားနိုင္တယ္”လို႔ ေျပာပါတယ္။

အဆိုပါေက်ာင္းသားေတြဟာ အ.ထ.က(၂) ဒသမတန္း E အခန္းမွာ တခန္းတည္းအတူ ပညာသင္ယူေနၾကသူေတြျဖစ္ၿပီး အခုလို အနိုင္က်င့္ခံေနရတာၾကၿပီ ျဖစ္တယ္လို႔ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရသူ အာဇိမ္ခါန္းက ေျပာပါတယ္။

“သူတို႔က မိဘခ်မ္းသာတယ္ဆိုၿပီး က်ေနာ့္ကို အုပ္စုဖြဲ႕ၿပီး အနိုင္က်င့္ေနၾကတာ ၾကာပါၿပီ။ ဆရာ၊ ဆရာမေတြကိုတိုင္ရင္ သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္တာေၾကာင္း မတိုင္ဝံ့ခဲ့ပါ။”

အာဇိမ္ခါန္း အခုလို အနိုင္က်င့္ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံခဲ့ရတာ ဟုတ္မွန္ေၾကာင္း အမွတ္ (၂) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးကလည္း အတည္ ျပဳေျပာဆိုပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အ.ထ.က (၂) ေက်ာင္းအုပ္ႀကီးက “တစ္ေယာက္နဲ႔ တစ္ေယာက္ ရန္ျဖစ္ၾကၿပီး ႀကိဳးနဲ႔ခ်ည္ေႏွာင္မႈေတြေတာ့ ရွိခဲ့ပါတယ္။ အဲဒီကိစၥကို ေက်ာင္းစည္းကမ္း ထိန္းသိမ္းေရးအဖြဲ႕ရဲ့ ေက်ာင္းကသတ္မွတ္ထားတဲ့ ျပစ္ဒဏ္ေပးထားပါတယ္။ ေနာက္ေနာင္ အခုလို မျဖစ္လာေစဖို႔ ႀကိဳတင္ တားဆီးမႈေတြ ေဆာင္ရြက္ထားပါတယ္” လို႔ေျပာပါတယ္။

ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရတဲ့ ေက်ာင္းသားမိဘေတြကေတာ့ တဖက္က ခ်မ္းသာတဲ့ ဂုဏ္ရွိန္ေၾကာင့္ သားျဖစ္သူကို ထပ္မံရန္ၿငိဳးထားၿပီး အသက္အႏၲရာယ္ျပဳလုပ္လာမွာကို စိုးရိမ္ေနၾကပါတယ္။source-DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အ.ထ.က (၂) ကျောင်းမှာ ဇွန်လ ၂၁ ရက်က ဆယ်တန်းကျောင်းသား တယောက်ကို အတန်းတူကျောင်းသားသုံးယောက်က ကြိုးနဲ့တုပ်ဖမ်းဆီး အနိုင်ကျင့်ခဲ့တယ်လို့ ကျောင်းသားရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

ချုပ်နှောင်ဖမ်းဆီးခံရသူဟာ ရွှေဇားကျေးရွာနေ ကျောင်းသား အာဇိမ်ခါန်း ဖြစ်ပြီး သူ့ကို ကြိုးနဲ့တုပ်ခဲ့သူတွေကတော့ မြို့မတောင်ရပ်ကွက်နေ အဒူရော်မန်နဲ့ သူ့ရဲ့ သူငယ်ချင်း နှစ်ယောက်တို့ ဖြစ်ကြပါတယ်။

စာမသင်တဲ့ ကျောင်းခန်းအလွတ်ထဲမှာ အဒူရော်မန် အပါအဝင် သူငယ်ချင်း ၃ ယောက်က အာဇိမ်ခါန်းကို ဖမ်းဆီးပြီး ပါးစပ်၊ ခြေ၊ လက်တွေကို ကြိုးနဲ့ချည်နှောင်ကာ ဆာလာအိတ်ထဲ ထည့်ပြီး ဝှက်ထားကြတာဖြစ်တယ်လို့ ကာယကံရှင်ဖြစ်သူက ပြောပါတယ်။

အာဇိမ်ခါန်းရဲ့ ဖခင်ဖြစ်သူ နုရုလ်ဟောက်က “ကျနော့်သားကို သူတို့က ကြိုးတွေချည်နှောင်ပြီး အိပ်မှာ ထည့်ဝှက်ထားကြတာ။ ကျောင်းလွှတ်လို့ သူ့ကိုရှာလို့မရတဲ့ သူငယ်ချင်းတစ်ယောက်က ဆရာ၊ ဆရာမတွေကို သွားတိုင်လို့ လိုက်ရှာကြတဲ့အခါမှတွေ့ကြတာ။ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲတော့ မသိဘူး။ နောက်ဆယ်မိနစ်လောက် ရှာမတွေ့ရင် သေသွားနိုင်တယ်”လို့ ပြောပါတယ်။

အဆိုပါကျောင်းသားတွေဟာ အ.ထ.က(၂) ဒသမတန်း E အခန်းမှာ တခန်းတည်းအတူ ပညာသင်ယူနေကြသူတွေဖြစ်ပြီး အခုလို အနိုင်ကျင့်ခံနေရတာကြပြီ ဖြစ်တယ်လို့ ဖမ်းဆီးချုပ်နှောင်ခံရသူ အာဇိမ်ခါန်းက ပြောပါတယ်။

“သူတို့က မိဘချမ်းသာတယ်ဆိုပြီး ကျနော့်ကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်နေကြတာ ကြာပါပြီ။ ဆရာ၊ ဆရာမတွေကိုတိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာကြောင်း မတိုင်ဝံ့ခဲ့ပါ။”

အာဇိမ်ခါန်း အခုလို အနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာ ဟုတ်မှန်ကြောင်း အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း အတည် ပြုပြောဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အ.ထ.က (၂) ကျောင်းအုပ်ကြီးက “တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ကြပြီး ကြိုးနဲ့ချည်နှောင်မှုတွေတော့ ရှိခဲ့ပါတယ်။ အဲဒီကိစ္စကို ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ရဲ့ ကျောင်းကသတ်မှတ်ထားတဲ့ ပြစ်ဒဏ်ပေးထားပါတယ်။ နောက်နောင် အခုလို မဖြစ်လာစေဖို့ ကြိုတင် တားဆီးမှုတွေ ဆောင်ရွက်ထားပါတယ်” လို့ပြောပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံရတဲ့ ကျောင်းသားမိဘတွေကတော့ တဖက်က ချမ်းသာတဲ့ ဂုဏ်ရှိန်ကြောင့် သားဖြစ်သူကို ထပ်မံရန်ငြိုးထားပြီး အသက်အန္တရာယ်ပြုလုပ်လာမှာကို စိုးရိမ်နေကြပါတယ်။source-DVB