Local News

ကုန်းလမ်းမသွားရဲလို့ ရေလမ်းပြောင်းကုန်ပြီ

ကုန္းလမ္းမသြားရဲလို႔ ေရလမ္းေျပာင္းကုန္ၿပီ

PDF ေတြရဲ့ မိုင္းဆြဲတိုက္ခိုက္မႈေတြေၾကာင့္ စစ္ေကာင္စီတပ္ေတြ တနသၤာရီတိုင္းမွာ ေရလမ္းကိုပိုအသုံးျပဳလာ

Z Fighter June 23
တနသၤာရီတိုင္းထဲက လမ္းမေတြေပၚမွာ ျပည္သူ႔ကာကြယ္ေရးတပ္ေတြရဲ့မိုင္းဆြဲတိုက္ခိုက္မႈေတြေၾကာင့္ စစ္ေကာင္စီတပ္ေတြဟာ ေရေၾကာင္းခရီးကို ပိုၿပီးအသုံးျပဳလာတာကို ေတြ႕ေနရပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႕ေတြဟာ ကမ္းရိုးတန္းေဒသျဖစ္တဲ့ တနသၤာရီတိုင္းက တခ်ိဳ႕ၿမိဳ႕နယ္ေတြကို ဝင္ေရာက္တဲ့အခါမွာ စစ္သေဘၤာေတြအသုံးျပဳၿပီး ဝင္ေရာက္လာတာေတြရွိသလို ငါးဖမ္းစက္ေလွ၊ Speed Boat ေတြနဲ႔ ျမစ္ေခ်ာင္းေတြကတဆင့္ ဝင္ေရာက္၊ သြားလာေနၾကပါတယ္။

အဲဒီလိုသြားလာတဲ့ေနရာမွာ ေဒသခံေတြရဲ့ငါးဖမ္းေလွေတြကိုလည္း ေခ်ာဆြဲပီးအသုံးျပဳေနၾကတာေတြ ရွိတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

“အခုေလာင္းလုံးမွာ စစ္ေၾကာင္းထိုးေနတဲ့အခ်ိန္ ေရလမ္းကို ပိုသုံးေနတာ” လို႔ ေလာင္းလုံးေဒသခံတစ္ဦးက ေျပာပါတယ္။

ဇြန္လ ၂၀ ရက္က ျပည္သူ႔ပန္းတိုင္အဖြဲ႕မွာ CDM ျပဳလုပ္ခဲ့တဲ့ ကလိန္ေအာင္အေျခစိုက္ ခမရ ၄၀၉ က စစ္သည္ရဲ့ ေျပာဆိုခ်က္အရလည္း စစ္တပ္ဟာ PDF ေတြရဲ့ မိုင္းစစ္ဆင္ေရးေၾကာင့္အဓိကအထိနာေနတယ္ သိရပါတယ္။

ဒါေၾကာင့္ စစ္ေကာင္စီတပ္ေတြဟာ ကုန္းေၾကာင္းသြားလာမႈေတြကိုေလၽွာ့ခ်လာတဲ့အျပင္ ကုန္းလမ္းကသြားတဲ့အခ်ိန္ေတြမွာ လမ္းတစ္ေလၽွာက္ လက္နက္ႀကီး၊

လက္နက္ငယ္ေတြနဲ႔ရမ္းသမ္းပစ္ခတ္တာေတြ၊ ကားေတြအေရွ႕ကေန စစ္သားေတြကို ေျခလ်င္ေလၽွာက္ခိုင္းတာေတြနဲ႔ ျပည္သူေတြကိုဖမ္းဆီးၿပီး လူသားဒိုင္းျပဳလုပ္တာေတြ လုပ္ေဆာင္ေနၾကပါတယ္။

တနသၤာရီတိုင္းထဲက ေရျဖဴ၊ ထားဝယ္၊ ေလာင္းလုံး၊ သရက္ေခ်ာင္း၊ ပုေလာ၊ ၿမိတ္နဲ႔ တနသၤာရီၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီယာဥ္တန္းနဲ႔စစ္ေၾကာင္းေတြ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြရဲ့ မိုင္းဆြဲတိုက္ခိုက္မႈကို အႀကိမ္ႀကိမ္ခံခဲ့ရဖူးပါတယ္။[The Tanintharyi Times][Z-F]

ကုန်းလမ်းမသွားရဲလို့ ရေလမ်းပြောင်းကုန်ပြီ

PDF တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်တွေ တနင်္သာရီတိုင်းမှာ ရေလမ်းကိုပိုအသုံးပြုလာ

Z Fighter June 23
တနင်္သာရီတိုင်းထဲက လမ်းမတွေပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်တွေဟာ ရေကြောင်းခရီးကို ပိုပြီးအသုံးပြုလာတာကို တွေ့နေရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကမ်းရိုးတန်းဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက တချို့မြို့နယ်တွေကို ဝင်ရောက်တဲ့အခါမှာ စစ်သင်္ဘောတွေအသုံးပြုပြီး ဝင်ရောက်လာတာတွေရှိသလို ငါးဖမ်းစက်လှေ၊ Speed Boat တွေနဲ့ မြစ်ချောင်းတွေကတဆင့် ဝင်ရောက်၊ သွားလာနေကြပါတယ်။

အဲဒီလိုသွားလာတဲ့နေရာမှာ ဒေသခံတွေရဲ့ငါးဖမ်းလှေတွေကိုလည်း ချောဆွဲပီးအသုံးပြုနေကြတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အခုလောင်းလုံးမှာ စစ်ကြောင်းထိုးနေတဲ့အချိန် ရေလမ်းကို ပိုသုံးနေတာ” လို့ လောင်းလုံးဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လ ၂၀ ရက်က ပြည်သူ့ပန်းတိုင်အဖွဲ့မှာ CDM ပြုလုပ်ခဲ့တဲ့ ကလိန်အောင်အခြေစိုက် ခမရ ၄၀၉ က စစ်သည်ရဲ့ ပြောဆိုချက်အရလည်း စစ်တပ်ဟာ PDF တွေရဲ့ မိုင်းစစ်ဆင်ရေးကြောင့်အဓိကအထိနာနေတယ် သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ ကုန်းကြောင်းသွားလာမှုတွေကိုလျှော့ချလာတဲ့အပြင် ကုန်းလမ်းကသွားတဲ့အချိန်တွေမှာ လမ်းတစ်လျှောက် လက်နက်ကြီး၊

လက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေ၊ ကားတွေအရှေ့ကနေ စစ်သားတွေကို ခြေလျင်လျှောက်ခိုင်းတာတွေနဲ့ ပြည်သူတွေကိုဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်တာတွေ လုပ်ဆောင်နေကြပါတယ်။

တနင်္သာရီတိုင်းထဲက ရေဖြူ၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ စစ်ကောင်စီယာဉ်တန်းနဲ့စစ်ကြောင်းတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရဖူးပါတယ်။[The Tanintharyi Times][Z-F]